မုံရွာမြို့က နွေဦးသူရဲကောင်းအချို့ရဲ့ အုတ်ဂူတွေဖျက်ဆီးခံရ

မုံရွာမြို့က နွေဦးသူရဲကောင်းအချို့ရဲ့ အုတ်ဂူတွေဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်း ၉ဦးရဲ့ အုတ်ဂူတွေကို ဖျက်ဆီးခံခဲ့ရပြီး ဒါဟာ စစ်အုပ်စုလက်အောက်ချက်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၁ခုနှစ် မတ်လ ၃ရက်နေ့မှာ ဘုရားနီ(အာဇာနည်လမ်း)မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းယူမှုကို လက်မခံနိုင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းစဉ်မှာ ပြည်သူ ၉ဦးကျဆုံးခဲ့ရပါတယ်။ ကျဆုံးသူရဲကောင်းတွေရဲ့ အုတ်ဂူတွေကို ပြည်သူတွေက ဂုဏ်ပြုမှတ်တမ်းတွေနဲ့တကွ ခမ်းနားစွာ မှတ်တမ်းတင်ခဲ့ပေမဲ့ စစ်အုပ်စုက ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Read More
မုံရွာမှာ စစ်အုပ်စု လေတပ်ဗိုလ်မှူးရဲ့ မိသားစုဝင်တစ်ဦး ရှင်းလင်းခံရ

မုံရွာမှာ စစ်အုပ်စု လေတပ်ဗိုလ်မှူးရဲ့ မိသားစုဝင်တစ်ဦး ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း မုံရွာမြိုမှာ စစ်အုပ်စုရဲ့ လေတပ်ဗိုလ်မှူး မိသားစုဝင်ဖြစ်ပြီး ကမ္ဘောဇဘဏ်ရဲ့ ဒုမန်နေဂျာလုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦး ရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၄ရက်နေ့ ညနေ၄နာရီခန့်မှာ လယ်တီရပ်ကွက်နေ ဒေါ်ဖြိုးဖြိုးဆွေဆိုသူကို အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်ဖြိုးဖြိုးဆွေရဲ့ မိသားစုဝင်တွေက စစ်အုပ်စုလက်အောက်ခံ ရေတပ်နဲ့ လေတပ်က ဗိုလ်မှူးတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အပြစ်မဲ့ပြည်သူတွေကို ရဟတ်ယာဉ်၊လေယာဉ်တွေ အသုံးပြုပြီး အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ လေတပ်အရာရှိရဲ့ မိသားစုဝင်ဖြစ်တာကြောင့်…

Read More
အရေးပေါ် အခြေအနေကြောင့် မုံရွာ-အမြင့်လမ်း ယာယီပိတ်

အရေးပေါ် အခြေအနေကြောင့် မုံရွာ-အမြင့်လမ်း ယာယီပိတ်

အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ရေးအရှိန်မြင့်တက်နေပြီး အရေးပေါ်အခြေအနေကြောင့် မုံရွာ-အမြင့်လမ်း ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားမယ်လို့ ညီနောင် မဟာမိတ် (၁၀) ဖွဲ့က ကြေညာလိုက်ပါတယ်။ ဒီကနေ့ မတ်လ ၃ ရက်နေ့က စတင်ပြီး ပြည်သူတွေအနေနဲ့ မုံရွာ-အမြင့်လမ်းကို လုံးဝဖြတ်သန်းသွားလာတာတွေ မလုပ်ဆောင်ဘဲ အရေးပေါ်ကိစ္စရှိလာပါက ညီနောင်မဟာမိတ်အဖွဲ့တွေကို အကြောင်းကြားပြီးမှသာ သွားလာကြဖို့ သတိပေးထားပါတယ်။ လမ်းပိုင်း ပြန်လည်အသုံးပြုနိုင်တဲ့ အချိန်ကို ကြေညာပေးသွားမယ်လို့ ညီနောင် မဟာမိတ် (၁၀) ဖွဲ့ဖြစ်တဲ့ Monuwa Lightning…

Read More
မုံရွာမြို့ ဘုရားနီလမ်း ဖြိုခွင်းမှုမှာ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်း​တွေကို သွားရောက်အလေးပြု

မုံရွာမြို့ ဘုရားနီလမ်း ဖြိုခွင်းမှုမှာ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်း​တွေကို သွားရောက်အလေးပြု

ဒီနေ့ မတ်လ ၃ရက်နေ့တွင် ၁ နှစ်ပြည့်သွားတဲ့ မုံရွာမြို့ ဘုရားနီလမ်းဖြိုခွင်းမှုအတွင်း ကျဆုံး အာဇာနည်သူ ရဲကောင်း​တွေကို မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင် ကော်မတီ တက်ကြွလှုပ်ရှားသူ​တွေက သွားရောက် အလေး ပြုခဲ့ကြပါတယ်။ “ပေတရာပေါ်ကစီးတဲ့ သွေးတွေမခြောက်သေးဘူး၊ အာဇာနည်မျိုး သေရိုးမရှိ ” ဆိုတဲ့ စကားတွေအတိုင်း အာဇာနည်သူရဲကောင်းတို့ရဲ့ တာဝန်ကို ဆက်လက်ထမ်းရွက်ရင်း အရေးတော်ပုံ အောင်မြင်သည်အထိ အဆုံးသတ်တိုက်ပွဲဝင်ကြဖို့ မုံရွာအမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက တိုက်တွန်းလိုက်ပါတယ်။

Read More
မုံရွာမြို့နယ်မှာ CDM ကျောင်းဆရာမတစ်ဦး နေအိမ်ကို စစ်အုပ်စု ဝင်ရောက်ဖျက်ဆီး

မုံရွာမြို့နယ်မှာ CDM ကျောင်းဆရာမတစ်ဦး နေအိမ်ကို စစ်အုပ်စု ဝင်ရောက်ဖျက်ဆီး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတောမြောက်ကျေးရွာမှာ CDM ကျောင်းဆရာမတစ်ဦးရဲ့ နေအိမ်ကို ဝင်ရောက်ဖျက်ဆီးပြီး ခြိမ်းခြောက်စာတွေ ရေးသားသွားခဲ့တယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ သတင်းဖော်ပြလာခဲ့ပါတယ်။ CDMကျောင်းဆရာမရဲ့ နေအိမ်ကို စစ်အုပ်စုက ဖျက်ဆီးဝင်ရောက်ကာ ရေခဲသေတ္တာတစ်လုံးနဲ့ TV တစ်လုံးကို ခိုးယူသွားခဲ့ပြီး နေအိမ်အတွင်းက ပစ္စည်းတွေကို ဖျက်ဆီးကာ ခြိမ်းခြောက်စာတွေကိုပါ ရေးသားသွားခဲ့တာပါ။ စစ်အုပ်စုဟာ ညောင်ပင်ဇောက်ကျောက်ပေါက် အနီးမှာရှိတဲ့ တဲအိမ် ၂ လုံးကိုလည်း…

Read More
ဒီကနေ့ မုံရွာမြို့ပေါ်က ဆိုင်ကယ်သပိတ်

ဒီကနေ့ မုံရွာမြို့ပေါ်က ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အလိုမရှိကြောင်း မုံရွာလူငယ်များ အစည်းရုံး၊ မုံရွာမြို့ အခြေခံပညာကျောင်းသားများသမဂ္ဂနဲ့ ရပ်ကွက်သပိတ်စစ်ကြောင်းတွေ ပူးပေါင်းကာ ဆိုင်ကယ်တွေနဲ့ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ မုံရွာမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားပေမဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းဟာ အောင်မြင်စွာ လှည့်လည်နိုင်ခဲ့တယ်လို့ သိရပါတယ်

Read More
LGBT ရဲဘော်တွေ ဦးဆောင်ခဲ့တဲ့  မုံရွာ ပင်မသပိတ်လှုပ်ရှားမှု

LGBT ရဲဘော်တွေ ဦးဆောင်ခဲ့တဲ့ မုံရွာ ပင်မသပိတ်လှုပ်ရှားမှု

ယင်းမာပင်မြောက်ခြမ်း ကျေးရွာတစ်ရွာသို့ မုံရွာပင်မသပိတ် ဦးဆောင်ကော်မတီအဖွဲ့ဝင် LGBT သပိတ်ဦးဆောင်သူ မြင့်မြတ်နှင့် ရွာပေါင်းစုံသပိတ် ကော်မတီဝင် LGBT သပိတ်ဦးဆောင်သူတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ချီတက်ခဲ့ပြီး နိုင်ငံရေးတရားတွေ ဟောခဲ့တယ်လို့သိရပါတယ်။ အနောက်မြောက်လွင်ပြင်ရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၊ မုံရွာပင်မသပိတ်မှ LGBT သပိတ်ဦးဆောင်သူတစ်ဦးနဲ့အတူပူးပေါင်းပီး “ညီညွတ်မှ ပြည်သစ်ရမယ်” စာတမ်းကိုကိုင်ဆွဲကာ သပိတ်မှောက်ဆန္ဒပြခဲ့ကြတာပါ။

Read More
မုံရွာ အမှတ်(၂) ရဲစခန်း လက်ပစ်ဗုံးနဲ့ အပစ်ခံရ

မုံရွာ အမှတ်(၂) ရဲစခန်း လက်ပစ်ဗုံးနဲ့ အပစ်ခံရ

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း မုံရွာ ​အေးရိပ်သာလမ်းပေါ်မှာမရှိတဲ့ အမှတ်(၂)ရဲစခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုအချို့ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၃ရက်နေ့ မနက် ၅နာရီခန့်မှာ ရဲစခန်းအတွင်း ပေါက်ကွဲအသံအချို့ကို ကြားလိုက်ရပြီးနောက် သေနတ်သံတွေလည်း ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ “အမှတ်(၂)စခန်းထဲကနေ ဗုံးပေါက်သံထွက်လာတာ၊ အသံအကျယ်ကြီးပဲ ပြီးတော့ သေနတ်သံတွေလဲကြားရတယ်၊ ဗုံးပစ်ခံရတာလို့ပြောကြတယ် သေတာဒဏ်ရာရတာတွေတော့ မသိသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး အနောက်မြောက်လွင်ပြင်…

Read More
မုံရွာနဲ့ရွှေဘိုက ပြည်သူပိုင်ပစ္စည်းတွေကို အကြမ်းဖက်စစ်အုပ်စု အဓမ္မသိမ်း

မုံရွာနဲ့ရွှေဘိုက ပြည်သူပိုင်ပစ္စည်းတွေကို အကြမ်းဖက်စစ်အုပ်စု အဓမ္မသိမ်း

၃၀၊ အောက်တိုဘာလ၊ ၂၀၂၁။ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မုံရွာနဲ့ရွှေဘိုမြို့က ပြည်သူပိုင်အိမ်၊ဟိုတယ်နဲ့ဆိုင် ခန်းတွေကို အကြမ်းဖက်စစ်အုပ်စုက အဓမ္မသိမ်းယူနေတယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်း၊မုံရွာစက်မှုဇုန်အတွင်းက နေအိမ်၂လုံးနဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ပေါ်က ဟိုတယ်နဲ့ ဆိုင်ခန်းတချို့ကို နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းကြောင်း အနီရောင်ဗီနိုင်းတွေချိတ်ဆွဲထားတယ်လို့ ဒေသခံနွေဦးတော်လှန်ရေး စာမျက်နှာ ဘုတလင်နေ့စဉ်သတင်း ကဖော်ပြပါတယ်။ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို လက်ခံ၊ပုန်းရှောင်ခွင့်ပြုတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သိမ်းဆည်းတာလို့ သိ ရပါတယ်။ မုံရွာမြို့ပေါ်နေ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ‘အမှန်အကန်ကို လောဘဇောတိုက်ပြီးသိမ်းဆည်းနေ ပါတယ်။စကစ ရဲ့ရည်ရွယ်ချက်က ပြောက်ကျားတွေနဲ့ပတ်သက်ရင် ဒီလိုအသိမ်းခံရမယ်ဆိုပြီး အကြောက်တရား ပေးချင်တာ။နောက်တစ်ချက်ကတော့…

Read More
မုံရွာရဲစခန်း၂ခုနဲ့ အကောက်ခွန်ရုံး ဗုံးကွဲ၊၂ဦးသေ

မုံရွာရဲစခန်း၂ခုနဲ့ အကောက်ခွန်ရုံး ဗုံးကွဲ၊၂ဦးသေ

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။ သီတင်းကျွတ်လပြည့်နေ့ညမှာ မုံရွာမြို့ပေါ်ကရဲစခန်း၂ခုနဲ့ အကောက်ခွန်ရုံးတို့ကို ဗုံးနဲ့တိုက်ခိုက်ခဲ့ရာ အစောင့်စစ်သား၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ်(၁)ရဲစခန်းနဲ့ နန္ဒဝန်ရပ်ကွက်ရှိအမှတ်(၂)ရဲစခန်းတို့ကို မုံရွာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ PDF-South Monywa နဲ့ Monywa Heroes Group တို့က ဗုံးနဲ့တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အစောင့်တပ်သား၂ဦးသေဆုံးခဲ့ပါတယ်။ မုံရွာမြို့အကောက်ခွန်ရုံးကို ဖောက်ခွဲခဲ့ရာမှာတော့ အဆောက်အဦနံရံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ Monywa Heroes Group ကသတင်းထုတ်ပြန်ထားပါတယ်။ ‘ညတုန်းက ပေါက်ကွဲသံခပ်ကျယ်ကျယ်ကြားရတယ်။ဘယ်နေရာဘာဖြစ်မှန်းမသိဘူး။ဒိမနက်ကျမှ ရဲစခန်း၂ခုနဲ့ …

Read More