ဒေသအလိုက် သတင်းကဏ္ဍ

ဒလန်လို့ယူဆသူ၆ဦး မတရားမှုတွေရပ်ဖို့ တောင်ဒဂုံပြောက်ကျားအဖွဲ့ သတိပေး

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်၊ဗန္ဓုလအိမ်ယာအတွင်းရှိ ဒလန်လို့ယူဆသူ၆ဦးကို မတရားတဲ့လုပ်ရပ်မှန်သမျှ ရပ်တန့်ကြရန် MJF White Commandos အဖွဲ့က ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။ MJF White Commandos က အောက်တိုဘာ၁၈ရက်နေ့ရက်စွဲနဲ့ သတိပေးချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဒလန်လို့ယူဆသူ၆ဦးကို သူတို့ရဲ့နာမည်၊သူတို့နေထိုင်ရာတိုက်နံပါတ်နဲ့တကွ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့ပေါ်က မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ 

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊ပုသိမ်မြို့ ၊အမှတ် ၄ ရပ်ကွက် ၊အထက ၆ အနောက်ဘက်နားက မိုင်တဲတာဝါတိုင်ကို ဒီနေ့မနက် ၆ နာရီ ကျော်လောက်မှာ မိုင်းခွဲခံခဲ့ရတယ်လို့သိရပါတယ်။ အခုဖောက်ခွဲမှုကို ပုသိမ်မြို့ပြပျောက်ကျားအဖွဲ့ Area-14အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နုတ်ထွက်ထားတဲ့ ခရမ်းအုပ်ကြီးအနည်းငယ် ရုံးပြန်ထိုင်

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်အတွင်းရှိ နုတ်ထွက်စာတင်ထားတဲ့အုပ်ချုပ်ရေးမှူးအနည်းငယ် ရုံးပြန်ထိုင်နေပြီလို့ သိရပါတယ်။ ခရမ်းမြို့နယ်အတွင်းရှိ ၃ရပ်ကွက်၊၉ရပ်ကွက်၊၁၁ရပ်ကွက်၊ညောင်ပင်ကွင်းကျေးရွာနဲ့ကံသာရွာတို့က နုတ်ထွက်ထား တဲ့အုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့အိမ်တွေမှာ ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာပြန်လုပ်ပေးနေတယ် လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ၉ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒီနေ့ကစလို့ ရုံးပြန်ထိုင်မယ်လို့ ထောက်ခံစာလာလုပ်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဧရာဝတီတိုင်းအစိုးရအဖွဲ့ ပြန်လွတ်နိုင်လား

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူလိုက်တဲ့ ဖေဖေါ်ဝါရီလ ၁ရက်နေ့ မနက်ပိုင်းမှာ စတင်ပြီးတော့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတို့ကို စစ်အုပ်စုက ဖမ်းဆီးထိန်းထားခဲ့ပါတယ်။  စစ်အုပ်စုရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဝန်းအတွင်းက ရိပ်သာတစ်ခုမှာ ဝန်ကြီးချုပ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အုပ်ကြီး ၄ဦးပဲ ကျန်တော့တဲ့ ခရမ်းမြို့မှာ မြို့နယ်ပြင်ပသွားလာဖို့ ထောက်ခံစာတောင်းနေ

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး ၄ဦးသာကျန်တော့တဲ့ ခရမ်းမြို့နယ်မှာ မြို့နယ်ပြင်ပကို သွားလာလိုလျှင် အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာ သွားလာရမယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်က တင်းကြပ်မှုတွေ လုပ်ဆောင်နေပါတယ်။ မြို့နယ်အတွင်းက မြို့နယ်ပြင်ပကို သွားလာဖို့ အုပ်ချုပ်ရေးမှူးထောက်ခံစာမပါရင် မြို့ပြင်ထွက်ခွင့်မပေးဘဲ မြို့တွင်းကိုလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်နဲ့ ကနေဒါက စစ်သင်္ဘောတွေ စေလွှတ်လိုက်လို့ တရုတ်အပြင်းအထန်ဝေဖန်

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါတို့ ပူးပေါင်းပြီး ထိုင်ဝမ်ရေလက်ကြားကို စေလွှတ်လိုက်တဲ့ စစ်သင်္ဘောတွေကြောင့် တရုတ်နိုင်ငံဟာ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ရလို့ ဒီစေလွှတ်မှုအတွက် နှစ်နိုင်ငံစလုံးကို တရုတ်က အပြင်းအထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ဒီစေလွှတ်မှုဟာ ထိုင်ဝမ်ရေးလက်ကြားအတွက် ငြိမ်းချမ်းရေးကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံတကာအစည်းအဝေးနီးလာရင် အကျဉ်းသားတွေလွှတ်တာ စစ်အုပ်စုရဲ့လုပ်ရိုးလုပ်စဉ်လို့ AAPP တွဲဖက်အတွင်းရေးမှူးပြော 

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။  နိုင်ငံတကာအစည်းအဝေးတွေနားနီးရင် အကျဉ်းသားတွေကို လွှတ်လေ့ရှိတာ စစ်အုပ်စုရဲ့ လုပ်ရိုးလုပ်စဉ်ပဲလို့ AAPP(နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။ မတရားဖမ်းဆီးခံထားရသူ ၅၀၀၀ကျော်ကို  လွတ်ငြိမ်းခွင့်ပြုတယ်လို့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားပြီးနောက် ဦးဘိုကြည်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယနိုင်ငံမှာ မိုးအဆက်မပြတ်ရွာပြီး မြေပြို ရေကြီးလို့ အနည်းဆုံး လူ ၃၅ ဦး သေဆုံး

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်မှာ မိုးဆက်တိုက်ရွာပြီး မြေပြိုရေးကြီးလို့ လူ ၃၅ ဦး သေဆုံးခဲ့တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။  အစိုးရက ‌ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေသလို မြေပြိုမှုထဲမှာပါတဲ့ ပျောက်ဆုံးပြည်သူတွေကိုလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုဂံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရှေးဟောင်းဘုရားနဲ့ အုတ်ကျောင်းအချို့ ပြိုကျ

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ အောက်တိုဘာလ ၁၇ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရှေးဟောင်းဘုရားတွေ အုတ်ကျောင်းတွေထဲရေဝင်ရောက်ကာ စေတီအချို့နဲ့ အုတ်ကျောင်းအချို့ ပြိုကျပျက်စီးခဲ့ပါတယ်။ ပြသာဒ်ကြီးဘုရား၊ စိုးမင်းကြီးဘုရား၊ ပုထိုးသားများဘုရားနဲ့ စေတနာကြီးဘုရား အုတ်တံတိုင်း၊ မြင်းကပါရွာအနီးရှိ အုတ်ကျောင်းနဲ့ တောင်မြေရွာက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရသူ ၅ထောင်ကျော်ကို ပြန်လွှတ်မယ်

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက မတရားတရားစွဲဆိုဖမ်းဆီးထားတဲ့ တရားစွဲခံထားရသူနဲ့ အကျဉ်းကျနေသူ ၅၆၂၆ဦးအပါအဝင် ၅၀၅-ကနဲ့ အမှုဖွင့်ခံထားရသူ အနုပညာရှင် ၂၄ဦးနဲ့ လူမှုကွန်ရက်တွင် လူသိများသူ ၁၀ဦးကို အမှုပိတ်သိမ်းရုပ်သိမ်းကာ ပြန်လည်လွှတ်ပေးမယ်လို့ စစ်အုပ်စုက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံထားရသူ [ဆက်လက်ဖတ်ရှုရန်]