တောင်သာမြို့ စံဦးရွာမှာ စစ်အုပ်စု အပြစ်မဲ့ပြည်သူလေးဦးကို ရိုက်နှက်ဖမ်းဆီး

၂၀၊ ဩဂုတ်လ၊ ၂၀၂၁။

တောင်သာမြို့နယ် စံဦးကျေးရွာမှာ ဩဂုတ်လ၂၀ရက်နေ့ မနက် ၄နာရီခန့်က အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၅၀၅၀(ခ)နဲ့ မတရားအမှုဖွင့်ခံထားရသူ ကိုဇော်ထွေးကို အင်အားတစ်ရာကျော်နဲ့ လာရောက်ဖမ်းဆီးရာမှာ မတွေ့ရှိရတာကြောင့် အပြစ်မဲ့ပြည်သူ လေးဦးကို သေနတ်ပစ်ဖောက်ကာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာက အုပ်ကြီးက ဒလန်လေ သူက သတင်းပေးတာ ရွာက PDFတွေကိုဖွက်ထားတယ် ကိုဇော်ထွေးနဲ့လည်း ပက်သက်နေတယ်ဆိုပြီး

မဟုတ်သတင်းပေးလို့ လာဖမ်းတာ၊ သူ့ကိုမတွေ့တော့ သူ့အမျိုးတွေနဲ့ သူငယ်ချင်းတွေကို ရိုက်နှက်ပြီးတော့ ဖမ်းသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မတရားဖမ်းဆီးခြင်းခံခဲ့ရသူတွေကတော့ ဦးလှဌေး၊ ဦးမင်းသူဟိန်းနဲ့ ဦးဟိန်းစိုးတို့ဖြစ်ပြီး တောင်သာရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Delta News Agency

Read Previous

စျေးကွက်အတွင်း ရေဒီယိုရောင်းအား စံချိန်တင်မြင့်တက်

Read Next

ရေပြစ်ကြီးရွာက သေနတ်ကိုင်ခွင့်ရထားတဲ့ ဒလန် ဓားနဲ့ခုတ်အသတ်ခံရ