အသုတ်မြို့မှာ NLDရပ်ကျေးဥက္ကဌတွေကို စစ်အုပ်စုက အကြောင်းမဲ့ဖမ်းဆီး

၂၀ ၊ ဩဂုတ်လ ၊ ၂၀၂၁။

အသုတ်မြို့မှာ ဩဂုတ်လ ၁၈ရက်နဲ့ ၁၉ရက်ညတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရပ်ကျေးဥက္ကဌအချို့ကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။

ဩဂုတ်လ ၁၈ရက်နေ့ညပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမှတ်(၃)ရပ်ကွက် ဥက္ကဌနဲ့ အမှတ်(၄)ရပ်ကွက် ဥက္ကဌကို အကြောင်းပြချက်မရှိဘဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဩဂုတ် ၁၉ရက်နေ့ ညပိုင်းမှာတော့ အမှတ်(၅)ရပ်ကွက် ဥက္ကဌနဲ့ ပါတီဝင် နှစ်ဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးခဲ့ပါတယ်။

“ဒလန်အသတ်ခံရပြီးထဲက တွေ့သမျှ တရားခံခေါင်းစဉ်တပ်ဖို့ သူတို့လိုက်ဖမ်းနေတာ၊ လက်နက်မဲ့ ပြည်သူတစ်ယောက်ကို လာဖမ်းတာ အယောက် ၅၀လောက်ရှိတယ်၊ ဆဲဆိုပြီး ရိုက်နှက်ပြီး ဖမ်းသွားတာ ညဖက်ကျမှ သူတို့က လုပ်တာ”လို့ အမှတ်(၂) ရပ်ကွက် ဒေသခံတစ်ဦးကပြောပါတယ်။