၂ ၊ မတ် ၊ ၂၀၂၀ မတ်လ ၂ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားကို ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ဝါးဒူးကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာတော့ ဧရာဝတီတိုင်းက သိမ်းဆည်းခံမြေယာ (၂,၉၆၅) ဧကကို မူလလယ်သမားတွေဆီကို ပြန်လည်ပေးအပ်ခဲ့ ပါတယ်။ ဧရာဝတီတိုင်းလယ်ယာမြေနဲ့ တခြားမြေတွေ သိမ်းဆည်းခံရမူများ ပြန်လည်စိစစ်ရေးကော်မတီ အထူးအဖွဲ့ကနေ ဥပဒေနဲ့အညီ စစ်ဆေးပြီး ဓနုဖြူ ၊ မအူပင် ၊ ရေကြည်နဲ့ ကျောင်းကုန်းမြို့နယ်တွေက တောင်သူလယ်သမား(၆၃၉)ဦးရဲ့မြေတွေကိုပြန်လည်ပေးအပ်ခဲ့တာပါ။…
Read Moreနယူးဒေလီ ၂၄ ၊ နိုဝင်ဘာ ၊ ၂၀၁၉ အိန္ဒိယနိုင်ငံမှာ ပြည်တွင်းကြက်သွန်ဈေးကွက် တည်ငြိမ်ဖို့ ပြည်ပကနေ ကြက်သွန်တန်ချိန်ပေါင်း တစ်သိန်းနှစ်သောင်း တင်သွင်းမယ့် အစီအစဉ်ကို နိုဝင်ဘာ ၂၀ရက်နေ့မှာ အစိုးရအဖွဲ့က ခွင့်ပြုလိုက်ပါတယ်။ ဝန်ကြီးအဖွဲ့ အစည်းအဝေးပြီးနောက် ကြက်သွန်တင်သွင်းဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းကို အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီရ်မာလာ-ဆီသာရာမန်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ ကြက်သွန်ဈေး စံချိန်တင်မြင့်တက်လာကို ထိန်းချုပ်ဖို့နဲ့ ပြည်တွင်းစားသုံးမှု လုံလောက်ဖို့ အိန္ဒိယအစိုးရက နည်းပေါင်းစုံ ကြိုးစားပြီးတဲ့နောက်…
Read More၉ အောက်တိုဘာ ၂၀၁၉ ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါး သုံးမျိုးကို တားမြစ်ဖို့ အစိုးရ ၊ လယ်သမားနဲ့ စားသုံးသူ ကိုယ်စားလှယ် အဖွဲ့ တွေက အောက်တိုဘာ ၇ ရက်နေ့မှာ တစ်ညီတစ်ညွတ်တည်း မဲပေးထောက်ခံခဲ့ကြပါတယ်။ paraquat ပါရာကွာတ်လို့ ခေါ်တဲ့ အဆိပ်ပြင်းပေါင်းသတ်ဆေး အပါအဝင် glyphosate နဲ့ chlorpyrifos စတဲ့ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါး သုံးမျိုး ကို ဒီဇင်ဘာ ၁ရက်နေ့က…
Read More၅ အောက်တိုဘာ ၂၀၁၉ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ကြက်သွန်တင်ပို့တဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ ဆိုးရွားတဲ့ အခုနှစ် မုတ်သုံရာသီအတွင်း စိုက်ခင်းတွေ ပျက်စီးပြီး အထွက်နှုန်းလျော့တာကြောင့် ပြည်ပကို ကြက်သွန်တင်ပို့မှု တားမြစ်လိုက်ပါတယ်။ ကြက်သွန်ဟာ အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ် အမယ်တစ်မျိုးပါ။ ဒါပေမယ့် အခုနှစ် မုတ်သုံရာသီမှာ အိန္ဒိယနိုင်ငံတစ်လွှား မိုးများပြီး ရေကြီးရေလျှံတာတွေကြောင့် စိုက်ခင်းတွေ တော်တော်များများ ရေမြုပ်ပျက်စီး ခဲ့ပါတယ်။ ဒါ့ကြောင့်…
Read More၂၉ စက်တင်ဘာ ၂၀၁၉ ဒီနေ့ခေတ် စိုက်ပျိုးရေးမှာ ဓာတုဆေးဝါးတွေ ပိုးသတ်ဆေးတွေနဲ့ ဓာတ်မြေသြဇာတွေ အသုံးများတာက စားသုံးသူတွေရဲ့ ကျန်းမာရေးကို တိုက်ရိုက် သက်ရောက်မှုရှိနေပါတယ်။ ဒါ့ကြောင့် ဓာတုဆေးဝါးတွေ မသုံးဘဲ သဘာဝရင်းမြစ်ကို အခြေခံပြီး စိုက်တဲ့ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်ကို ကမ္ဘာ့နိုင်ငံတွေမှာ အသုံးချနေကြသလို အော်ဂဲနစ်စိုက်ပျိုးရေး အသိပညာပေး လှုပ်ရှားမှုတွေလည်း လုပ်နေကြပါတယ်။ ခေတ်တွေတိုးတက်လာတာနဲ့အတူ ကျန်းမာတဲ့ ဘဝနေထိုင်မှုအတွက် အော်ဂဲနစ်စိုက်ပျိုးရေးက အရေးပါလာပါတယ်။ အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန (USDA)…
Read Moreဖနွမ်းပင် (၁၇/မတ်လ/၂၀၁၉) ကမ္ဘောဒီးယားနိုင်ငံမှာ မိုးခေါင်ရေရှားပြီး နေ့အပူချိန်တွေ စံချိန်တင် မြင့်တက်နေတာကြောင့် ဒေသခံတောင်သူတွေ အခက်တွေ့နေရပါတယ်။ ဒါ့ကြောင့် တောင်သူတွေအနေနဲ့ စပါးစိုက်ပျိုးတာ ယာယီရပ်နားထားဖို့ အာဏာပိုင်တွေက အခုသီတင်းပတ်မှာ သတိပေးချက်ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ အခုနှစ် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် လာမယ့် ဧပြီလနဲ့ မေလတွေမှာ နေ့အပူချိန် အမြင့်ဆုံး ရောက်ရှိလာနိုင်တယ်လို့ ကမ္ဘောဒီးယားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနက ပြောပါတယ်။ ကမ္ဘောဒီးယားဟာ ပုံမှန်အားဖြင့် မိုးခေါင်တာထက် ရေကြီးရေလျှံတာတွေ အဖြစ်များတဲ့ နိုင်ငံ ဖြစ်ပေမယ့်…
Read More၁၀/မတ်လ/၂၀၁၉ အရှေ့တောင်အာရှရဲ့ မြို့ကြီးပြကြီးတွေမှာ တပိုင်တနိုင်မြို့ပြစိုက်ခင်းတွေက ခေတ်စားလာပါတယ် ။ လူဦးရေထူထပ်ပြီး မြေနေရာရှားပါးတဲ့နေရာတွေမှာ အိမ်နောက်ဖေး ၊ အိမ်ရှေ့ခြံဝင်း နှင့် အိမ်ခေါင်းမိုးတွေပေါ်မှာ သီးပင်စားပင်တွေကို တပိုင်တနိုင် စိုက်ပျိုးလာကြတာပါ ။ မြို့ပြစိုက်ပျိုးရေးဟာ ဓာတုဆေးအန္တရယ်ကင်းတဲ့ အော်ဂဲနစ် အစားအစာတွေ ရရှိနိုင်တဲ့ အပြင် သဘာဝပတ်ဝန်းကျင် လေထုကို သန့်စင်စေပြီး တပိုင်တနိုင် ဝင်ငွေတစ်ခုကိုလည်း ထူထောင်နိုင်တယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား ၊ စင်္ကာပူ နှင့်…
Read Moreဖိလစ်ပိုင် ၉ရက်/မတ်လ/၂၀၁၉ တိုးတက်ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်မှာ နိုင်ငံတော်တော်များများဟာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍာမှာ နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးချလာကြပါပြီ။ ဖိလစ်ပိုင်နိုင်ငံမှာ ဒရုန်းတွေသုံးပြီး စိုက်ခင်းတွေကို စောင့်ကြည့်မယ့် စီမံကိန်းကို အကောင်အထည် ဖော်ဖို့ အာဏာပိုင်တွေက သုတေသန လုပ်နေကြပါတယ်။ စိုက်ခင်းထဲမှာ မျိုးစေ့တွေ ကြီးထွားလာတာ ပိုးမွှားတွေ ကျရောက်နေတာ အပြင် သီးနှံတွေရဲ့ ကြီးထွားနှုန်း စတဲ့ အခြေအနေကို အချိန်မရွေး စောင့်ကြည့်ဖို့ အတွက် ဖိလစ်ပိုင်လယ်ယာစိုက်ပျိုးရေးဌာနဟာ ဒရုန်းတွေကို…
Read More၁ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။ စိုက်ပျိုးရေးစားရိတ်ချေးပြီး ပြန်မဆပ်တဲ့ အကြွေးစုစုပေါင်း ၁၃၆ ဘီလီယံထိရှိနေပြီလို့ ဧရာဝတီတိုင်း လယ်ယာစိုက်ပျိုးရေးဘဏ်မန်နေဂျာ ဦးသန်းဌေးအောင်က ပြောပါတယ်။ ၂၀၁၂ ကနေစပြီး ၂၀၁၁၆ အထိကြွေးဟောင်းက ၇၁.၈၈ ဘီလီယံ ရှိပြီး ၂၀၁၇ ခုနှစ်ရဲ့ မိုးသီးနှံချေးငွေ နှင့် ဆောင်းသီးနှံချေးငွေ တစ်ခုထဲတင် ၆၄ ဘီလီယံရှိနေတာပါ ။ ဒီပမာဏက မြန်မာတနိုင်ငံလုံးရဲ့ စိုက်ပျိုးရေးစားရိတ်အကြွေးကျန် စုစုပေါင်းရဲ့…
Read More၁၃ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးဦးလှမိုးအောင် ဦးဆောင်ပြီး တိုင်းအတွင်း လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေး ပထမအဆင့်ကို စမ်းသတ်ဆောင်ရွက်နေပါတယ်။ အရည်အသွေးကောင်းပြီး အထွက်နှုန်းတိုးဖို့ လုပ်ဆောင်နေတာမှာ တောင်သူတွေအနေနနဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေကို အားကိုးကြဖို့နဲ့ စိုက်နည်းစနစ်တွေအတိုင်း စနစ်တကျလိုက်နာစိုက်ပျိုးကျဖို့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က တောင်သူတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဦးလှမိုးအောင်အနေနဲ့ မြေတွေကို PH Level တိုင်းပြီး PH Level နိမ့်တဲ့လယ်တွေကို ထုံးထည့်ကာ မြေပြုခြင်းနဲ့ အထွက်နှုန်းတိုး…
Read More