ဒေသအလိုက် သတင်းကဏ္ဍ

ဆိပ်ကြီးခနောင်တိုမှာ ရဲတစ်ဦး ဓားနဲ့ခုတ်ခံရ

၅၊ စက်တင်ဘာလ၊ ၂၀၂၁။ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆမားဒူးဝါးရပ်ကွက် ငုဝါလမ်းမှာ စက်တင်ဘာလ ၅ရက်နေ့ နေ့လည် ၁၁နာရီခန့်က ကင်းလှည့်နေတယ်ဆိုတဲ့ အကြမ်းဖက်စစ်အုပ်စုဝင် ရဲဒုတပ်ကြပ်တစ်ဦး ဓားနဲ့အခုတ်ခံရခဲ့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဝင် ရဲတပ်ဖွဲ့ဝင်တွေဟာ ဆမားဒူးဝါးရပ်ကွက်ထဲ ကင်းလှည့်နေစဉ်မှာ အမျိုးသားတစ်ဦးက နေအိမ်တစ်ခုထဲကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းစိန်မြို့နယ်မှာ ဒလန်လို့နာမည်ကြီးနေတဲ့ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေ

၄၊ စက်တင်ဘာလ၊ ၂၀၂၁။ စက်တင်ဘာလ ၄ရက်နေ့ နေ့လည် ၁နာရီခန့်က အင်းစိန်မြို့နယ် မြို့သစ်(က+ခ) ရပ်ကွက်က ဒလန်လို့ နာမည်ကြီးနေတဲ့ ရာအိမ်မှူး ဦးစိုးမြင့်ထွေးကို အမည်မသိသေနတ်သမားအဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ (က-၆)လမ်းရှိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်သာယာက ဒလန်လို့ နာမည်ကြီးသူ သေနတ်နဲ့အပစ်ခံရပြီး သေ 

၂၊ စက်တင်ဘာလ ၊ ၂၀၂၁။ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုံရှိ ဗန်မော်အတွင်းဝန်လမ်းပေါ်မှာ စက်တင်ဘာလ ၂ရက်နေ့ နံနက် ၈နာရီခန့်က အကြမ်းဖက်စစ်အုပ်စုက ခန့်ထားတဲ့ အမှတ်(၂၀)ရပ်ကွက် မင်းကျော်စွာ ၇လမ်းနေ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် (၁) ဖြစ်သူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့ရဲ့ နေရာအများအပြားမှာ စစ်အုပ်စုက ဒရုန်းတွေလွှတ်တင်ထား

၃၀၊ ဩဂုတ်လ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက ဒီကနေ့ ဩဂုတ်လ ၃၀ရက်နေ့ ညပိုင်းမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ဗဟန်း၊အလုံ၊ လှိုင်သာယာ၊ တာမွေ၊ ကျောက်မြောင်း၊ စမ်းချောင်းနဲ့ မြို့နယ်အချို့မှာ ဒရုန်းတွေ လွှတ်တင်ထားပြီး စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မှော်ဘီ လျှပ်စစ်ရုံးအနီးဗုံးပေါက် အမှိုက်ကောက်ကလေးငယ်တစ်ဦး လက်ပြတ်

၃၀၊ ဩဂုတ်လ၊ ၂၀၂၁။ မှော်ဘီမြို့နယ် လျှပ်စစ်ရုံးအနီးမှာ ဩဂုတ်လ ၃၀ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးပြီး အမှိုက်ကောက်နေတဲ့ အသက် ၁၃နှစ်ခန့်ရှိသူ ကလေးငယ်တစ်ဦး ဗုံးဆံထိမှန်ပြီး လက်ပြတ်သွားခဲ့ပါတယ်။ “အမှိုက်ကောက်တဲ့ ကလေး လက်ပြတ်သွားတယ်ပြောတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်က ဒလန်ချဲဒိုင် လင်မယား သေနတ်နဲ့အပစ်ခံရပြီး တစ်ဦးသေ

၂၉၊ ဩဂုတ်လ ၊ ၂၀၂၁။ လှိုင်မြို့နယ် အမှတ်(၁)ရပ်ကွက်မှာ လောင်းကစားဒိုင်လုပ်ပြီး ဒလန်လုပ်နေသူ ဦးတင်လှိုင်ဟာ ဒီကနေ့ ဩဂုတ်လ ၂၉ရက်နေ့ မနက် ၆နာရီ ၃၀မိနစ်ဝန်းကျင်ခန့်မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဦးတင်လှိုင်နဲ့သူ့ဇနီးဖြစ်သူဟာ ရန်ကုန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်္ဂလာတောင်ညွန့်မှာ စစ်အုပ်စုက စျေးရောင်းနေတဲ့ လူငယ်တစ်ဦးကို ပစ်သတ်

၂၇၊ ဩဂုတ်လ၊ ၂၀၂၁။ မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် ၁၂၂လမ်းမှာ ဩဂုတ်လ ၂၆ရက်နေ့ ည၈နာရီခန့်က နွားနို့ရောင်းနေတဲ့ အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ပစ်သတ်ခဲ့ပါတယ်။ “ညပိုင်းမှာ စစ်တပ်က သူတို့ကိုဆဲသွားတယ်ဆိုတဲ့ သူတစ်ယောက်ကို လိုက်ရှာတယ်၊ ရှာရင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သီလဝါစက်မှုဇုန် ဗုံးပေါက်

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။ ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန် ဖွံဖြိုးရေးလမ်းနဲ့ ခြောက်လမ်းသွားလမ်းဆုံ အနီးမှာ ဩဂုတ်လ ၂၂ရက်နေ့ မနက် ၁၁နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ “လက်လုပ်ဗုံးလို့ပြောတယ် ဖုန်းနဲ့လှမ်းခွဲတာမျိုးပေါ့ ရေမြောင်းဘေးမှာ ပေါက်တာမို့ ဘာမှတော့ သိပ်မထိသွားဘူး၊ စစ်တပ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုရင့်နောင်တံတား အမှတ်(၂)အဆင်းက စစ်အုပ်စုရဲကင်းတစ်ခု အပစ်ခံရ သေဆုံးသူရှိ

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။ ဘုရင့်နောင်တံတား အမှတ်(၂) လှိုင်သာယာမြို့နယ်ဘက် အခြမ်းမှာ ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရဲကင်းတစ်ခုကို ဩဂုတ်လ ၂၂ရက်နေ့ နံနက် ၈နာရီခန့်က အမည်မသိသေနတ်သမားတစ်ဖွဲ့က ကားနဲ့လာရောက် ပစ်ခတ်သွားတာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မနက်ဖြန် ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့ ရေပြတ်မယ်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ ကုက္ကိုင်းရေလှောင်ကန်မှ ရွှေတိဂုံဘုရားရေလှောင်ကန်ကို ဆက်သွားထားတဲ့ ရေပို့ပိုက်မကြီးမှာ တပ်ဆင်ထားတဲ့ ရေဗားအချို့ကို အသစ်လဲလှယ်တပ်ဆင်ဖို့ ဩဂုတ်လ ၁၉ရက်နေ့ မနက် ၆နာရီကနေ ညနေ၆နာရီ အထိ ရေပေးဝေခြင်းပိတ်ပြီး ဆောင်ရွက်မှာဖြစ်တာကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ [ဆက်လက်ဖတ်ရှုရန်]