ထိုင်ဝမ်အရေးအတွက် ဂျိုးဘိုင်ဒမ်နဲ့ ရှီကျင်းဖျင့်တို့ ဆွေးနွေးမှုမှာ သဘောတူညီချက်တချို့ရရှိ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ထိုင်ဝမ်အရေးနဲ့ ပတ်သတ်ပြီး တရုတ်သမ္မတ ရှီကျင်းဖင့်နဲ့ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာလ ၅ရက်နေ့မှာ ပြောခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလိုဆွေးနွေးခဲ့တာပါ။

သမ္မတ ရှီကျင့်ဖင့်နဲ့ ဆွေးနွေးခဲ့တယ် ထိုင်ဝမ်သဘောတူညီမှုချက်ဆက်သွားဖို့ သဘောတူခဲ့တယ်လို့ သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်ကအထွက်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းဖျင့်အနေနဲ့ ဆွေးနွေးမှုက သဘောတူညီချက်တွေကို လိုက်နာရုံကလွဲပြီး တခြားရှိမယ်လို့ မထင်ကြောင်း သမ္မတ ဂျိုးဘိုင်ဒမ်က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့ဟာ အခုရက်ပိုင်းအတွင်း တင်းမာမှု‌တွေ ပိုမိုများပြားလာလို့ အမေရိကန်ဘက်ကလည်း စိုးရိမ်နေရတယ်ဆိုတဲ့ ပြောဆိုမှုတွေ အကြိကြိမ်ပြောကြားခဲ့ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေခဲ့တာပါ။

ထိုင်ဝမ်ဘက်က အစီရင်ခံစာတွေအရ ၄ ရက်အတွင်း သူတို့ရဲ့ လေပိုင်နက်ထဲကို တရုတ်လေတပ်က စစ်လေယာဉ် ၁၄၈ စင်း စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။