ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်နဲ့ ကနေဒါက စစ်သင်္ဘောတွေ စေလွှတ်လိုက်လို့ တရုတ်အပြင်းအထန်ဝေဖန်

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါတို့ ပူးပေါင်းပြီး ထိုင်ဝမ်ရေလက်ကြားကို စေလွှတ်လိုက်တဲ့ စစ်သင်္ဘောတွေကြောင့် တရုတ်နိုင်ငံဟာ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ရလို့ ဒီစေလွှတ်မှုအတွက် နှစ်နိုင်ငံစလုံးကို တရုတ်က အပြင်းအထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

ဒီစေလွှတ်မှုဟာ ထိုင်ဝမ်ရေးလက်ကြားအတွက် ငြိမ်းချမ်းရေးကို မတည်ငြိမ်အောင် ပြုလုပ်လိုက်တာဖြစ်တယ်လို့ တရုတ်ဘက်က စွပ်စွဲလိုက်တာပါ။

အမေရိကန်ဖျက်သင်္ဘောတစင်းနဲ့ ကနေဒါစစ်သင်္ဘောတစင်းဟာ ထိုင်ဝမ်နဲ့ တရုတ်အကြားက ရေလက်ကြားကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ ဒီဖြတ်သန်းမှုအတွက် အပြင်းအထန် ရှုတ်ချခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုဘက်ကတော့ အမေရိကန်နဲ့ မိတ်ဖက်တွေ၊ အင်ဒို-ပစိဖိတ် မိတ်ဖက်တွေအကြား လွတ်လပ်မှုနဲ့ ပွင့်လင်းမှုအတွက် ကတိကဝတ်တစ်ခုကို ပြသလိုက်တာဖြစ်တယ်လို့ အသိပေးပါတယ်။

တရုတ်ရေတပ်ဟာ အမေရိကန်ဖျက်သင်္ဘောတစင်းနဲ့ ကနေဒါစစ်သင်္ဘောတစင်းရဲ့ ထိုင်ဝမ်ရေးလက်ကြားအတွင်း ဖြတ်သန်းမှုကို မျက်ခြေမပြတ်‌ စောင့်ကြည့်ခဲ့ပါတယ်။