CNA ဌာနချုပ် ဗုံးကျဲတိုက်ခိုက်ခံရမှု အတွက် ဟားခါးမြို့မှာ အသံတိတ်ဆန္ဒပြ

ချင်းအမျိုးသားတပ်ဦး CNF/CNA ဌာနချုပ်ကို ဇန်နဝါရီ ၁၀ ရက်ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ သေဆုံးထိ ခိုက်ဒဏ်ရာရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဒီကနေ့ ဟားခါးမြို့ မှာ အသံတိတ်ဆန္ဒပြမှု လုပ်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြည်နယ်အစိုးရရုံးစိုက်ရာ ဟားခါးမြို့တွင်းမှာ လူသွားလူလာမရှိသလောက် ရှင်းလင်းနေပြီး ဈေးဆိုင်တွေနဲ့ ပုဂ္ဂလိ က စီးပွားရေး လုပ်ငန်းတွေ အားလုံးပိတ်ထားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

 “ဆိုင်တွေပိတ်တော့ လူတွေလည်းအိမ်ထဲမှာပဲနေကြတယ်၊လမ်းမကြီးပေါ်မှာလူမရှိဘူး” လို့ မြို့ခံတဦးကပြော ပါတယ်။

 ချင်းအမျိုးသားတပ်ဦးဌာနချုပ်ကို လေကြောင်းနဲ့တိုက်ခိုက်ခံရတဲ့အတွက်အခုလို ဆိုင်တွေမဖွင့်လှစ်ဖို့Halkha Campaign For Justice page ကနေ မနေ့ညကနှိုးဆော်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်မှာတော့ ဟား ခါးမြို့တွင်းကဈေးဆိုင်တွေ လုပ်ငန်းတွေပိတ်ထားကြတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 အိန္ဒိယ-မြန်မာနယ်စပ် ထန်တလန်မြို့နယ်အတွင်းက ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို ဇန်နဝါရီ ၁၀ ရက် ညနေ လေးနာရီ ဝန်းကျင်ကစပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ တာဖြစ် ပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မူကြောင့်CNA တပ်ဖွဲ့ဝင် ငါးဦးကျဆုံးကာ ဆယ်ဦးဒဏ်ရာရရှိပြီး အဆောက် အဦးနှစ်ဆယ်ဝန်းကျင်ပျက်စီးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

CAN ဌာနချုပ်အပါအဝင် ချင်းပြည်နယ်အတွင်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုတဲ့ ချင်းလူမျိုးတွေရဲ့နာကျည်းမှုနဲ့ သန္နိဌာန်ကို အားသစ်