ကန်ကြီးထောင့်ဟွာမှုန်စက်ရုံ ယာယီပိတ်သိမ်းမှုအပေါ် အလုပ်သမားတွေရဲ့ စိုးရိမ်မှုက ဘာတွေလဲ

၃ ၊ မတ္ ၊ ၂၀၂၀

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယာယီပိတ္သိမ္းလိုက္တဲ့ ကန္ႀကီးေထာင့္ ဟြာမႈန္စက္႐ုံက အလုပ္သမားေခါင္းေဆာင္၅ဦးဟာ ဒီေန႔မွာ ပုသိမ္ၿမိဳ႕ တိုင္းအစိုးရအဖြဲ႕နဲ႔ လာေရာက္ေတြ႕ဆုံခဲ့ပါတယ္။

စက္႐ုံက ယာယီပိတ္လိုက္ေပမယ့္ ဝန္ထမ္းကဒ္နဲ႔ဝတ္စုံေတြ ျပန္လည္အပ္ႏွံခိုင္းခဲ့တာေၾကာင့္ တကယ္လို႔စက္႐ုံ ျပန္ဖြင့္ရင္ အလုပ္ျပန္မရကို စိုးရိမ္မႈေတြရွိေနၿပီး အရင္ကျဖစ္ပြားခဲ့တဲ့ စက္႐ုံသပိတ္ေမွာက္မႉမွာ ပါဝင္သူေတြကိုအလုပ္ထုတ္လိုက္တာလို႔ အလုပ္သမား ေခါင္းေဆာင္ေတြကယုံၾကည္ေနၾကတာပါ။

ဒီကေန႔မွာေတာ့ လူဝင္မူႀကီးၾကပ္ေရးနဲ႔ လူစြမ္းအားအရင္းျမစ္ဝန္ႀကီး ေဒါက္တာစိုးဝင္းနဲ႔ ေတြ႕ဆုံခဲ့ၾကၿပီး လာမယ့္ မတ္လ၅ရက္ေန႔မွာ အစိုးရ အလုပ္ရွင္ ၊ အလုပ္သမား သုံးပြင့္ဆိုင္ေတြ႕ဆုံေျဖရွင္းဖို႔ ကတိေပးခဲ့တယ္လို႔ ဝန္ႀကီးကေျပာပါတယ္။

အလုပ္သမားအင္အား(၁၀၀၀) ေက်ာ္ရွိတဲ့ ဟြာမႈန္စက္႐ုံဟာ ကုန္ၾကမ္းျပတ္တာေၾကာင့္ စက္႐ုံယာယီပိတ္မယ္လို႔ ေဖေဖာ္ဝါရီ ၂၉ရက္ေန႔က ေၾကျငာခဲ့ၿပီး စက္႐ုံလုပ္သားေတြကို လစာအျပင္ အျခားနစ္နာေၾကး စုစုေပါင္း သိန္း(၄၀၀၀)ေက်ာ္ေပးေခ်ခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အလုပ္သမား(၂၀၀)ေလာက္က အဲ့ဒီ ေငြကိုမယူဘဲ အစိုးရရဲ႕ေျဖရွင္းမႈကို ေစာင့္ေမွ်ာ္ေနၾကတာပဲျဖစ္ပါတယ္။

(Unicode)

ကန်ကြီးထောင့်ဟွာမှုန်စက်ရုံ ယာယီပိတ်သိမ်းမှုအပေါ် အလုပ်သမားတွေရဲ့ စိုးရိမ်မှုက ဘာတွေလဲ

၃ ၊ မတ် ၊ ၂၀၂၀

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်သိမ်းလိုက်တဲ့ ကန်ကြီးထောင့် ဟွာမှုန်စက်ရုံက အလုပ်သမားခေါင်းဆောင်၅ဦးဟာ ဒီနေ့မှာ ပုသိမ်မြို့ တိုင်းအစိုးရအဖွဲ့နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

စက်ရုံက ယာယီပိတ်လိုက်ပေမယ့် ဝန်ထမ်းကဒ်နဲ့ဝတ်စုံတွေ ပြန်လည်အပ်နှံခိုင်းခဲ့တာကြောင့် တကယ်လို့စက်ရုံ ပြန်ဖွင့်ရင် အလုပ်ပြန်မရကို စိုးရိမ်မှုတွေရှိနေပြီး အရင်ကဖြစ်ပွားခဲ့တဲ့ စက်ရုံသပိတ်မှောက်မှူမှာ ပါဝင်သူတွေကိုအလုပ်ထုတ်လိုက်တာလို့ အလုပ်သမား ခေါင်းဆောင်တွေကယုံကြည်နေကြတာပါ။

ဒီကနေ့မှာတော့ လူဝင်မူကြီးကြပ်ရေးနဲ့ လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းနဲ့ တွေ့ဆုံခဲ့ကြပြီး လာမယ့် မတ်လ၅ရက်နေ့မှာ အစိုးရ အလုပ်ရှင် ၊ အလုပ်သမား သုံးပွင့်ဆိုင်တွေ့ဆုံဖြေရှင်းဖို့ ကတိပေးခဲ့တယ်လို့ ဝန်ကြီးကပြောပါတယ်။

အလုပ်သမားအင်အား(၁၀၀၀) ကျော်ရှိတဲ့ ဟွာမှုန်စက်ရုံဟာ ကုန်ကြမ်းပြတ်တာကြောင့် စက်ရုံယာယီပိတ်မယ်လို့ ဖေဖော်ဝါရီ ၂၉ရက်နေ့က ကြေငြာခဲ့ပြီး စက်ရုံလုပ်သားတွေကို လစာအပြင် အခြားနစ်နာကြေး စုစုပေါင်း သိန်း(၄၀၀၀)ကျော်ပေးချေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အလုပ်သမား(၂၀၀)လောက်က အဲ့ဒီ ငွေကိုမယူဘဲ အစိုးရရဲ့ဖြေရှင်းမှုကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။