CNF ဌာနချုပ်တိုက်ခိုက်ခံရလို့ ဟားခါး မှာဆိုင်ပိတ်ခဲ့သူတွေကို စစ်ကောင်စီဖမ်းပြီး ဆိုင်တွေကိုလည်း ချိပ်ပိတ်

CNF ဌာနချုပ်တိုက်ခိုက်ခံရလို့ ဟားခါး မှာဆိုင်ပိတ်ခဲ့သူတွေကို စစ်ကောင်စီဖမ်းပြီး ဆိုင်တွေကိုလည်း ချိပ်ပိတ်

ချင်းအမျိုးသားတပ်ဦး CNA/CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဇန်နဝါရီ (၁၁) ရက်မှာ ပိတ်ခဲ့တဲ့ဆိုင်တွေထဲကတချို့ကို စစ်ကောင်စီက မနေ့က စာကပ်ပြီးချိတ်ပိတ်ကာ ဆိုင်ရှင်တချို့ကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အဲဒီနေ့က အကုန်နီးပါးပိတ်တယ်၊သူတို့လှည့်အော်တော့ဆိုင်အနည်းငယ်ပဲဖွင့်ယောင်ပြတာပေါ့၊ ခုချိတ်ပိတ်တဲ့ဆိုင်တွေက သူတို့အော်လို့ပြန်မဖွင့်တဲ့ဆိုင်တွေထဲကနေချိတ်ပိတ်တာ” လို့ မြို့ခံတဦးကပြောပါတယ်။ CNA/CNF ဌာနချုပ်လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၁၁ ရက်နေ့က ပြည်နယ်အစိုးရ ရုံးစိုက်ရာဟားခါးမြို့ပေါ်မှာ ဆိုင်အားလုံးနီးပါးပိတ်သလို မြို့တွင်းမှာလည်းအသွားအလာမလုပ်တဲ့ လှုပ်ရှားမှုလုပ်ခဲ့တာပါ။ အာဏာသိမ်းကာလအတွင်း မကြာမကြာလုပ်ခဲ့ဖူးတဲ့ အသံတိတ်…

Read More
စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်  ကျဆုံးခဲ့တဲ့   CNA/CNF ရဲဘော်တွေအတွက် ယောဒေသမှာဆုတောင်းပွဲ ပြုလုပ်

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တဲ့ CNA/CNF ရဲဘော်တွေအတွက် ယောဒေသမှာဆုတောင်းပွဲ ပြုလုပ်

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မူကြောင့် ကျဆုံးခဲ့ရတဲ့ CNA/CNF ရဲဘော်တွေအတွက် ယောဒေသ၊ဆောမြို့နယ်မှာ မနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတရပ်တွေက ချင်းအမျိုးသားတပ်ဦး ဌာနချုပ်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် CNA/CNF ရဲဘော်ငါးဦးကျဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့ညနေပိုင်းမှာလဲ လေကြောင်းကနေထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့လို့ ဆေးပေးခန်းအပါအဝင် အဆောက်အဦးတွေပျက်စီးခဲ့ရပါတယ်။ ” သတင်းကြားရရချင်းစိုးရိမ်စိတ်တွေဖြစ်တာပေါ့။ ခုလည်းကျမတို့ညီအစ်ကိုမောင်နှမတိုင်းရင်းသားတွေ တသားတည်းရှိတယ်ဆိုတာကိုပြတာပါ” လို့ ဆုတောင်းပွဲတက်ရောက်ခဲ့တဲ့ယောဒသခံတဦးကပြောပါတယ်။ ဆုတောင်းပွဲကိုယောဒေသအတွင်းမှာရှိတဲ့…

Read More
CNA ဌာနချုပ် ဗုံးကျဲတိုက်ခိုက်ခံရမှု အတွက် ဟားခါးမြို့မှာ အသံတိတ်ဆန္ဒပြ

CNA ဌာနချုပ် ဗုံးကျဲတိုက်ခိုက်ခံရမှု အတွက် ဟားခါးမြို့မှာ အသံတိတ်ဆန္ဒပြ

ချင်းအမျိုးသားတပ်ဦး CNF/CNA ဌာနချုပ်ကို ဇန်နဝါရီ ၁၀ ရက်ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ သေဆုံးထိ ခိုက်ဒဏ်ရာရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဒီကနေ့ ဟားခါးမြို့ မှာ အသံတိတ်ဆန္ဒပြမှု လုပ်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြည်နယ်အစိုးရရုံးစိုက်ရာ ဟားခါးမြို့တွင်းမှာ လူသွားလူလာမရှိသလောက် ရှင်းလင်းနေပြီး ဈေးဆိုင်တွေနဲ့ ပုဂ္ဂလိ က စီးပွားရေး လုပ်ငန်းတွေ အားလုံးပိတ်ထားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။  “ဆိုင်တွေပိတ်တော့ လူတွေလည်းအိမ်ထဲမှာပဲနေကြတယ်၊လမ်းမကြီးပေါ်မှာလူမရှိဘူး” လို့ မြို့ခံတဦးကပြော ပါတယ်။…

Read More