ကုလသမဂ္ဂလူအခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့် မရသေး

၁၃၊ စက်တင်ဘာလ၊ ၂၀၂၁။

ဒီနေ့ကျင်းပနေပြီဖြစ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက် ညီလာခံမှာ မြန်မာကိုယ်စားလှယ်တွေ တက်ရောက်ခွင့် မရှိသေးဘူးလို့ သိရှိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ညီလာခံရဲ့ အခြေအနေတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ အသိပေးခဲ့ပြီး ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ ၃ ခုရှိမယ်လို့ ရေးသားထားပါတယ်။

အရင်ညီလာခံမှာ ဆုံးဖြတ်ထားတဲ့အတိုင်း အထွေထွေညီလာခံက ဆုံးဖြတ်ချက် မချမချင်း မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုသေးတာကြောင့် စစ်အုပ်စု ကိုယ်စားပြုကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခွင့် မရှိပါဘူး။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်အုပ်စုအပေါင်းအပါတွေ နေ့စဉ်ရက်ဆက် ကျူးလွန်နေတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အချိန်နဲ့ တပြေးညီ ပေးပို့တင်ပြသွားမှာဖြစ်ကြောင်းလည်း ဝန်ကြီးဦးအောင်မျိုးမင်းက သူ့ရဲ့ ဖေ့ဘုတ်မှာ အသိပေးထားပါတယ်။