မုံရွာ အမှတ်(၂) ရဲစခန်း လက်ပစ်ဗုံးနဲ့ အပစ်ခံရ

မုံရွာ အမှတ်(၂) ရဲစခန်း လက်ပစ်ဗုံးနဲ့ အပစ်ခံရ

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း မုံရွာ ​အေးရိပ်သာလမ်းပေါ်မှာမရှိတဲ့ အမှတ်(၂)ရဲစခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုအချို့ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၃ရက်နေ့ မနက် ၅နာရီခန့်မှာ ရဲစခန်းအတွင်း ပေါက်ကွဲအသံအချို့ကို ကြားလိုက်ရပြီးနောက် သေနတ်သံတွေလည်း ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ “အမှတ်(၂)စခန်းထဲကနေ ဗုံးပေါက်သံထွက်လာတာ၊ အသံအကျယ်ကြီးပဲ ပြီးတော့ သေနတ်သံတွေလဲကြားရတယ်၊ ဗုံးပစ်ခံရတာလို့ပြောကြတယ် သေတာဒဏ်ရာရတာတွေတော့ မသိသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး အနောက်မြောက်လွင်ပြင်…

Read More
မုံရွာနဲ့ရွှေဘိုက ပြည်သူပိုင်ပစ္စည်းတွေကို အကြမ်းဖက်စစ်အုပ်စု အဓမ္မသိမ်း

မုံရွာနဲ့ရွှေဘိုက ပြည်သူပိုင်ပစ္စည်းတွေကို အကြမ်းဖက်စစ်အုပ်စု အဓမ္မသိမ်း

၃၀၊ အောက်တိုဘာလ၊ ၂၀၂၁။ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မုံရွာနဲ့ရွှေဘိုမြို့က ပြည်သူပိုင်အိမ်၊ဟိုတယ်နဲ့ဆိုင် ခန်းတွေကို အကြမ်းဖက်စစ်အုပ်စုက အဓမ္မသိမ်းယူနေတယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်း၊မုံရွာစက်မှုဇုန်အတွင်းက နေအိမ်၂လုံးနဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ပေါ်က ဟိုတယ်နဲ့ ဆိုင်ခန်းတချို့ကို နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းကြောင်း အနီရောင်ဗီနိုင်းတွေချိတ်ဆွဲထားတယ်လို့ ဒေသခံနွေဦးတော်လှန်ရေး စာမျက်နှာ ဘုတလင်နေ့စဉ်သတင်း ကဖော်ပြပါတယ်။ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို လက်ခံ၊ပုန်းရှောင်ခွင့်ပြုတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သိမ်းဆည်းတာလို့ သိ ရပါတယ်။ မုံရွာမြို့ပေါ်နေ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ‘အမှန်အကန်ကို လောဘဇောတိုက်ပြီးသိမ်းဆည်းနေ ပါတယ်။စကစ ရဲ့ရည်ရွယ်ချက်က ပြောက်ကျားတွေနဲ့ပတ်သက်ရင် ဒီလိုအသိမ်းခံရမယ်ဆိုပြီး အကြောက်တရား ပေးချင်တာ။နောက်တစ်ချက်ကတော့…

Read More
မုံရွာရဲစခန်း၂ခုနဲ့ အကောက်ခွန်ရုံး ဗုံးကွဲ၊၂ဦးသေ

မုံရွာရဲစခန်း၂ခုနဲ့ အကောက်ခွန်ရုံး ဗုံးကွဲ၊၂ဦးသေ

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။ သီတင်းကျွတ်လပြည့်နေ့ညမှာ မုံရွာမြို့ပေါ်ကရဲစခန်း၂ခုနဲ့ အကောက်ခွန်ရုံးတို့ကို ဗုံးနဲ့တိုက်ခိုက်ခဲ့ရာ အစောင့်စစ်သား၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ်(၁)ရဲစခန်းနဲ့ နန္ဒဝန်ရပ်ကွက်ရှိအမှတ်(၂)ရဲစခန်းတို့ကို မုံရွာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ PDF-South Monywa နဲ့ Monywa Heroes Group တို့က ဗုံးနဲ့တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အစောင့်တပ်သား၂ဦးသေဆုံးခဲ့ပါတယ်။ မုံရွာမြို့အကောက်ခွန်ရုံးကို ဖောက်ခွဲခဲ့ရာမှာတော့ အဆောက်အဦနံရံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ Monywa Heroes Group ကသတင်းထုတ်ပြန်ထားပါတယ်။ ‘ညတုန်းက ပေါက်ကွဲသံခပ်ကျယ်ကျယ်ကြားရတယ်။ဘယ်နေရာဘာဖြစ်မှန်းမသိဘူး။ဒိမနက်ကျမှ ရဲစခန်း၂ခုနဲ့ …

Read More
မုံရွာမှာ စစ်အုပ်စု နုတ်ထွက်စာတင်ခိုင်းထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူ့အမွှာကို အသတ်ခံရ

မုံရွာမှာ စစ်အုပ်စု နုတ်ထွက်စာတင်ခိုင်းထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူ့အမွှာကို အသတ်ခံရ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ မုံရွာမြို့ ကျောက္ကာမြောက်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက နုတ်ထွက်စာအကြိမ်ကြိမ်တင်ခိုင်းထားတဲ့ အုပ်ချုပ်ရေးမှူး ကိုညီညီဝင်းနဲ့ သူ့အမွှာအစ်ကိုဖြစ်သူကို အမည်သူအဖွဲ့က သေနတ်နဲ့လာရောက် ပစ်သတ်ခဲ့ပါတယ်။  CDMသဘောမျိုးလုပ်နေတဲ့ ကျောက်က္ကာမြောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုဝင်းဟာ အောက်တိုက်ဘာလ ၁၇ရက်နေ့ မနက်ပိုင်းမှာ သူ့အမွှာအစ်ကိုဖြစ်သူနဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ်မှာ အခုလို လာရောက်ပစ်ခတ်သွားတာလို့ သိရပါတယ်။ “အုပ်ကြီးက  CDMပုံစံမျိုးလုပ်နေတာ အဲ့ဒါမို့ စစ်တပ်က သူ့ကို ထွက်ခိုင်းတာ ၃ကြိမ်ရှိပြီ ကျန်ခဲ့တဲ့ရက်ကတော့ သူနုတ်ထွက်စာတင်လိုက်တယ်ကြားတယ်၊ အခုလာပစ်သွားတာကလဲ ဒီလိုလူမျိုးကို…

Read More
မုံရွာအိမ်တစ်အိမ် စစ်တပ်ဝင်စီး၊လူမတွေလို့ အိမ်မီးရှို့

မုံရွာအိမ်တစ်အိမ် စစ်တပ်ဝင်စီး၊လူမတွေလို့ အိမ်မီးရှို့

၂၊ စက်တင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊မုံရွာမြို့၊မဂ္ဂင်ဘုန်းကြီးကျောင်းနားကအိမ်တစ်အိမ်ကို စစ်တပ်ကဝင်ရောက်စီးနင်းခဲ့ပြီး လူကိုမတွေ့လို့ အိမ်မီးရှို့သွားပါတယ်။ မုံရွာမြို့၊အက်တောရပ်ကွက်၊မဂ္ဂင်ကျောင်းအနီးက အိမ်တစ်အိမ်ကို ဒီနေ့ညနေ၃နာရီခွဲလောက်မှာ စစ်တပ်က သေနတ်ပစ်ဖောက် ကာ ဝင်စီး ခဲ့တာပါ။ ‘အိမ်ကိုမဝင်ခင် အိမ်ထဲကို သေနတ်၉ချက်လောက်ပစ်တယ်။အိမ်ထဲကနေ ဘာတုံ့ပြန်သံမှ မကြားတော့ အိမ်ထဲ ဝင်ရှာတယ်။ဘယ်သူမှ မတွေ့တော့ ဆိုင်ကယ်တွေနဲ့ ပစ္စည်းတချို့သယ်ပြီး အိမ်ကိုမီးရှို့ပြီး ထွက်သွားတယ်’လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။ စစ်တပ်ဟာ စစ်ကား၁၀စီးကျော်နဲ့ ရောက်လာတာဖြစ်ပြီး လမ်းဟိုဘက်ဒီဘက်ထိပ်ကို စစ်ကားတွေနဲ့ ပိတ်ဆို့ လုံ…

Read More
မုံရွာမှာ NUGကို ထောက်ခံကြောင်း Facebook ပရိုဖိုင်ချိန်းထားတဲ့ ဗိုလ်မှူးကတော် အမှုဖွင့်ခံရ

မုံရွာမှာ NUGကို ထောက်ခံကြောင်း Facebook ပရိုဖိုင်ချိန်းထားတဲ့ ဗိုလ်မှူးကတော် အမှုဖွင့်ခံရ

၂၆၊ ဩဂုတ်လ၊ ၂၀၂၁။ မုံရွာမြို့ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်းမှာ ဖက်ရှင်စတိုးဆိုင်ဖွင့်ထားတဲ့ ဗိုလ်မှူးကတော် တစ်ဦးကို Facebook ပရိုဖိုင်မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ထောက်ခံကြောင်း ပရိုဖိုင်ချိန်းထားလို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရာရှိတစ်ဦးက မုံရွာ အမှတ်(၁) ရဲစခန်းမှာ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့် တိုင်တန်းထားတယ်လို့ သိရပါတယ်။   အခုလို အမှုဖွင့်တိုင်တန်းထားတာနဲ့ ပက်သက်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ မိန်းမတွေ စုစည်းဖွဲ့စည်းထားတဲ့ Telegram ဂရုတစ်ခုဖြစ်တဲ့ ဖရဲသီးနှိမ်နင်းရေး…

Read More