ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းပြီးနောက် ခရမ်းမြို့ပေါ် စစ်ဆေးမေးမြန်းဆက်တိုက်ကြမ်းလာ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊ခရမ်းမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်ဆေးမေးမြန်းမှုတွေကို ဆက်တိုက်ပြု လုပ်လာတယ်လို့သိရပါတယ်။

 အောက်တိုဘာ၁၃ရက်နေ့ကစပြီး ခရမ်းမြို့နယ်ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုခန့်ရပ်ကျေးအုပ်ချုပ်ရေး မှူးလုံးဝကင်းစင်တဲ့ မြို့အဖြစ် စံချိန်တင်ခဲ့ပြီးနာက် ခရမ်းမြို့ပေါ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို လဲလှယ်ခဲ့ပါတယ်။ အသစ်ရောက်လာတဲ့စစ်တပ်ဟာ စစ်ဆေးမေးမြန်းမှုကို ဆက်တိုက်ပြုလုပ်လာတယ်လို့ ခရမ်းမြို့နယ်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ)ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

‘စစ်ဆေးမေးမြန်းတာတအားလုပ်တယ်။အခုအဖွဲ့ကနည်းနည်းပိုကြမ်းတယ်။အုပ်ချုပ်ရေးမှူးတွေမရှိတော့တဲ့အခါကျတော့ လူတွေကို ရဲစခန်းမှာ ထောက်ခံစာလုပ်ပေးတယ်။ထောက်ခံစာမပါရင် မြို့အတွင်းအပြင် ပေးသွားပေးလာ တောင်မရှိ ဘူး’လို့ သူကပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း ခရမ်းမြို့နယ် ဒေးပေါက်လမ်းဆုံစစ်ဆေးရေးဂိတ်မှာ ခရမ်းမြို့တွင်းဝင်မယ့် ပြည်သူတွေကို ပေး မဝင်ဘဲ ပြန်လွှတ်ခဲ့တယ်လို့ ဒေသခံနွေဦးတော်လှန်ရေးလူမှုကွန်ရက်စာမျက်နှာ ခရမ်းချန်နယ်မှာ ဖော်ပြပါတယ်။

မှတ်ပုံတင်ပါတဲ့လူတွေကိုလည်း အဝင်မခံဘဲ ပြန်လွှတ်ပြီး မြို့ကနေထွက်မယ့်သူတွေကိုတော့ ထွက်ခွင့်ပေးတယ်လို့ သိရပါတယ်။

အောက်တိုဘာ၁၄ရက်နေ့မှာ ခရမ်းမြို့တွင်းရောက်နေတဲ့စစ်တပ်ကို လူလဲလိုက်ပြီး အဲဒီညမှာပဲ ပြည်သူရွေးချယ် ထားတဲ့ တိုင်းလွှတ်တော်အမတ်ရဲ့ ယောက်ခမ၊ယောက်ဖနဲ့ ခရမ်းPDF ခေါင်းဆောင်လို့သတ်မှတ်ခံရသူရဲ့ အစ်ကို တို့ကို စစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းက သုံးခွဘက်ကလာတဲ့ စစ်ကားအကြီး၄စီးနဲ့ အသေး၁စီးတို့ဟာစစ်သား၈ဦး တင်ဆောင်ကာ မနက်၁၀နာရီ၁၅မိနစ်လောက်မှာ ခရမ်းမြို့ပေါ်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ ရောက်နေပါတယ်။