ပြည်သူတွေနိုင်မှာဖြစ်လို့ ပြည်သူနဲ့ အတူလက်တွဲပေးဖို့ တက်ရောက်ခွင့်မရလိုက်တဲ့ Global Townhall ဆွေးနွေးပွဲကို NUG တောင်းဆို

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ ကပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ Global Townhall 2022 မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီးတို့ကို ဖိတ်ကြားထားခဲ့ပေမယ့် ပွဲစီစဉ်သူတွေ ဖိအားပေးခံရတာကြောင့် ပွဲကိုတက်ရောက် မိန့်ခွန်းမပြောခဲ့ကြရဘူးလို့ ဒေါ်ဇင်မာအောင်က သူရဲ့ လူမှုကွန်ရက်မှာ မနေ့ နိုဝင်ဘာ ၉ ရက်က ထုတ်ပြောခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်မှာတော့ ဒေါ်ဇင်မာအောင်က သူရဲ့လူမှုကွန်ရက်ကနေတဆင့် ပွဲမှာပြောကြားမယ့် မိန့်ခွန်းကို ထုတ်ပြန်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲဟာ Sustaining Peace and Development in a Divided World” ဆိုတဲ့ ခေါင်းစ်ဟာ လက်ရှိ မြန်မာနိုင်ငံနဲ့ ဆီလျော်ဆက်စပ်မှုမရှိတဲ့ အခြေအနေဖြစ်နေပြီးမြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ အကြမ်းဖက်မှုကြား၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သေနတ်အားကိုး အာဏာအခြေပြုအုပ်ချုုပ်လိုစိတ်တွေကြားမှာရောက်နေတယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က Global Townhall မှာ ပြောခွင့်မရခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းကို ထုတ်ပြန်ပြောကြားပါတယ်။

အပြိုင်အဆိုင်ကွဲလွဲမှုများပိုမိုကြီးထွားလာနေတဲ့ ကမ္ဘာ့အရေးအရာများရဲ့လက်ရှိတူရူချက်မှာ မြန်မာနိုင်ငံလိုနိုင်ငံငယ်လေးတွေရဲ့ ဒီမိုကရေစီ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုတွေဟာ ဖုန်မှုန့်လေးတွေလိုမှေးမှိန်ပျောက်ကွယ်သွားမယ့်အရေးဟာအလွန်ပဲစိုး ရိမ် စရာကောင်းလာပါတယ်လို့ဆက်ပြောပါတယ်။

တရားမဝင်အာဏာသိမ်းမှုနဲ့အတူ လေကြောင်းကနေထိုးစစ်ဆင်တိုက်ခိုက်တာတွေ စစ်တပ်ကို ဆန့်ကျင်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်သတ်ဖြတ်တာတွေကို ပြည်သူတွေဟာ နေ့စ်နဲ့အမျှကြုံတွေ့နေရပေမယ့် စည်းလုံးညီညွတ်မှုအသစ်တွေနဲ့ စစ်တပ်ကိုဆန့်ကျင်ဖို့တူညီတဲ့ဘုံရည်မှန်းချက်တွေရှိတယ်လို့ သူ့ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

‘’ပြည်သူတွေအောင်နိုင်မယ်။ဒါကိုကျွန်မရှင်းရှင်းလင်းလင်းပြောထားချင်ပါတယ်။ကျွန်မတို့ပြည်သူတွေဟာငြိမ်းချမ်းရေးကိုဆောင်ကျဥ်းနိုင်ကြပါလိမ့်မယ်။ ကျွန်မတို့အရင်ကကြုံခဲ့ရတဲ့ အတိုင်း၊ စစ်တပ်ကရွေးကောက်ပွဲကိုလိုသလိုပယ်ဖျက်ဖျက်သိမ်းပစ်နိုင်တဲ့စနစ်မျိုး၊ စစ်မှန်မှုမရှိတဲ့ အခင်းအကျင်း မျိုးတွေဆီကိုတော့ ဘယ်လိုအကြောင်းပြချက်နဲ့ မှပြန်သွားလို့မရပါဘူး။ အဲဒါငြိမ်းချမ်း ရေးမဟုတ်ပါဘူး။ စစ်တပ်ကအစိုးရရဲ့အစိတ်အပိုင်းအများအပြားကိုချုပ်ကိုင်ထားတဲ့စနစ်ဆီကိုလုံး၀ ပြန်သွားမှာ မဟုတ်ပါဘူး။ အဲဒါ ငြိမ်းချမ်းရေးမဟုတ်ပါဘူး။ မှားယွင်းတဲ့အမျိုးသားရေးဝါဒမှိုင်းတွေ အသုံးချပြီးကျွန်မတို့နိုင်ငံကလူမျိုးစုဒေသတွေတစ်လျှောက်မှာစစ်တပ်ကသတ်ဖြတ်၊မုဒိမ်းကျင့် ခြင်းကို လုံး၀ခွင့်မပြုနိုင်ပါဘူး။ အဲဒါဟာငြိမ်းချမ်းရေးမဟုတ်ပါဘူး’’ လို့ Global Townhall မှာ သူပြောကြားမယ့်မိန့်ခွန်းကို အခုလိုထုတ်ပြန်လာပါတယ်။

မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှုအောင်ပွဲဟာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ကိုမြှင့်တင်ခြင်းအားဖြင့် ဒေသတွင်းနဲ့ကမ္ဘာကြီးဆီကိုသက်ရောက်စေမှာဖြစ်လို့ လက်တွဲ ချိတ်ဆက်ပူးပေါင်းပေးဖို့ မေတ္တာရပ်ခံတောင်းဆိုကြောင်း သူရဲ့မိန့်ခွန်းကို ဒီကနေ့ နိုဝင်ဘာ ၁၀ မှာထုတ်ပြန်လိုက်တာတွေ့ရပါတယ်။