ကန့်ဘလူမှာ စစ်ယာဉ်တန်း ၃ကြိမ်မိုင်းဆွဲခံရ

၁၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ထဲရောက်လာတဲ့ စစ်ယာဉ်တန်းကို ဒေသခံပြောက်ကျားတပ်ဖွဲ့တွေက ၃ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
ကန့်ဘလူမြို့နယ်ထဲသို့ စစ်ကားအစီး၃၀ကျော်ဖြတ်သန်းလာတဲ့ ယမန်နေ့ညနေပိုင်း၄နာရီနဲ့ ၅နာရီကြားလောက်မှာ ဒေသခံပြောက်ကျားတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
‘ကျွန်တော်တို့က မိုင်းဆွဲပြီးတာနဲ့ အမြန်ရှောင်ရတော့ သူတို့ဘယ်လောက်အသေအပျောက်ရှိသလဲမသိဘူး။ ထိတာတော့ထိကြတယ်။’လို့ဒေသခံပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကန့်ဘလူ PDFနဲ့ ဒေသခံမဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းတိုက်ကြတာဖြစ်ပြီး ပြောက်ကျား တွေဘက်က ထိခိုက်မှုလုံးဝမရှိပါဘူး။
ပြောက်ကျားတွေအနေနဲ့ လက်နက်အင်အားမယှဉ်နိုင်တဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ခြင်းနည်းကိုသာ အဓိကအ သုံးပြုနေရတာလို့သိရပါတယ်။
‘ကျွန်တော်တို့ရဲ့အားသာချက်က ပြည်သူရှိတာပဲ။ပြည်သူတွေက သတင်းပေးတော့ စစ်ခွေးသတင်းတွေအမြဲတမ်း ကြိုရတယ်။ပြီးတော့ နယ်မြေကျွမ်းတယ်။စစ်ခွေးတွေက သူတို့ကိုသတင်းပေးမယ့်သူမရှိတော့ ခံရတာ’လို့ သူကဆက်ပြောပါတယ်။
ကန့်ဘလူကိုဖြတ်လာတဲ့စစ်ယာဉ်တန်းဟာ ကောလင်းကနေ ရွှေဘိုဘက်ပြန်လာတဲ့ကားတွေလို့ ဆိုပါတယ်။