သာဝဟာ သာဝလို အထာကျကျ

၁၈၊ စက်တင်ဘာလ ၊ ၂၀၂၁။

သာဝအတွက် အရာရာဟာ အေးဆေးပဲဆိုတော့ ထိုင်ရာကထစရာမလို ပြုံးတုံ့တုံ့လေးနဲ့ စီမံခန့်ခွဲလိုက်ရုံပါ ပဲ။ရွေးကောက်ပွဲမှာ NLDနိုင်တော့ သာဝတို့ ရှိုက်ခါငင်ခါနဲ့ နှပ်ချေးထွက် သေးထွက် ခဏတော့ခိုးငိုရတယ်။ပြီးတော့ ဘာဖြစ်လဲ၊သမ္မ တကြီးရာထူးပေးပါလို့သွားပြောတယ်။ဟိုက လက်မခံဘူး ဆိုတော့ မဲလိမ်တယ်၊မဲခိုးတယ် ပေါ့။တစ်ကမ္ဘာလုံး ထအော်မယ်မှန်းသိသိကြီးနဲ့ အာဏာသိမ်းလိုက်တယ်။ အော်လေ၊အော်၊ကြိုက်သ လောက်အော်၊သာဝတို့က ထိုင်ရာကမထ အေးဆေး။

ဆန္ဒပြတော့ ဘာဖြစ်လဲ၊ပစ်တယ်ပေါ့။ပြည်သူသေတာ ကိုယ်သေတာမဟုတ်တော့ ခေါင်းမှန်အောင် ပစ်ခိုင်းတယ်။ဖမ်းမိလို့ ပေကပ်ကပ်လုပ်နေရင် အသေရိုက်သတ်ခိုင်းတယ်။ကိုယ့်ရဲဘော်တွေလုပ်ချင်ကိုင် ချင်စိတ်လေးရှိအောင် လူလည်းဖမ်း၊ပစ္စည်းလည်းသိမ်း။သိမ်းလို့ရတာ မင်းတို့ယူကြပေါ့။

ကုန်ဈေးနှုန်းတွေတက်တယ်တဲ့။ဘာဖြစ်လဲ၊ကုန်ဈေးနှုန်းတက်တော့ တစ်ကမ္ဘာလုံးကိုဗစ်ကြောင့် မသွားနိုင်မလာနိုင် ကုန်မသွယ်နိုင်ဖြစ်နေတယ်မဟုတ်လားပေါ့။သာဝအတွက် အကြောင်းပြစရာတွေက ထိုင်ရာကထစရာမလိုအောင် အေးဆေး။အလုပ်လက်မဲ့တွေများလာတယ်ပြောဦးမလား။ဒီအချိန် အောက် ဆီဂျင်ရှာရမယ့်အချိန်လား၊စီးပွားရှာရမယ့်အချိန်လား။အောက်ဆီဂျင်ကို လိုတိုင်းမရအောင်အာဏာနဲ့ အငွေ့ပျောက် ရှိုက်ထားလိုက်တော့ ပြောချင်နေတဲ့ပါးစပ်ပေါက်တွေ အောက်ဆီဂျင်ရှာပုံတော်ဖွင့် ရင်း ငြိမ်သွား ကြတာပဲ မဟုတ်လား။

သူ့ဘာသာသေလေ၊ပြည်သူသေတာ သာဝသေတာမှမဟုတ်ဘဲ။သူ့ဘာသာအိမ်မှာပဲကုကု၊ကြိုက် တဲ့နေရာကု၊ကြိုက်သလောက်သေ၊အသေများတော့ အလောင်းရှို့စက်တွေကို တိုးချဲ့ခိုင်းလိုက်တယ်။သာ ဝရဲ့စီမံခန့်ခွဲမှုက ရှင်းတယ်။ပိုးက အမြင့်ဆုံးရောက်ပြီးရင် ပြန်ကျသွားမယ်ဆိုတော့ ပြန်ကျမယ့်အချိန်ကို စောင့်နေလိုက်ရုံပဲ။ကဲ၊ အခု တတိယလှိုင်းကိုဗစ်တွေဘာ တွေငြိမ်သွားတော့ ငါဟဲ့သာဝ၊ငါတို့သာဝတွေ ဆရာကျကျစီမံခန့်ခွဲနိုင်လို့ ငဗစ် ကိုမြေလှန်ပစ်လိုက်နိုင်တာ လို့ ခပ်တည်တည်ရင်ဘတ်ကြီး ကော့ပြလိုက် တာပေါ့။

ဒါပေမဲ့၊အခုတော့ ကိုဗစ်လည်းငြိမ်၊အင်္ဂလန်တို့ဘာတို့မှာက ပရီးမီးယားလိဂ်ပွဲကိုတောင် မက်စ်မ ပါဘာမ ပါ အုံလိုက်ကျင်းလိုက် ကြည့်နေကြပြီဆိုတော့ တိုင်းပြည်စီးပွားရေးကိစ္စ အကြောင်းပြစရာရှား လာလို့ ထိုင်ရာ ကမထ ဖုံးတန်ဖုံး၊လိမ်တန်လိမ်ရတော့တာပေါ့။

ငွေမရှိဘူးဆိုတော့ ငွေရိုက်ထုတ်၊ပြည်သူတွေရဲ့ကျန်းမာရေးအတွက် ငွေစက္ကူအသစ်စက်စက်ကို သာကိုင်တွယ်စေချင်တဲ့စေတနာပေါ့။ဌက်ပျောသီးစိုက်နေတယ်။ဌက်ပျောသီးအိတ်စပို့လုပ်မယ်။ဌက်ပျောသီးအိတ်စပို့ငွေနဲ့ မြေအောက်ရထားလမ်းဖောက်မယ်။လျှပ်စစ်ရထားကြီး ပျော်ပျော်ကြီးစီးကြမယ်။

ဒါပေမဲ့၊ငါတို့စစ်သားဆိုတာ ရောင့်ရဲတင်းတိမ်တတ်ရမယ်။ရိုးသားကြိုးစားရမယ်။ဝင်ငွေနဲ့ထွက်ငွေ မျှတအောင်နေထိုင်တတ်ရမယ်လို့ တစ်နေ့က ပြင်ဦးလွင် တပ်တော်သားတွေနဲ့တွေ့တုန်း အတည်ပေါက် တော်ကီလွှတ်ရသေးတယ်။
သာဝက စီမံခန့်ခွဲမှုပိုင်ပြီးသား။ပြင်ဦးလွင်မှာ ဒီလိုတော်ကီတွေလွှတ်ဖို့ ကြိုပြင်ထားလေတော့ သိန်း ရာချီမကတန်တဲ့သာဝရဲ့ လက်စွပ်တော်ပြူးပြုးကြီးကိုလည်း ချွတ်ခဲ့ပြီးသား၊ကြူကြူ့အကြိုက် ကြူကြူထဲလဲ ကိုင်နေတဲ့ သိန်းသုံးလေးဆယ်တန် စလင်းဘက်ကိုလည်း ထားခဲ့ပြီးသား။
သာဝတို့လင်မယား ရိုးသားကြိုးစားပြီးသား။ကဲ၊ဘယ်သူဘာပြောမလဲ၊ကြိုက်တာပြောကြ။သာ၀ ဟာ ထိုင်ရာကမထ စီမံခန့်ခွဲမှုကျွမ်းပြီးသား။
တော်ကီ