စစ်အုပ်စုအနွယ်လုပ်ငန်းတွေကိုပါအရေးယူဖို့ ထည့်သွင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာဥပဒေကြမ်း ကန်အောက်လွှတ်တော်မှာ တင်သွင်း

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်အုပ်စုနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကိုပါ ပစ်မှတ်ထားအရေးယူဖို့ထည့်သွင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာဥပ ဒေ ကြမ်းတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

Burma Unified through Rigorous Military Accountability Act of 2021 လို့အမည်ပေးထားတဲ့ ဥပဒေ ကြမ်းကို အမေရိကန်အောက်လွှတ်တော်၊နိုင်ငံခြားရေးရာကော်မတီက အောက်တိုဘာ၅ရက်နေ့က တင်သွင်း လိုက်တာပါ။

ဒီဥပဒေကြမ်းမှာ စစ်တပ်ကအာဏာသိမ်းခဲ့တာကို ပြစ်တင်ရှုတ်ချထားပြီး အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူဖို့၊မြန်မာနိုင်ငံကတင်ပို့တဲ့ ကျောက်မျက်တွေ အမေရိကန်ကို တင်ပို့ခွင့်တားမြစ်ဖို့၊မြန်မာနိုင်ငံဆိုင်ရာညှိနှိုင်းရေးမှူးကို တာဝန်ပေးဖို့၊ကုလသမဂ္ဂက ထိရောက် တဲ့အရေးယူမှုတွေလုပ်အောင် အမေရိကန်က ဖိအားပေးဖို့လည်း ထည့်သွင်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုရပ်တန့်ဖို့၊မတရားဖမ်းထားသူတွေကိုပြန်လွှတ်ဖို့နဲ့ မြန်မာ သက်ဆိုင်သူတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ဆွေးနွေးမှုတွေလုပ်ဖို့ အမေရိကန်နဲ့နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်း နေပေမဲ့ စစ်အုပ်စုကငြင်းပယ်နေတယ်လို့ ဒီဥပဒေကြမ်းကို ပူးတွဲအဆိုပြုခဲ့တဲ့ အောက်လွှတ်တော် နိုင်ငံခြား ရေးရာကော်မတီ ဥက္ကဌ ဒီမိုကရက်တစ်ကိုယ်စားလှယ် Gregory Meeks က ပြောခဲ့ပါတယ်။

ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ‘ဒီဥပဒေကြမ်းဟာ သိပ်မကြာခင်အချိန်အတွင်းမှာ အတည်ဖြစ်လာမယ်လို့ ထင်တယ်။ဒီဥပဒေသာအတည်ဖြစ်ခဲ့ပြီဆို စစ်တပ်နဲ့ပေါင်းစားနေတဲ့လူတွေဆီပါ ဒဏ် ခတ်ပိတ်ဆို့မှုတွေရောက်လာနိုင်တယ်။ပြီးတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ညှိနှိုင်းရေးမှူးဆိုပြီးသီးသန့်တာဝန် ပေးမှာဖြစ်လို့ အမေရိကန်အစိုးရရဲ့ မြန်မာ့အရေးဆောင်ရွက်ချက်တွေ ပိုအားထည့်ဆောင်ရွက်လာနိုင်မယ်’လို့ ပြောပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ Global Witness က အခုလိုဥပဒေကြမ်းတင်သွင်းမှုကို ကြိုဆို လိုက်ပြီး အမြန်ဆုံးအတည်ပြုဖို့တိုက်တွန်းလိုက်ပါတယ်။

ဆက်လက်ပြီး Global Witnessက စစ်တပ်ကထိန်းချုပ်ထားတဲ့ နှစ်စဉ် ဒေါ်လာသန်း၁၀၀၀ကျော် ဝင်ငွေရနေတဲ့ ဓာတ်ငွေ့လုပ်ငန်းကိုပါ ပစ်မှတ်ထားဒဏ်ခတ်ဖို့လည်း တိုက်တွန်းထားပါတယ်။

Justice For Myanmar ကလည်း မြန်မာစစ်တပ်ရဲ့ အရေးပါတဲ့ စီးပွားရေးမိတ်ဖက်ဖြစ်တဲ့ ခရိုနီဥ◌ီးတေ ဇပိုင် ထူးကုမ္ပဏီအုပ်စုနဲ့ မိတ်ဖက်ကုမ္ပဏီတွေကို နိုင်ငံတကာအနေနဲ့ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုထားပါ တယ်။