ပုလဲမြို့ပေါ် ပြည်သူကိုရိုက်နှက်နေတဲ့ရဲ ဓားနဲ့ရှင်းလင်းခံရပြီး သေဆုံ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ဈေးအနီး ရိုက်နှက်ခံနေရတဲ့ပြည်သူတစ်ဦးကို ဝင်ရောက်ကယ်တင်ရင်း ပြန်လည်ခုခံ တဲ့အကြမ်းဖက်ရဲကို ဓားနဲ့ရှင်းလင်းခဲ့ကြောင်း ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
ယမန်နေ့က ပုလဲမြို့ပေါ်ဈေးနားမှာ မိုင်းတွေ့ရှိတာနဲ့ပတ်သက်ပြီး ဈေးသည်တစ်ဦးကို အကြမ်းဖက်ရဲတစ် ဦး က ဈေးအနီးလမ်းကြားတစ်ခုမှာ ရိုက်နှက်စစ်ဆေးနေစဉ် ဒေါင်းနက်ပြောက်ကျားရဲဘော်နှစ်ဦးက ဝင်ရောက် ကယ်တင်ရင်းဓားနဲ့ရှင်းလင်းခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကာ ဖမ်းဆီးခံပြည်သူ လွတ်မြောက်သွားပါတယ်။
‘အဲဒီရဲတွေက ဘုန်းကြီးတွေမရှိတော့တဲ့ခါးပန်းနီဘုန်းကြီးကျောင်းထဲမှာ အခြေစိုက်နေပြီး အဲဒီနားက Mytel တာဝါတိုင်ကိုစောင့်နေကြတဲ့ရဲတွေပါ။ဘယ်သူထောင်ထားမှန်းမသိတဲ့ မိုင်းကိုတွေ့ပြီး အနီးဝန်းကျင်က လူတွေကိုရိုက်နှက်စစ်ဆေးနေတာ။အရိုက်ခံရတဲ့ဈေးသည်က လမ်းကြားထဲဝင်သွားတာကို နောက်ကနေ ရဲကလိုက် ရိုက်လို့ ကျွန်တော်တို့ရဲဘော်၂ဦးက ရဲကိုရှင်းလိုက်တာ’လို့ ဒေါင်းနက်ပြောက်ကျားခေါင်းဆောင် ရဲဘော်ပေကပြောပါတယ်။
ရှင်းလင်းခံရတဲ့ရဲဟာ သူကိုင်ထားတဲ့ လက်ထိပ်နဲ့ပြန်လည်ခုခံခဲ့ရာ ဒေါင်းနက်ရဲဘော်တစ်ဦးလက်ကျိုးသွား တယ်လို့သိရပါတယ်။