ပြည်ပကို ကြက်သွန်တင်ပို့မှု အိန္ဒိယရပ်ဆိုင်း

၅ အောက်တိုဘာ ၂၀၁၉

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ကြက်သွန်တင်ပို့တဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့်
အိန္ဒိယနိုင်ငံမှာ ဆိုးရွားတဲ့ အခုနှစ် မုတ်သုံရာသီအတွင်း စိုက်ခင်းတွေ ပျက်စီးပြီး အထွက်နှုန်းလျော့တာကြောင့် ပြည်ပကို ကြက်သွန်တင်ပို့မှု တားမြစ်လိုက်ပါတယ်။ ကြက်သွန်ဟာ အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ် အမယ်တစ်မျိုးပါ။

ဒါပေမယ့် အခုနှစ် မုတ်သုံရာသီမှာ အိန္ဒိယနိုင်ငံတစ်လွှား မိုးများပြီး ရေကြီးရေလျှံတာတွေကြောင့် စိုက်ခင်းတွေ တော်တော်များများ ရေမြုပ်ပျက်စီး ခဲ့ပါတယ်။ ဒါ့ကြောင့် အိန္ဒိယနိုင်ငံထဲမှာ ဇူလိုင်ကတည်းက ကြက်သွန်ဈေး နှစ်ဆလောက် တက်နေခဲ့တာပါ။ ကြက်သွန်အလေးချိန် ၁၀၀ ကီလိုဂရမ်ကို ရူပီး ၄၅၀၀ အထိ မြင့်တက်သွားပြီးနောက် ပြည်ပကို ကြက်သွန်တင်ပို့မှု ရပ်ဆိုင်းဖို့စက်တင်ဘာ ၂၉ ရက်နေ့မှာ အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ၆နှစ်နီးပါးကာလအတွင်း ကြက်သွန်ဈေး အမြင့်ဆုံးတက်သွားခဲ့တာပါ။

အိန္ဒိယက ကြက်သွန်တင်ပို့မှု တားမြစ်လိုက်ပြီးတဲ့နောက်မှာ သူ့ဆီက အဓိကကြက်သွန်ဝယ်ယူနေရတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာလည်း ကြက်သွန်ဈေးတွေ တက်သွားတယ်လို့ သိရပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာ၊ တရုတ် ၊ အီဂျစ် ၊ တူရကီ စတဲ့နိုင်ငံတွေဆီက ကြက်သွန်တွေကို ပိုဝယ်ဖို့ ကြိုးစားနေတယ်လို့ အစိုးရတာဝန်ရှိသူတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

အိန္ဒိယဟာ ၂၀၁၈ခုနှစ်အတွင်းမှာ ကြက်သွန် အလေးချိန် ကီလိုဂရမ် ၂ ဒဿမ ၂ ဘီလီယံကို ပြည်ပတင်ပို့ခဲ့တယ်လို့ အစိုးရ ကုန်သွယ်ရေး အချက်အလက်တွေက ဖော်ပြပါတယ်။ ဇွန်လကနေ စက်တင်ဘာလအထိ ကျရောက်တဲ့ မုတ်သုံရာသီဟာ စိုက်ပျိုးရေးကို အဓိကအားထားနေရတဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအတွက် အရေးပါပါတယ်။

Ref : indiatimes