ဧရာဝတီတိုင်း တောင်သူလယ်သမားနေ့အခမ်းအနားမှာ သိမ်းဆည်းခံမြေယာတွေ ပြန်လည်ပေးအပ်

၂ ၊ မတ် ၊ ၂၀၂၀

မတ်လ ၂ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားကို ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ဝါးဒူးကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာတော့ ဧရာဝတီတိုင်းက သိမ်းဆည်းခံမြေယာ
(၂,၉၆၅) ဧကကို မူလလယ်သမားတွေဆီကို ပြန်လည်ပေးအပ်ခဲ့ ပါတယ်။

ဧရာဝတီတိုင်းလယ်ယာမြေနဲ့ တခြားမြေတွေ သိမ်းဆည်းခံရမူများ ပြန်လည်စိစစ်ရေးကော်မတီ အထူးအဖွဲ့ကနေ ဥပဒေနဲ့အညီ စစ်ဆေးပြီး ဓနုဖြူ ၊ မအူပင် ၊ ရေကြည်နဲ့ ကျောင်းကုန်းမြို့နယ်တွေက တောင်သူလယ်သမား(၆၃၉)ဦးရဲ့မြေတွေကိုပြန်လည်ပေးအပ်ခဲ့တာပါ။

အစိုးရအနေနဲ့လယ်ယာမြေ သိမ်းဆည်းခံရမှုတွေအတွက် စစ်ဆေးပေးနေပြီး ကျန်တဲ့မြေယာအမှုတွေကိုလည်း ဥပဒေနဲ့အညီ စစ်ဆေးကာပြန်လည်ပေးအပ်ဖို့ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

ဧရာဝတီတိုင်းကလယ်သမားအရေး လုပ်ဆောင်သူတွေကတော့ အခုလိုပြန်ပေးတာကိုကြိုဆိုပေမယ့် မြေပြင်မှာ
လယ်ယာမြေအရေးတွေ ဖြစ်ပေါ်လာတဲ့အခါ အစိုးရအနေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်။

လူဦးရေ (၆)သန်းကျော်နေထိုင်တဲ့ ဧရာဝတီတိုင်းရဲ့ (၇၀)ရာခိုင်နူန်းဟာ စပါးနဲ့တခြားသီးနှံတွေ စိုက်ပျိုးအသက်မွေးကြပြီး ယခုအစိုးရလက်ထက်မှာ သိမ်း‌ဆည်းခံ လယ်ယာမြေ (၁၁,၉၅၇)ဧကကို ပြန်လည်ပေးအပ်ခဲ့ပီလို့သိရပါတယ်။

Delta News

Read Previous

ကလေးလုပ်သားကို ဓါတ်ဆီလောင်းမီးရှို့တဲ့ ဆိုင်ရှင်ကို စတင်တရားဆွဲပြီ

Read Next

ကန်ကြီးထောင့်ဟွာမှုန်စက်ရုံ ယာယီပိတ်သိမ်းမှုအပေါ် အလုပ်သမားတွေရဲ့ စိုးရိမ်မှုက ဘာတွေလဲ