အင်းစိန်မြို့နယ်မှာ ဒလန်လို့နာမည်ကြီးနေတဲ့ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေ

၄၊ စက်တင်ဘာလ၊ ၂၀၂၁။

စက်တင်ဘာလ ၄ရက်နေ့ နေ့လည် ၁နာရီခန့်က အင်းစိန်မြို့နယ် မြို့သစ်(က+ခ) ရပ်ကွက်က ဒလန်လို့ နာမည်ကြီးနေတဲ့ ရာအိမ်မှူး ဦးစိုးမြင့်ထွေးကို အမည်မသိသေနတ်သမားအဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

(က-၆)လမ်းရှိ ရပ်ကွက်အုပ်ချု့်ရေးမှူးရုံးကနေ (ခ-၇)လမ်းရှိ နေအိမ်ကို ပြန်လာစဉ်မှာ (ခ-၄)လမ်းထိပ်မှာ သေနတ်နဲ့

ခေါင်းကို အပစ်ခံရပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“အဲ့လူက ရဲသတင်းပေးပါ၊ သူ့ကြောင့် အဖမ်းခံထားရသူတွေ အများကြီးဘဲ အရင်ထဲက ဒလန်လိုလိုလူ ခေါင်းကိုပဲ ငါးချက်လောက် ဆင့်ပစ်သွားတာ ဆိုင်ကယ်နဲ့ထွက်လာပြီး ပစ်ချသွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။