စျေးကွက်အတွင်း ရေဒီယိုရောင်းအား စံချိန်တင်မြင့်တက်

၂၀၊ ဩဂုတ်လ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ပြန်ကြားရေးမီဒီယာတစ်ခုဖြစ်တဲ့ NUGရေဒီယိုချန်နယ်ကို ဒီကနေ့ ဩဂုတ်လ ၂၀ရက်နေ့ မနက်ပိုင်းမှာ စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ပြီးနောက် စျေးကွက်အတွင်းမှာ ရေဒီယိုရောင်းအား စံချိန်တင်မြင့်တက်ခဲ့ပြီး လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ ရေဒီယိုတွေ ပြတ်လပ်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။

“10 Band Digital Radioရေဒီယို အမျိုးအစားမှ ရမယ်ဆိုပြီး မနည်းရှင်းပြရတယ်၊ ဆိုင်ဖွင့်ရချိန်က ကန့်သတ်ထားတော့ မနက်အစောပိုင်းထဲက လာဝယ်ကြတာ မနည်းဘူး၊ Kchibo အမျိုးအစားတွေ အကုန်ကုန်တာပဲ၊ စျေးကတော့ ၈ထောင်လောက်ကနေ ၂သောင်းလောက်ထိရှိကြတယ်လေ၊ အချို့စက်တွေကျ စတစ်ထိုးလို့ရတာ ကဒ်ထိုးလို့ရတာတွေရော အစုံပါတာမျိုးရှိတော့ စျေးမြင့်တာပေါ့၊ အကုန်လုံး ရသမျှဝယ်မယ်ဆိုတာချည်းပဲ၊ NUGက မနေ့က ကြေညာလိုက်ထဲက သိတယ် အခုလို လာဝယ်တော့မယ်ဆိုတာ ဆိုင်တွေမှာ ရေဒီယိုဆိုတာ အများကြီးတင်ထားတာ မဟုတ်တော့ ပစ္စည်းတွေပြတ်ပြီး စျေးမတက်ရအောင် ချက်ခြင်း အော်ဒါပြန်တင်မှာထားတယ်၊ ဒီမနက်တော့ သတင်းကြားတယ် တချို့ဆိုင်တွေကို စစ်တပ်က ပြသနာရှာနေတယ်ဆိုတာ၊ ဘယ်လိုဖြစ်ဖြစ် ရောင်းပေးရမှာပဲ ပြည်သူတွေအတွက် လိုအပ်လာမဲ့အရာမို့”လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကပြောပါတယ်။

NUG ရေဒီယိုအစီအစဉ်ကို လှိုင်းတိုမီတာ (SW)၁၆ကနေ ထုတ်လွှင့်မှာဖြစ်ပြီး ကြိမ်နှုန်း ၁၇.၇၁မက်ဂါဟတ်ကနေ မနက်၈နာရီမှာ တစ်ကြိမ် ည၈နာရီမှာတစ်ကြိမ် ဖမ်းယူနားဆင်နိုင်မှာဖြစ်ပါတယ်။

ဩဂုတ်လ ၂၀ရက်နေ့ မနက်မှာတော့ NUGရေဒီယိုက ပထဆုံးအကြိမ်အဖြစ် စမ်းသပ်ထုတ်လွှင့်ခဲ့တဲ့ နာရီဝက်ကြာ ရေဒီယိုအစီအစဉ်တွေထဲမှာတော့ သတင်းတွေ၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာထုတ်ပြန်တာတွေနဲ့အတူ ခွန်အားမျှပေးစာကဏ္ဍ၊ နွေဦးအနုပညာတင်ဆက်မှု၊ CDMတို့၏အသံများကဏ္ဍ၊ PDF ဂုဏ်ပြု့တေးသီချင်းတင်ဆက်မှု့ စတဲ့အစီအစဉ်တွေကို ထုတ်လွှင့်ခဲ့တာပါ။

Delta News Agency

Read Previous

အသုတ်မြို့မှာ NLDရပ်ကျေးဥက္ကဌတွေကို စစ်အုပ်စုက အကြောင်းမဲ့ဖမ်းဆီး

Read Next

တောင်သာမြို့ စံဦးရွာမှာ စစ်အုပ်စု အပြစ်မဲ့ပြည်သူလေးဦးကို ရိုက်နှက်ဖမ်းဆီး

Most Popular