ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၃ဦးသေဆုံး 

၂၄၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၂၄ရက်နေ့က ကိုဗစ်လူနာ (၃)ဦးသာသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ဒီနေ့မှာပုသိမ်ဆေးရုံကနေ သေဆုံးသူ(၁)ဦးနဲ့နေအိမ်တွေကနေသေဆုံးသူ(၂)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၈၉)ဦးအပါအ၀င် စုစုပေါင်း (၁၀၉၉)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

ပုသိမ်မြို့ စီးပွါးရေးဘဏ်ရှေ့က စစ်အုပ်စုလုံခြုံရေးဘန်ကာရှေ့ ဗုံးပေါက်

Read Next

သတင်းပေးဒလန်တွေကို ဆုငွေချီးမြှင့်ဖို့ စစ်အုပ်စု ကောင်စီဝင်တွေ တောင်းဆို