သြစတြေးလျသံရုံးအထောက်အပ့ံနဲ့ မသန်စွမ်းသူတွေကို မှိုစိုက်ပျိုးနည်းသင်တန်းပေး

[Unicode]

၂ အောက်တိုဘာ ၂၀၁၉မသန်စွမ်းသူ ဦးရေ ဒုတိယအများဆုံး ရှိနေတဲ့ ဧရာဝတီတိုင်း ဒေသကြီးမှာ မြန်မာနိုင်ငံ အခြေစိုက် သြစတြေးလျ သံရုံး အထောက်အပံ့နဲ့ မသန်စွမ်းသူတွေကို မှိုစိုက်ပျိုးနည်းသင်တန်း ပို့ချပေးနေပါတယ်။

မှိုစိုက်ပျိုးနည်းသင်တန်းကို ပုသိမ်မြို့က တိုင်းလူကယ်ပြန်ရုံးမှာ အောက်တိုဘာ၁ရက်နေ့က စပြီး ၄ရက်တိုင် သင်ကြားပို့ချပေးနေတာပါ။

မသန်စွမ်းတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါး နေတာမို့ တပိုင်တနိုင် အခုလို မှိုစိုက်ပျိုးနည်းနဲ့ ဝင်ငွေတိုးစေဖို့ ရည်ရွယ်တယ်လို့ ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဌကပြောပါတယ်။