မိုးကုတ်မှာ မြေပြိုလို့ အိမ်တွေပျက်စီး

၂၄၊ ဩဂုတ်လ၊ ၂၀၂၁။

ဒီနေ့ ဩဂုတ်လ ၂၄ရက်နေ့ မနက် ၆နာရီ မိနစ် ၄၀ လောက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်၊ အောင်သစ်လွင်ရပ်ကွက်မှာ မြေပြိုမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်အရ သိရပါတယ်။

လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေပြီး ထိခိုက်ဆုံးရှုံးမှု အခြေအနေကိုတော့ တိတိကျကျမသိရသေးပါဘူး။

အခုလလည်ပိုင်းကလည်း မိုးကုတ်မြို့မှာ မိုးသည်းပြီးနောက် မြေပြိုမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၄ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။