မြဝတီမြို့က BGF တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်နေအိမ် မိုင်းပေါက်

Photo – CJ
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက် နယ်ခြားစောင့်တပ် -BGF တပ်နယ်(၄) တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်ပိုင် နေအိမ်နီးမှာ မနေ့ည ၉နာရီ မိနစ် ၂၀လောက်မှာ မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ KIC သတင်းဌာနက ဖော်ပြပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ဗိုလ်မှူးမုတ်သုန်ပိုင်ဆိုင်တဲ့ လင်းသီရိမုန့်ဆိုင်က တံခါးမှန်တချို့ ပျက်စီးခဲ့တယ်လို့ အနီးဝန်းကျင်နေထိုင်သူတဦးက ပြောပါတယ်။
“ပေါက်ကွဲတဲ့ အသံက အတော်လေးကျယ်တယ်။ အနီးအနားမှာပဲ ဖြစ်သွားတာဆိုတော့ အိမ်ပါတုန်သွားတယ်။ နောက်မှသိရတာက မြဝတီ ရပ်ကွက် ၃ ဓိဌာန်အောင်လမ်းနှင့် မီးသတ်လမ်းဆုံနားက ဗိုလ်မုတ်သုန်ပိုင်တဲ့ လင်းသီရိဆိုင်က မှန်တံခါးတွေတောင် ကွဲသွားတယ်”လို့ သူက ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်တဲ့ နေရာနဲ့ ကိုက် ၅၀အကွာမှာ မြဝတီမြို့နယ်စုပေါင်းရုံးအပြင် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာရုံးတွေ ရှိတယ်လို့ သိရပါတယ်။
အဲဒီပေါက်ကွဲမှု မတိုင်ခင်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ကျောက် လုံးကြီးရပ်ကွက် အနောက်ဘက်ခြမ်းဝန်းကျင်မှာ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားမှုအရ သိရပါတယ်။
Source – KIC