စစ်အာဏာရှင်ဆန့်ကျင်သူတွေကို ကူညီမယ်လို့ KNLA စစ်ဦးစီးချုပ်ဆို

၅၊ စက်တင်ဘာလ၊ ၂၀၂၁။

စစ်အာဏာရှင်အစိုးရကို လက်မခံနိုင်တာကြောင့် ဆန့်ကျင်သူတွေကို ကူညီသွားမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက Salween Press မီဒီယာမှာ ဖြေကြားထားပါတယ်။

“မြန်မာတစ်နိုင်ငံလုံးကပြည်သူတွေ စစ်အာဏာရှင်ကို လက်မခံတဲ့အတွက် ကျွန်တော်တို့လက်ခံစရာအကြောင်းမရှိဘူး။ နိုင်ငံတကာကလည်း သူတို့ကိုမယုံကြည်ဘူး။ ဗမာတိုင်းရင်းသားတောင် သူတို့ကို မထောက်ခံဘူး၊ စစ်အာဏာရှင်ကိုဆန့်ကျင်သူတွေကို ကူညီမှရမယ်။ အဲ့ဒါမှ အာဏာရှင်စနစ်ပြိုလဲမယ်။ ဒါကျွန်တော်တို့လည်းသိတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း လုပ်ရမယ်”လို့ ဗိုလ်ချုပ်ကြီး စောဂျော်နီက Salween Pressကို ပြောကြားထားပါတယ်။


စစ်အာဏာရှင်စနစ်မပြိုလဲသေးတဲ့အတွက် အာဏာရှင်တွေကို အထင်မသေးဖို့၊ စစ်အာဏာရှင်စနစ် မကျဆုံးသေးတာဟာ တိုင်းရင်းသားအဖွဲ့တွေကြားမှာ ညီညွှတ်မှုအားနည်းသေးတဲ့အကြောင်းအရင်းတစ်ခုဖြစ်နေပြီး စစ်အာဏာရှင်ကို အလိုမရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ဗိုလ်ချုပ်ကြီး စောဂျော်နီက ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကလည်း ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို မြှင့်တင်ရန် ခိုင်မာသောကတိက၀တ်နဲ့ လိုက်နာဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး အာဏာသိမ်းမှုကိုဆန့်ကျင့်တဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Delta News Agency

Read Previous

ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အပစ်ခံရပြီး ရဲတစ်ဦး သေ

Read Next

စစ်အုပ်စုကို စစ်လက်နက်ပစ္စည်းဝယ်ယူရေးအတွက် ကူညီနေတဲ့ အစိုးရ၊အဖွဲ့အစည်းတွေကို NUG ကန့်ကွက်