မုံရွာကPDFစခန်းတခု စီးနင်းမီးရှို့ခံရ၊ စစ်တပ်ကလူသားဒိုင်းအဖြစ် ဖမ်းဆီးလာသူတဦးကိုလည်း မီးရှို့ထားခဲ့

ဇွန်၊ ၁

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Area 71 Pepole Defence Force ရဲ့ စခန်း ကို စစ်ကောင်စီစစ်ကြောင်းက မနေ့က မနက်ပိုင်းမှာ စီးနင်းမီးရှို့ခဲ့သလို စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်လာ သူ တဦး ကိုလည်း ပစ်သတ်ပြီး စခန်းနဲ့အတူ မီးရှို့ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ Theo က DNAကို ပြော ပါ တယ်။

ချောင်းဦးမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာနဲ့ချောင်းဦးမြို့နယ်အစပ်က ကြေးမုံရွာ အရှေ့ ဘက်ကို အင်အားတရာလောက်နဲ့ ပိုက်စိပ်တိုက် စစ်ကြောင်းထိုးရှာဖွေမှုတွေလုပ်ခဲ့ပြီး ကာကွယ်ရေးတပ်စခန်းကို စီးနင်းခဲ့တာကြောင့် ကျပ်သိန်းသုံးရာဝန်းကျင်တန်ဖိုးရှိလက်နက်ခဲယမ်းတွေဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

“သတင်းရလို့လာတာ မဟုတ်ဘူး၊အရင်က ကျွန်တော်တို့ ဝိုင်းဆော်ထားလို့ နယ်မြေရှင်းလင်းရေးစစ်ကြောင်း ထိုး ရာကနေ ကြက်ကန်းတောတိုးသွားတာပါ၊ကျွန်တော်တို့ သေနတ်တွေပဲ သယ်နိုင်ခဲ့တယ်၊ကျန်တာတော့ အကုန် မီး ရှို့ခံလိုက်ရတယ်၊ကျဆုံးတာတော့မရှိဘူး၊သူတို့လူသားဒိုင်းအဖြစ်ခေါ်လာတဲ့ သူအလောင်းကိုတော့ ကျွန်တော်တို့ နယ်မြေသွားရှင်းလင်းတဲ့အချိန်မှာတွေ့ရှိခဲ့တာပါလို့ ” Area 71 PDF တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကြောင်းနဲ့အတူ ခေါ်လာပြီး သတ်ဖြတ်ခံရသူဟာ ဦးခေါင်းပွင့်ထွက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့အပြင် မီး လည်းအရှို့ခံထားရ တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

 စခန်းရှိတဲ့နေရာ ဘက်ကို စစ်ကောင်စီစစ်ကြောင်းလာနေကြောင်း ကြိုတင်သတင်းပေးမှုရခဲ့လို့ရှောင် တိမ်းနိုင်ခဲ့ တာကြောင့် Area 71 PDF တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။

အဲ့ဒီတပ်ဖွဲ့ရဲ့ စခန်းကတော့ မီးရှို့ဖျက်ဆီးခံရတာကြောင့် ဆိုင်ကယ်တစ်စီး၊မိုင်း ၊ယမ်းအိတ်၊ရိက္ခာတွေအပါအဝင် လက်နက်နဲ့တခြားဆက်စပ်ပစ္စည်းတွေ စုစုပေါင်းကျပ်သိန်းသုံးရာဝန်းကျင်လောက် ဆုံးရှုံးခဲ့တယ်လို့  Area 71 PDF တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ Theo ကပြောပါတယ်။

“အခက်အခဲကတော့ သိတဲ့အတိုင်း ကျွန်တော်တို့မှာက ကြက်ကောက်ကောက်ထားရတာ၊ ခက်ခက်ခဲခဲပြန်စရဦး မယ်၊ကူမယ့်သူရှိရင်တော့ မြန်မြန်ဝယ်ပြီး မြန်မြန် ပြန်ချလို့ ရတာပေါ့” လို့ သူကဆိုပါတယ်။