တောင်ကိုရီးယားရောက်မြန်မာအဖွဲ့အစည်း ၂၆ ခုနဲ့ NUG Support Team Korea ကို ဖွဲ့စည်း

၁၈၊ စက်တင်ဘာလ၊ ၂၀၂၁။

တောင်ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းတွေရဲ့ အကြံဉာဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိဖို့အတွက် NUG Support Team Korea ကို ဖွဲ့စည်းလိုက်တယ်လို့ မနေ့က ရက်စွဲနဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

မြန်မာကိုယ်စားလှယ်အနေနဲ့ လုပ်ငန်းဆောင်တာတွေလုပ်ကိုင်ရာမှာ အင်အားဖြစ်စေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးမှာ အဓိကကျတဲ့ ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းတွေရဲ့ အကြံဉာဏ်နဲ့ ပူး ပေါင်းဆောင်ရွက်မှုကို ရရှိစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အထောက်အကူပြုအဖွဲ့(ကိုရီးယား) – NUG Support Team Korea ကို ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအထောက်အကူပြုအဖွဲ့မှာ တောင်ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်း ၂၆ ခုပါဝင်ပြီး အဖွဲ့ဝင် အ သင်းအဖွဲ့တွေကိုလည်း လိုအပ်သလို တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ ကိုယ်စားလှယ်အဖြစ် ဦးရန်နိုင် ထွန်းကို ခန့်အပ်ကြောင်း ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်မှာ ကြေညာခဲ့ပါတယ်။

Delta News Agency

Read Previous

Mytel တာဝါတိုင် ဖျက်ဆီးခံမှု ၁၀၀ နီးပါးရှိလာ

Read Next

သာဝဟာ သာဝလို အထာကျကျ