ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့၊ မြစ်သာမြစ်အရှေ့ဘက်က ဥယျာဥ်ကျေးရွာကို မီးရှို့နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အရှေ့ဘက် ဥယျာဥ်ကျေးရွာကို ဇူလိုင် ၂၄ ရက်က အကြမ်းဖက်စစ်တပ်က မီးရှို့နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “မနေ့က ညကလည်း ရှို့တယ်။ ခုမနက်လည်းရှို့နေတာ။ ဘယ်နှစ်အိမ်လောင်ပြီလဲတော့မသိဘူး” လို့ ဆိုပါတယ်။ ဥယျာဥ်ကျေးရွာကို မီးရှို့နေတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြ၀တီ-ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ဒေသအတွင်း နေ့စဉ် တိုက်ပွဲဖြစ်ပွားနေ

KNU တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်းအတွင်း မြဝတီ-ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ဒေသအတွင်းမှာ အကြမ်းဖက်စစ်အုပ်စု နဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KNLA နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။ အကြမ်းဖက်စစ်အုပ်စုဖက်က ကရင်နယ်ခြားစောင့်တပ် BGF [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပင်လယ်နက်ဆိပ်ကမ်းကနေ စပါးတင်ပို့ဖို့ ရုရှားနဲ့ ယူကရိန်း သဘောတူလက်မှတ်ရေးထိုး

ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းကနေ စပါးတွေ တင်ပို့ခွင့်ပြုဖို့အတွက် ရုရှားနဲ့ ယူကရိန်း တာဝန်ရှိသူတွေက ဇူလိုင်လ ၂၂ရက်နေ့မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီသဘောတူညီချက်ဟာ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ဖြေလျှော့ပေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ တူရကီသမ္မတ ရီဆက်ပ်တေယစ်အာဒိုဂန်တို့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကင်မွန်းချုံကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးပြီး ပစ္စည်းတွေခိုးယူ

ကလေးမြို့၊ မြစ်သာမြစ်အရှေ့ဘက်၊ ကင်မွန်းချုံရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မီးထပ်ရှို့ပြီး အိမ်ထဲက ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ဒီမနက် ၁၀ နာရီခွဲလောက်မှာ တစ်အိမ်အိမ်ကို မီးစရှို့နေပြန်ပြီ။ မနေ့ကတော့ သုံးလုံးရှို့တယ်။ အိမ်ကောင်းတွေရွေးရှို့တာဗျ။ လက်နက်သံလည်း တစ်ချက်တစ်ချက်ကြားရတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်က ဆေးဆိုင်တွေ အကန့်အသတ်နဲ့သာ ရောင်းနေရ

ရန်ကုန်မှာ အိမ်သုံးဆေးဝါးစျေးနှုန်းတွေမြင့်တက်လာတာကြောင့် အိမ်သုံးဆေးဝါးရောင်းချတဲ့ဆေးဆိုင်တချို့မှာ ဆေးဝါးကို အကန့်အသတ်နဲ့ရောင်းချနေကြတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေကပြောပါတယ်။ “ဆေးကဝယ်ချင်တိုင်း ဝယ်မရတော့ဘူး။ဒီဂိုဂျင်ဆိုရင် တစ်လုံး ၃၀၀ ၊လူတစ်ယောက်ကို ပါရာစီတမော့တို့၊ဒီကိုဂျင်နဲ့ ချောင်းဆိုးပျောက်ဆေးတွေဆိုရင် အများဆုံး နှစ်ကဒ်ပဲဝယ်လို့ရတော့တယ်။တချို့ဆိုင်တွေဆိုရင် ပိတ်ထားတယ်။ ဝယ်လို့မရဘူး။”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကပြောပါတယ်။ လက်ရှိမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CNG ပြတ်လပ်လို့ ဂက်စ်သုံးယာဥ်တွေ အခက်အခဲတွေဖြစ်နေ

ရန်ကုန်တိုင်းအတွင်းက သဘာဝဓာတ်ငွေ့ CNG ဂက်စ်တွေ ပြတ်လပ်မှုကြောင့် CNG သုံးယာဥ်မောင်းတွေအနေနဲ့အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ “ဂက်စ်က ပြတ်လပ်နေတာ မနေ့ ညနေပိုင်းလောက်ကတည်းကပဲ။ ရတဲ့ဆိုင်တွေကျတော့လည်း လေပေါင်က မပြည့်တော့ ဆိုင်တွေမှာ ဂက်စ်ဖြည့်မယ့်ကားတွေက တန်းစီနေတာပဲ။ အခုစောင့်နေတာတောင် ၁ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ မင်းအောင်လှိုင်ကတိပေးခဲ့တယ်လို့ အာဆီယံအထူးသံပြော

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကတိပေးခဲ့ကြောင်း အာဆီယံအထူးသံတမန် ပရတ်ဆွန်ခွန်းက ပြောကြားခဲ့တယ်လို့ phnom penh post သတင်းဌာန ဖော်ပြပါတယ်။ အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရမယ့် ကောင်းမွန်တဲ့ အလားအလာတစ်ရပ်ရှိပါတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာဘက်က ကနဦးကန့်ကွက်ချက်အားလုံးကို ICJ တရားရုံး ပယ်ချ

ICJ တရားရုံးက ပြုလုပ်တဲ့ ဒီနေ့ ဇူလိုင်လ ၂၂ရက်နေ့ ကြားနာပွဲမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုမှာ မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့၊ ဒ.က.စ လမ်းထဲမှာ စစ်ကားတစ်စီး မိုင်းဆွဲခံရ

ကလေးမြို့၊ အောင်ဇေယျရပ်ကွက်၊ ဒ.က.စ အထွက် သုခကမ္ဘာနဲ့ရွှေစင် (၂) ကြားမှာ ဒီကနေ့ဇူလိူင်လ ၂၃ ရက်၊မနက် ၈ နာရီဝန်းကျင်က အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကားတစ်စီး မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အိမ်တွေတောင်တုန်သွားတာပဲ။ ဒါတောင်ကျနော်တို့ကတော်တော်လှမ်းသေးတာ။ အိမ်ပေါ်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တစ်ပတ်အတွင်း ဆန်ဈေး တသောင်းကျော်တက်ပြီး ထပ်မံတက်ရိပ်ပြနေစဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကနေထွက်ရှိနေတဲ့ ဆန်အချောစျေးနှုန်းတွေဟာ တစ်ပတ်အတွင်းမှာ ကျပ်တစ်သောင်းကျော်အထိမြင့်တက်လာနေပြီး ရက်ပိုင်းအတွင်း ဆန်စျေးထပ်တက်ဖို့ရှိနေတယ်လို့ ဆန်ကုန်သည်အချို့က ပြောပါတယ်။ “ဒီနေ့ဆို ဇူလိုင် ၂၃ရက်ရှိပြီ။၁၀ရက်အတွင်းလို့ပြောလို့ရမယ်။၁၀ရက်တောင်မရှိသေးပါဘူး။၇ရက်၊၈ရက်အတွင်းကို ရွှေဘိုဆန်စျေးက အခုတစ်သောင်းကျော်တက်သွားပြီ။သောင်းနှစ်ထောင်၊သောင်းသုံးထောင်လောက်အထိတက်နေတယ်။ မနက်ဖြန်နဲ့ ဒီနေ့စျေးတောင် ရွှေဘိုစျေးက မငြိမ်သေးဘူး။ထပ်တက်ဖို့ရှိတယ်။”လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။ ရွှေဘိုဆန်စျေးဟာ [ဆက်လက်ဖတ်ရှုရန်]