ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အပစ်ခံရပြီး ရဲတစ်ဦး သေ

၅၊ စက်တင်ဘာလ၊ ၂၀၂၁။

ဟားခါးမြို့နယ် စျေးသစ်ရပ်ကွက်မှာရှိတဲ့ ချင်းပြည်အစိုးရအဖွဲ့ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို စက်တင်ဘာလ ၄ရက်နေ့ ည ၁၂နာရီဝန်းကျင်က အမည်မသိအဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲတစ်ဦး သေသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အစိုးရရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ယာဘက်ကနေ ဗုံးနဲ့ လှမ်းပစ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ကြောက်လန့်တကြား ပြန်လည်ပစ်ခတ်ခဲ့ကြတာလို့ သိရပါတယ်။

“ရဲတစ်ယောက်က သေတယ်တော့ ပြောနေကြတယ် အခုထိကို သေချာ မသိကြဘူး၊ ပစ်ခတ်မှုတွေ ဖြစ်သွားတာတော့ ဟုတ်တယ်၊ ညဖက်မို့ အကုန်ကြားနေရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စက်တင်ဘာလ ၅ရက်နေ့ မနက်ပိုင်းမှာတော့ အကြမ်းဖက်စစ်အုပ်စုက အစိုးရအဖွဲ့ရုံးအနီးက လမ်းတွေကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

Delta News Agency

Read Previous

ဆိပ်ကြီးခနောင်တိုမှာ ရဲတစ်ဦး ဓားနဲ့ခုတ်ခံရ

Read Next

စစ်အာဏာရှင်ဆန့်ကျင်သူတွေကို ကူညီမယ်လို့ KNLA စစ်ဦးစီးချုပ်ဆို