နုတ်ထွက်ပြီးအုပ်ကြီးတွေကို ကသာPDFက ဆက်စောင့်ကြည့်မယ်

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ကသာမြို့နယ်အတွင်းရှိ နုတ်ထွက်ပြီးအုပ်ချုပ်ရေးမှူးတွေကို စစ်တပ်သတင်းပေးဆက်လက် လုပ်ဆောင်နေတာမျိုးရှိ၊မရှိ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

ကသာမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ အောက်တိုဘာ၁၀ရက်နေ့ နောက်ဆုံးထား နုတ် ထွက်ကြဖို့ ကသာPDFက သတိပေးလိုက်ပြီးနောက် ကသာအရှေ့ဘက်ခြမ်းက အုပ်ချုပ်ရေးမှူး၁၂ဥ◌ီးနုတ် ထွက်စာတင်ခဲ့သလို ဆက်လက်ပြီးလည်း နုတ်ထွက်စာတင်နေကြပါတယ်။

‘တချို့အုပ်ကြီးတွေက သူတို့ပထွေးတွေ သူတို့ကိုအကာအကွယ်မပေးနိုင်မှန်းသိတယ်။အခုကသာမှာကလည်း PDFတွေက ပြတ်ပြတ်သားသားကို ဆော်နေပြီဆိုတော့ သူတို့အသက်အန္တရာယ်ရှိလာမှာကြောက်လို့နုတ်ထွက် ကြတာ။ဒါပေမဲ့၊တချို့မြို့တွေမှာ ကျွန်တော်တို့သိသလောက်က နုတ်ထွက်ပေမဲ့ နောက်ကွယ်မှာ စစ်တပ်ကို ခိုး သတင်းပေးနေတာတွေရှိတယ်။အဲဒါကြောင့် နုတ်ထွက်ပြီးတဲ့ကသာအုပ်ကြီးတွေကိုလည်း သေချာစောင့်ကြည့် သွားမယ်။’လို့ ကသာPDFနဲ့နီးစပ်တဲ့ ကသာမြို့ပေါ်က တက်ကြွလှုပ်ရှားသူတစ်ဥ◌ီးကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့က လျပ်စီးအာမီပြောက်ကျားတပ်ဖွဲ့ကလည်း နုတ်ထွက်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေး မှူးတချို့ဟာ စစ်တပ်သတင်းပေးဆက်လုပ်နေကြောင်း ခိုင်လုံတဲ့အထောက်အထားရရှိထားတယ်လို့ဆိုပြီး နောက် နောင်သတင်းပေးဆက်မလုပ်ကြဖို့ သတိပေးထားပါတယ်။

အဆိုးဆုံးဒလန်လုပ်ခဲ့တဲ့ ကသာမြို့ရပ်ကွက်အုပ်ချုပ်ရေးမှူး၇ဥ◌ီးနဲ့စစ်အုပ်စုမြို့နယ်ကောင်စီဝင်အချို့ကို အောက်တိုဘာ၁၀ရက်နေ့နောက်ဆုံးထားပြီး ကသာမြို့ကနေအပြီးအပိုင်ထွက်ခွါသွားဖို့လည်း ကသာPDF က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ၅ရက်နေ့ကနုတ်ထွက်ခဲ့တဲ့ ကသာမြို့၊ရပ်ကွက်၅ အုပ်ချုပ်ရေးမှူးဥ◌ီးစိုးမြင့်ရဲ့နုတ်ထွက်စာကို ကသာPDF ရဲ့လူမှုကွန်ရက်ပေါ် ဖော်ပြထားပါတယ်။