အားကစားကဏ္ဍ

မက်ဆီနဲ့ စီရော်နယ်ဒိုမရှိတော့ပေမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ပြိုင်ဆိုင်မှု အားကောင်းနေဆဲ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ရီးရဲလ်မက်ဒရစ် ဝါရင့်တိုက်စစ်မှူး ဘန်ဇီးမားက လာလီဂါမှာ မက်ဆီနဲ့ စီရော်နယ်ဒို မရှိတော့ပေမယ့် အခါးသီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ပြိုင်ဆိုင်မှုကတော့ အားကောင်းနေဆဲလို့ဆိုပါ တယ်။ အရင်က စပိန်လာလီဂါမှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နှစ်ပတ်တာအတွင်း KNUနဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၂၀ကျော် သေ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ကရင်အမျိုးသားအစည်းအရုံး ၊KNUထိန်းချုပ်နယ်မြေအတွင်းမှာ အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၄ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLA ၊ KNDOတို့အကြား တိုက်ပွဲပေါင်း ၉၂ပွဲအထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂၆ဦးသေဆုံးကာ KNLAက ၂ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းပြီးနောက် ခရမ်းမြို့ပေါ် စစ်ဆေးမေးမြန်းဆက်တိုက်ကြမ်းလာ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်ဆေးမေးမြန်းမှုတွေကို ဆက်တိုက်ပြု လုပ်လာတယ်လို့သိရပါတယ်။  အောက်တိုဘာ၁၃ရက်နေ့ကစပြီး ခရမ်းမြို့နယ်ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုခန့်ရပ်ကျေးအုပ်ချုပ်ရေး မှူးလုံးဝကင်းစင်တဲ့ မြို့အဖြစ် စံချိန်တင်ခဲ့ပြီးနာက် ခရမ်းမြို့ပေါ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို လဲလှယ်ခဲ့ပါတယ်။ အသစ်ရောက်လာတဲ့စစ်တပ်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားမှာ ကိုဗစ်ကြောင့် သေဆုံး၊ကူးစက် စံချိန်တင်များလာ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ရုရှားနိုင်ငံမှာ လေးရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးနဲ့ ကူးစက်သူဦးရေဟာ ကိုဗစ်စတင်ဖြစ်ပေါ်ချိန်ကထက် ပိုမိုများပြားလာခဲ့ပြီလို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်နဲ့ပတ်သက်လို့ ရုရှားနိုင်ငံရဲ့ အစီရင်ခံစာတွေအရ သေဆုံးမှုအသစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နှစ်ရက်အတွင်း ငလျင်လှုပ်ခတ်လို့ ဆူနာမီလို ချော်ရည်တွေ ထွက်လာတဲ့ စပိန်လာပယ်မာမီးတောင်

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ စပိန်ကျွန်းက လာပယ်မာ မီးတောင်မှာ နှစ်ရက်အတွင်း ငလျင် လှုပ်ခတ်မှုတွေကြောင့် မီးတောင်အတွင်းကနေ ဆူနာမီလိုပုံစံ ချော်ရည်တွေ ထွက်လာသလို အန္တရာယ်ရှိ ပြာမှုန့်တွေဟာ အနီးနားဝန်ကျင်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့ပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စကားပြောဆင်ခြင်ဖို့ ယင်းမာပင်ဆေးရုံအုပ်ကိုသတိပေး ဗုံးဖောက်ခွဲပြ

၁၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ PDFတွေနဲ့မပတ်သက်ဖို့လက်အောက်ခံဝန်ထမ်းတွေကို ပြောတဲ့ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့ ဆေးရုံအုပ် ကြီးကိုသတိပေးတဲ့အနေနဲ့ အရင်ဆေးရုံဟောင်းနားမှာ ဗုံးဖောက်ခွဲခဲ့ပါတယ်။ အောက်တိုဘာ၁၆ရက်ညနေ၄နာရီကျော်က ယင်းမာပင်ရဲစခန်းနဲ့ကပ်လျက် ဆေးရုံအဟောင်းနေရာမှာ ဗုံး ကွဲခဲ့တာပါ။ ‘ဗုံးကွဲလို့ မီးကြိုးပြတ်တာ၊သစ်ကိုင်းတချို့ပြတ်ထွက်တာတွေ့ရတယ်။ပြီးတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူမှာ စစ်ယာဉ်တန်း ၃ကြိမ်မိုင်းဆွဲခံရ

၁၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ထဲရောက်လာတဲ့ စစ်ယာဉ်တန်းကို ဒေသခံပြောက်ကျားတပ်ဖွဲ့တွေက ၃ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ကန့်ဘလူမြို့နယ်ထဲသို့ စစ်ကားအစီး၃၀ကျော်ဖြတ်သန်းလာတဲ့ ယမန်နေ့ညနေပိုင်း၄နာရီနဲ့ ၅နာရီကြားလောက်မှာ ဒေသခံပြောက်ကျားတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ‘ကျွန်တော်တို့က မိုင်းဆွဲပြီးတာနဲ့ အမြန်ရှောင်ရတော့ သူတို့ဘယ်လောက်အသေအပျောက်ရှိသလဲမသိဘူး။ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

လက်စတာနဲ့ပွဲမှာ အမှားတွေ လုပ်ခဲ့တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားဝန်ခံ

၁၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ လက်စတာအသင်းရဲ့ အိမ်ကွင်းမှာ ၄ ဂိုး ၂ ဂိုး ရလဒ်နဲ့ အရှုံးပေးခဲ့ရတဲ့ မန်ယူအသင်းဟာ ပွဲစဉ်မှာ ပုံမှန်ခြေစွမ်းအောက် ရောက်ခဲ့လို့ ရှုံးပွဲနဲ့ ပတ်သက်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်တန်းက Mytelတာဝါတိုင် ဖောက်ခွဲခံရ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊တာပကျေးရွာက စစ်အုပ်စုပိုင်Mytelတာဝါတိုင်ကို ယမန်နေ့ညပိုင်းက ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ အဲဒီဖောက်ခွဲမှုကို ကျောက်တန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)နဲ့ သုံးခွမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(TYF)တို့ပူးပေါင်းဖောက်ခွဲခဲ့တာလို့ KPDFကထုတ်ပြန်ပါတယ်။ စစ်အုပ်စုရဲ့ အိတ်ကတ်ကို ဖြည့်တင်းပေးနေတဲ့ စီးပွားရေးဒေါင့်တိုင်တွေကို တစ်တိုင်ပြီးတစ်တိုင် ဆက်ဖြိုသွား ဦးမယ်လို့ TYFကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်သာယာရှိ ကျူးကျော်နေအိမ်တွေကို တစ်ပတ်အတွင်းဖယ်ရှားပေးဖို့ စစ်အုပ်စုအမိန့်ပေး

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။ လှိုင်သာယာမြို့နယ် ရှမ်းချောင်းကျေးရွာအတွင်းမှာရှိတဲ့ ကျူးကျော်နေအိမ်တွေကို ဖယ်ရှားပေးဖို့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားလာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးမှာရှိတဲ့ ကျူးကျော်တဲအိမ်တွေ၊ ဆိုင်ခန်းငယ်တွေကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပေးဖို့ စည်ပင်သာယာရေးအဖွဲ့က အောက်တိုဘာလ ၁၅ရက်နေ့မှာ အကြောင်းကြားစာ [ဆက်လက်ဖတ်ရှုရန်]