ပြင်သစ်အထက်လွှတ်တော်မှာ ကန့်ကွက်သူမရှိ NUG ကိုအသိအမှတ်ပြု

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုပြင်သစ်နိုင်ငံအထက်လွှတ်တော်က ကန့်ကွက်သူမရှိ အသိအမှတ်ပြု လိုက်ပါတယ်။

အောက်တိုဘာ၅ရက်နေ့၊ပြင်သစ်စံတော်ချိန်ညနေ၄နာရီခွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ် ပြုဖို့ ပြင်သစ်ပါတီတွေကိုကိုယ်စားပြုသူ၈ ဦး အဆိုတင်သွင်းခဲ့ကြပြီးနောက် အသိအမှတ်ပြုတဲ့သူတွေကို လက် ထောင်စေခဲ့ရာ ကန့်ကွက်သူမရှိ လက်ထောင်ခဲ့ကြပါတယ်။

မဲခွဲဆုံးဖြတ်တဲ့ပွဲကို ပြင်သစ်ရောက်မြန်မာများအဖွဲ့အစည်း (CBF)ဥက္ကဌ ဒေါက်တာတင်တင်ထားမြင့် ဦး ဆောင်တဲ့ မြန်မာ၄ဥ◌ီး၊ မြန်မာ့အရေးကို တောက်လျှောက်ကူညီပေးနေတဲ့ AMFAပြင်သစ်အဖွဲ့အစည်းနဲ့ NUG ပြင်သစ်ကိုယ်စားလှယ်တစ်ဦးတို့တက်ရောက်ခဲ့ကြတယ်လို့ ပြင်သစ်ရောက်မြန်မာများအဖွဲ့အ စည်းကဆိုပါတယ်။

နောက်ထပ် အောက်လွှတ်တော်မှာ ဆွေးနွေးမဲခွဲပြီးနောက် ပြင်သစ်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ ကိုအသိအမှတ်ပြု၊မပြု ဆက်လက်ဆောင်ရွက်ရပါမယ်။