​နွေဦးထီကံထူးရှင်​တွေကို အခုလတတိယပတ်မှာ အ​ကြောင်းကြား​ပေးမယ်

၆၊ စက်တင်ဘာလ၊ ၂၀၂၁။

အောင်လံလွှင့်ချီ နွေဦးထီ စမ်းသပ်အရောင်းကာလက ကံထူးရှင်တွေကို စက်တင်ဘာ တတိယပတ်မှာ အကြောင်းကြားပေးမယ်လို့ ​​နွေဦးထီမိသားစုက မ​နေ့က ကြေညာခဲ့ပါတယ်။

စမ်းသပ်ရောင်းချမှု Pilot project phase-2 ကို လုံခြုံရေး မြင့်တင်မှု၊ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ဒီ​နေ့ စက်တင်ဘာ ၆ရက်​နေ့ ည​နေ ၄နာရီမှာ ပြန်လည်ရောင်းချမှာဖြစ်တယ်လို့​လည်းဖော်ပြထားပါတယ်။

နွေဦးထီ ဝယ်ယူအားပေးတဲ့ ပြည်သူတွေ အနေနဲ့ လုံခြုံဘေးကင်းစွာနဲ့ နွေဦးထီတွေလက်ဝယ်ရောက်ရှိရေး အတွက် သတိပြုစာတွေကိုလည်း အလေးထား ကူညီလိုက်နာဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။

 

နွေဦးထီကို Order မှာယူပြီးချိန်မှာ Secret Code ဆိုတာကို မြင်ရမှာ ဖြစ်ကြောင်း၊ Secret Code ဟာ ဝယ်ယူလိုသူ ပြည်သူနဲ့ နွေဦးထီ Agents တွေအကြား ဆက်သွယ်ဖို့ တစ်ခုတည်းသော လျှို့ဝှက်အမှတ် အသားဖြစ်တာကြောင့် ဘယ်သူ့မှ မပြဘဲ မိမိတစ်ဦးတည်း သိမ်းထားဖို့ ဖြစ်တယ်ဆိုတာ ရှင်းပြထားပါတယ်။

အခုအခါမှာ နွေဦးထီ Agent ဆိုပြီး ငွေလိမ်လည်ယူနေသူတွေ ရှိတဲ့အပြင် ပြည်သူတွေရဲ့ လုံခြုံရေးကိုလဲ ထိခိုက်နိုင်လို့ အထူးသတိထားကြဖို့လည်း အသိ​ပေးထားပါတယ်။

Facebook မှာလည်း အောင်လံလွှင့်ချီ နွေဦးထီ Blue Marked Page တစ်ခုတည်းကိုသာ အသုံးပြုကြဖို့ အထူးသတိပေးထားပြီး အခြားသော နာမည်တူ Facebook Page တွေကို မှားယွင်း ဆက်သွယ်မှုတွေ မလုပ်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အောင်လံလွှင့်ချီ နွေဦးထီ အမှာရရှိမှု များပြားတာနဲ့ လုံခြုံရေး ဦးစားပေး ဆောင်ရွက်ရတာ ကြောင့် ထီလက်မှတ် အမှာစာပို့ထားသူတွေကို အကြောင်းပြန်ကြားရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့ရင် အနူးအညွတ် တောင်းပန်တဲ့ အကြောင်းလည်း နွေဦးထီ မိသားစုက ထုတ်ပြန်ထားပါတယ်။