မုံရွာမြို့ ကျောက်စစ်ပုံကျေးရွာအနီး စစ်အုပ်စုကားတစ်စီး မိုင်းထိပြီး ၁၀ဦးကျော်သေp

မုံရွာမြို့ ကျောက်စစ်ပုံကျေးရွာအနီး စစ်အုပ်စုကားတစ်စီး မိုင်းထိပြီး ၁၀ဦးကျော်သေp

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက်စစ်ပုံကျေးရွာ လမ်းထိပ်အနီးမှာ စစ်အုပ်စုရဲ့ ကားတစ်စီး မိုင်းထိမှန်ပြီး ၁၀ဦးကျော်သေဆုံးခဲ့တယ်လို့ Chindwin Attack Force က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ မနက် ၇နာရီ ၂၀မိနစ်ခန့်မှာ စစ်အုပ်စုဝင်တွေ လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဉ်တစ်စီးကို Chindwin Attack Force ရဲ့ တပ်ခွဲ (၄) Fight People FFPအဖွဲ့နဲ့ Yan Gyi Aung အဖွဲ့တို့ပူးပေါင်းပြီး…

Read More
မုံရွာ-ချောင်းဦး-မြင်းမူ လမ်းပိုင်းပေါ် ရောက်နေတဲ့ကားတွေ ခေတ္တရပ်ထားကြဖို့ ထုတ်ပြန်

မုံရွာ-ချောင်းဦး-မြင်းမူ လမ်းပိုင်းပေါ် ရောက်နေတဲ့ကားတွေ ခေတ္တရပ်ထားကြဖို့ ထုတ်ပြန်

မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်းပေါ်ရောက်ရှိနေတဲ့ ကားတွေအနေနဲ့ ရောက်ရာအရပ်မှာ ခေတ္တရပ်နားထားဖို့ Chaung U Revolution က အရေးပေါ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလမ်းပိုင်းကို အခုကြေညာချက် ထုတ်ပြန်ချိန်ကနေ နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်မီအထိ အရေးပေါ် လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း Chaung U Revolution က ဒီနေ့မနက် ၁၀ နာရီမိနစ် ၂၀ မှာ ထုတ်ပြန်ထားပါတယ်။ မုံရွာမြို့၊…

Read More
သင်္ကြန်မဏ္ဍပ်အတွက် သစ်ခွဲသားထုတ်ပေးနေတဲ့ မုံရွာမြန်မာ့သစ်လုပ်ငန်းကို မိုင်းနှစ်လုံးနဲ့ဖောက်ခွဲ

သင်္ကြန်မဏ္ဍပ်အတွက် သစ်ခွဲသားထုတ်ပေးနေတဲ့ မုံရွာမြန်မာ့သစ်လုပ်ငန်းကို မိုင်းနှစ်လုံးနဲ့ဖောက်ခွဲ

သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ သစ်ခွဲသားတွေကို ၂၄ နာရီထုတ်လုပ်ပေးနေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မြန်မာ့သစ် လုပ်ငန်း (မုံရွာ) စက်ရုံကို မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၈ ရက်နေ့ ညဦးပိုင်းမှာ Democratic Guerrilla Force-DGF က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အိုးဘို‌‌ထောင်ရပ်ရှိ အမှတ် (၁) သစ်ပါးလွှာစက်ရုံ (မုံရွာ) က မီးလိုင်းနှစ်လိုင်းကို ဖြတ်တောက်နိုင်ခဲ့တယ်လို့ လည်း DGF က ထုတ်ပြန်ပါတယ်။ အခုရက်ပိုင်းမှာ…

Read More
စစ်အုပ်စုရဲ့ တင့်ကားသယ်ယာဉ်တန်းကို PDFတွေ ကြားဖြတ်တိုက်ခိုက်

စစ်အုပ်စုရဲ့ တင့်ကားသယ်ယာဉ်တန်းကို PDFတွေ ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ အရာတော်မြို့ကို ဦးတည်မောင်းနှင်လာပြီး တင့်ကားတွေ တင်ဆောင်လာတဲ့ စစ်အုပ်စုရဲ့ ကား ၉စီးပါ ယာဉ်တန်းကို မဟာမိတ်ညီနောင် ၉ဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Knights Of The Red Land(KORL) က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၇ရက်နေ့ ည၁၀နာရီ ၃၀မိနစ်လောက်မှာ ရေနံဘိုကျေးရွာနဲ့ ဝါးတန်းကျေးရွာအကြားမှာ စစ်အုပ်စုရဲ့ ယာဉ်တန်းကို ပဒေသာမိုင်း ၅လုံး၊ တူမီးရှေ့ထွက်ကြီး ၂လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။…

Read More
မုံရွာမြို့ Mytelရုံးမှာ လုံခြုံရေးယူနေတဲ့ စစ်အုပ်စု အတိုက်ခံရ

မုံရွာမြို့ Mytelရုံးမှာ လုံခြုံရေးယူနေတဲ့ စစ်အုပ်စု အတိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့ ကျောက္ကာလမ်းပေါ်မှာရှိတဲ့ စစ်အုပ်စုခေါင်းဆောင်ပိုင် Mytelရုံးမှာ လုံခြုံရေးရယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၇ရက်နေ့ မွန်းလွဲ ၁နာရီခွဲလောက်က ဗိုလ်တုပ်လေးဦးဆောင်တဲ့ မြို့ပေါ်ပြောက်ကျားအဖွဲ့က 79သေနတ်နဲ့ 40မမ ဗုံးသီးပစ်ထည့်ပြီးနောက် Unity Force Monywa , Monywa Hero Group နဲ့ Brother Defense Forceအဖွဲ့တွေက ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့…

Read More
မုံရွာမြို့ ၆ နေရာမှာ ဖောက်ခွဲတိုက်ခိုက်

မုံရွာမြို့ ၆ နေရာမှာ ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာထောင်ထဲက အကြမ်းဖက်မှုကို တုံ့ပြန်တဲ့အနေနဲ့ မုံရွာမြို့ပေါ်က နေရာ ၆ ခုမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force က ထုတ်ပြန်ပါတယ်။ မုံရွာထောင်ထဲ မတရားမှုကို တော်လှန်ဆန္ဒပြနေချိန်မှာ Unity Force Monywa, Brother Defense Force နဲ့ မြို့ပေါ် ပြောက်ကျားမဟာမိတ်အဖွဲ့တွေဟာ ယမန်နေ့ညနေ ၆ နာရီခွဲလောက်က မုံရွာမြို့လယ်မီးပွိုင့်၊ ဇရပ်ဝိုင်းမီးအပွိုင့်အနီး၊ ကျောက်ကာလမ်းနဲ့ သီတာလမ်းထိပ်၊ ကျောက်ကာလမ်းပေ (၈၀)…

Read More
မုံရွာထောင်တွင်းဆန္ဒပြမှုဖြစ်ပြီးနောက် မြို့တွင်းပေါက်ကွဲမှုတွေဖြစ်ပေါ်

မုံရွာထောင်တွင်းဆန္ဒပြမှုဖြစ်ပြီးနောက် မြို့တွင်းပေါက်ကွဲမှုတွေဖြစ်ပေါ်

မုံရွာမြို့ ၊ ရုံးကြီးရပ်က အကျဉ်းထောင်မှာ ဒီနေ့ ဧပြီလ ၃ရက် ညနေ ၅နာရီက ထောင်တွင်းဆန္ဒပြမှုဖြစ်ပြီးနောက် မြို့တွင်း ပေါက်ကွဲမှုတွေ ဖြစ်နေတယ်လို့ Chindwin Post သတင်းဌာနက ဖော်ပြပါတယ်။ ” ဒီချိန်ဆိုထောင်ထဲက လူစစ်ချိန်ပါ၊ ညီရဲ့လားဟေ့လို့အော်သံကြားပြီး သေနတ်သံတွေကြားတာ၊စစ်ကားတွေ ခဏကြာတော့လာတယ်၊ ထောင်နဲ့နီးတဲ့ ညစျေးတန်းဘက်ကစျေးသည်တွေ အကုန်သိမ်းပြန်ကြပြီး သံပြားကာကားတွေ မြစန္ဒာရုပ်ရှင်ရုံနား ရပ်ထားတယ် “လို့ ထောင်အနီးရှိ စျေးဆိုင်ပိုင်တစ်ဦးက ပြောပါတယ်။ မြို့တွင်း ဖောက်ခွဲတာတွေ…

Read More
စစ်အုပ်စုရဲ့ မအူဂိတ် အတိုက်ခံရပြီး ၄ ဦးသေ

စစ်အုပ်စုရဲ့ မအူဂိတ် အတိုက်ခံရပြီး ၄ ဦးသေ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-မန္တလေး လမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မအူစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ ဦး သေဆုံးခဲ့တယ်လို့ Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၂၃ ရက်နေ့ မနက် ၂ နာရီခန့်မှာ မုံရွာ-မန္တလေး ကားလမ်းပေါ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေးကာ မတရားငွေတောင်းခံမှုတွေ လုပ်နေတဲ့ စစ်အုပ်စုရဲ့ မအူဂိတ်ကို Monywa…

Read More
မုံရွာမြို့ပေါ်က ကမ္ဘောဇဘဏ်ခွဲ ၃ ခုကို ဗုံးခွဲတိုက်ခိုက်

မုံရွာမြို့ပေါ်က ကမ္ဘောဇဘဏ်ခွဲ ၃ ခုကို ဗုံးခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ ၃ ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ People’s Defence Force – South Monywa ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုကို People’s Defence Force – South Monywa နဲ့အတူ Black Dragon Special Task Force၊ Knights Of The Red Land အဖွဲ့တို့ပူးပေါင်းပြီး မတ်လ ၁၉…

Read More
မုံရွာ နမခအတွင်း ပြင်းထန်တဲ့ပေါက်ကွဲသံ ကြားရ

မုံရွာ နမခအတွင်း ပြင်းထန်တဲ့ပေါက်ကွဲသံ ကြားရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းထန်တဲ့ပေါက်ကွဲသံတစ်ခု ကြားရတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၇ နာရီလောက်မှ ာမုံရွာမြို့အထွက် ဘုတလင်ဘက်သွားတဲ့လမ်းပေါ်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ BE တပ်လောက်မှာ ပေါက်ကွဲသံ ကြားရကြောင်း သိရပါတယ်။ မုံရွာမြို့၊ ထန်းတောရပ်ကွက်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးက ‘မြို့အထွက်မှာနေတဲ့သူတွေ ပြောကြတယ်။ နမခထဲက တော်တော်ကျယ်တဲ့ ပေါက်ကွဲသံလို့ ပြောတယ်။ ဘာပေါက်ကွဲတာလဲ ဆိုတာတော့ မသိကြသေးဘူး’ လို့ ပြောပါတယ်။…

Read More