ပုသိမ်မြို့ စီးပွါးရေးဘဏ်ရှေ့က စစ်အုပ်စုလုံခြုံရေးဘန်ကာရှေ့ ဗုံးပေါက်

၂၄၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့ မဟာစေတီလမ်းပေါ်မှာရှိတဲ့ မြန်မာ့ စီးပွါးရေးဘဏ်ရှေ့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဘန်ကာအနီးမှာ ဩဂုတ်လ ၂၄ရက်နေ့ နံနက် ၇နာရီ ၃၀မိနစ်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။

“အသံတော့ သိပ်မကျယ်ဘူး၊ စစ်သားတွေ ၄ယောက်လောက် နည်းနည်းထိသွားတယ်၊ စစ်ကားတွေ ထပ်ရောက်လာပြီး ပိတ်စစ်နေတယ်၊ အနီးနားမှာ CCTV ဘယ်မှာတပ်ထားလဲဆိုတာပါ လိုက်မေးပြီးတော့ လိုက်တောင်းနေတယ်၊ ကမ်းနားလမ်းကို အခုပိတ်စစ်နေတယ်”လို့ အနီးဝန်းကျင်နေထိုင်သူ တစ်ဦးကပြောပါတယ်။

 

အခုပေါက်ကွဲမှုဟာ ပုသိမ်မြို့ပြတော်လှန်ရေးပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အတည်ပြုထုတ်ပြန်ထားပါတယ်။

ပုသိမ်မြို့မှာ ဗုံးပေါက်ကွဲတာဟာ အခုဖြစ်စဉ်ပါ အပါအဝင် ၁၂ကြိမ်ထိ ရှိလာပြီး၊ ပုသိမ်မြို့က ဒလန်စာရင်းတွေကိုလည်း မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။