ဒေသအလိုက် သတင်းကဏ္ဍ

မင်းကင်းမြို့မှာ ရဲတစ်ယောက်က ပြည်သူနှစ်ဦးကို သေနတ်နဲ့ပစ်သတ်

၁၇ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ မင်းကင်းမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဩဂုတ်လ ၁၇ရက်နေ့ နေ့လည်ပိုင်းက လုံခြုံရေးတာဝန်ယူနေတယ်ဆိုတဲ့ အကြမ်းဖက်စစ်အုပ်စုဝင် ရဲတပ်ကြပ်တစ်ဦးက ပြည်သူနှစ်ဦးကို သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၁၈ဦးသေဆုံး

၁၇၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၁၇ရက်နေ့က ကိုဗစ်လူနာ (၁၈)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ဒီနေ့မှာ ဆေးရုံကနေ သေဆုံးသူ(၄)ဦးစစ်တပ်မဆရ(၄)ဆေးရုံက သေဆုံးသူ(၂)ဦးနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ (၁၂)ဦးရှိခဲ့တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နွေဦးတော်လှန်ရေး ခြောက်လကျော်ကာလအတွင်း ကျဆုံးသူ ၉၉၀ ကျော်ရှိလာ

၁၇ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ စစ်အာဏာရှင်တော်လှန်ရေး ( နွေဦးတော်လှန်ရေး ) ကာလမှာ ကျဆုံးသူ ၉၉၈ ဦးရှိလာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ သြဂုတ် ၁၆ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

သာပေါင်းမှာ အောက်ဆီဂျင်စက်ရုံတည်ဖို့ဆိုပြီး စစ်အုပ်စုက ပိုက်ဆံတောင်း

၁၇ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ သာပေါင်းမြို့မှာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ဖို့ဆိုပြီး အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေ မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ပိုက်ဆံလိုက်လံတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ “ကျေးရွာ အုပ်စုတစ်စုကို ၁၀သိန်းပေးဖို့ လိုက်တောင်းတယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုင်းရင်းသားအများစုပါဝင်တဲ့ အမျိုးသားကျန်းမာရေးကော်မတီ

၁၇၊ ဩဂုတ်လ၊ ၂၀၂၁။ တိုင်းသားအများစုပါဝင်တဲ့ အမျိုးသားကျန်းမာရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဩဂုတ်လ ၁၆ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားကျန်းမာရေးကော်မတီမှာ ဒေါက်တာစင်သီယာမောင်ပါဝင်တဲ့ အတိုင်ပင်ခံအဖွဲ့နဲ့အတူ ပဒိုမန်းမန်းက ဥက္ကဌအဖြစ်တာဝန်ယူပြီး တိုင်းရင်းသားလူမျိုးအများစုနဲ့ ဖွဲ့စည်းလိုက်တာပဲဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ကျန်းမာရေးမူဝါဒ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟေတီငလျင် သေဆုံးသူ ၁၄၀၀ကျော်အထိ မြင့်တက်လာ

၁၇၊ ဩဂုတ်လ၊ ၂၀၂၁။ ဟေတီနိုင်ငံမှာ ဩဂုတ်လ ၁၄ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒဿမ ၂ မဂ္ဂနီကျုုဒ့် ရှိတဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၀၀ကျော်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဟေတီအနောက်တောင်ဘက်ကဆေးရုံတစ်ရုံမှာတော့ ဆေးရုံလူသွားလမ်းတွေ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ဖျာပုံမြို့မှာ ကိုဗစ်အတည်ပြုလူနာ (၂၂)ဦး တွေ့ရှိ

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။ ဖျာပုံမြို့မှာ ဒီကနေ့ကိုဗစ်ရောဂါ စစ်ဆေးချက်အရ ကျုံကဒွန်းကျေးရွာမှ (၁၀)ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ (၂၂)ဦးတွေ့ရှိ​ခဲ့တယ်လို့သိရပါတယ်။ ဖျာပုံခရိုင်ဆေးရုံကြီးမှာ စစ်ဆေးချက်အရ ချောင်းတွင်းကျေးရွာ၊ ဖျာပုံမြို့နယ်မှ (၁)ဦး၊ (၁၃)လမ်း၊ (၈)ရပ်ကွက်၊ ဖျာပုံမြို့မှ (၁)ဦး၊ ကျိုက္ကဘာကျေးရွာ၊ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၆ဦးသေဆုံး

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၁၆ရက်နေ့က ကိုဗစ်လူနာ (၆)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ဒီနေ့မှာ ကိုဗစ် ရောဂါနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ (၆)ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မြို့က ဒလန်သတင်းပေး သေနတ်နဲ့ပစ်ခံရပြီး သေ

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။ တန့်ဆည်မြို့မှာ ဩဂုတ်လ ၁၆ရက်နေ့ နံနက် ၉နာရီခန့်က တန့်ဆည်မြို့ ကြံဖွံပါတီဥက္ကဌရဲ့ ညီဖြစ်သူ မေတ္တာမြိုင်ရပ်ကွက်နေ ဇီဝကဆေးဆိုင်ပိုင် ကိုနေမျိုးအောင်ကို အမည်မသိသူ ၃ဦးကဆေးဆိုင်အတွင်း သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတာကြောင့် သေသွားခဲ့တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မကွေးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းလွှတ်တော်ဥက္ကဌ ကိုဗစ်ကူးစက်ခံနေရ

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာတို့ဟာ မကွေးအကျဉ်းထောင်အတွင်းမှာ ကိုဗစ်ရောဂါ ကူးစက်ခံထားရပြီး ထောင်အတွင်းမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ “ဇူလိုင်လ ၁၄ရက်နေ့ကစပြီး ကိုဗစ်အကြောင်းပြပြီး [ဆက်လက်ဖတ်ရှုရန်]