နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းတို့ ဒီနေ့ည တွေ့ဆုံမယ်

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းတို့ ဒီကနေ့ မေလ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ည ၈နာရီခွဲမှာ တွေ့ဆုံသွားမယ်လို့ အမေရိကတွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာ့အရေးတွေ့ဆုံဆွေးနွေးနိုင်ဖို့ မနေ့က အမေရိကန်နိုင်ငံ ဝါရှင် တန်ဒီစီမြို့ကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ သမ္မတ ဂျိုးဘိုင်ဒမ်ဦးဆောင်ပြီး အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးကို ဝါရှင်တန်ဒီစီမှာ ကျင်းပသွားမှာပါ။
ဒါ့ကြောင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ထိပ်သီးအစည်းအဝေးတက်ဖို့ ရောက်ရှိနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးနိုင်ရေး ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
ဒေါ်ဇင်မာအောင်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဒုဝန်ကြီး အပါ အဝင် အစိုးရ ၊လွတ်တော် တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း ဆိုထားပါတယ်။