ငပုတော မြစ်တရာသစ်တောကြိုးဝိုင်းထဲမှာ တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ

၄ ၊ မတ္ ၊ ၂၀၂၀။

ပုသိမ္ခ႐ိုင္ ငပုေတာၿမိဳ႕နယ္ထဲက ျမစ္တရာသစ္ေတာႀကိဳးဝိုင္း အတြင္းမွာ မတ္လ(၄)ရက္ေန႔လည္ပိုင္းက ေတာဆင္႐ိုင္း တစ္ေကာင္ေသဆုံးေနတာကို ေတြ႕ရွိရတယ္လို႔ ေဒသခံအုပ္ခ်ဳပ္ေရးအဖြဲ႕ဆီကေန သိရပါတယ္။

ရဲတပ္ဖြဲ႕နဲ႔ သစ္ေတာဦးစီးဌာနတာ၀န္ရွိသူေတြ ပါ၀င္တဲ့ ေတာဆင္႐ိုင္း ထိန္းသိမ္းကာကြယ္ေရးအဖြဲ႕က ကင္းလွည့္ ေဆာင္႐ြက္ခ်ိန္ ျမစ္တရာသစ္ေတာႀကိဳးဝိုင္းအကြက္အမွတ္(၂၈၈)မွာ ေတာဆင္႐ိုင္းအထီးတစ္ေကာင္ေသဆုံးေနတာကိုေတြ႕ရွိခဲ့တာပါ။

“လက္ရွိစစ္ေဆးမႈအရေတာ့ လြန္ခဲ့တဲ့တပတ္က အဆိပ္ရွိတဲ့အေကာင္ အကိုက္ခံရလို႔ ေသဆုံးတယ္လို႔ သိရပါတယ္။ ျပင္ပဒဏ္ရာ ေတာ့မေတြ႕ပါဘူး။ အသက္(၃၈)ႏွစ္ေလာက္ရွိတဲ့ဟိုင္းဆင္ပါ ” လို႔ တင္းေခ်ာင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးဦးေက်ာ္ျမင့္ထြန္းက Delta News Agency ကို အတည္ျပဳ ေျဖၾကားခဲ့ပါတယ္။

ဒီျဖစ္စဥ္က ၂၀၂၀ခုႏွစ္အတြင္း တတိယေျမာက္ ေတာဆင္႐ိုင္း ေသဆုံးမႈ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြင္း သဘာ၀သစ္ေတာ နယ္ေျမေတြမွာ ေတာဆင္႐ိုင္း ခန္႔မွန္းေကာင္ေရ(၁၅၀၀) ခန္႔နဲ႔ အစိုးရႏွင့္ ပုဂၢလိကပိုင္ မွတ္ပုံတင္ထားတဲ့ ဆင္ေကာင္ေရ (၆၀၀၀) ခန္႔ထိရွိပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးမွာေတာ့ ဆင္ေကာင္ေရ(၄၅၀)ေက်ာ္ ရွိၿပီး ျမန္မာႏိုင္ငံမွာ ေတာဆင္႐ိုင္း အမ်ားဆုံးရွိတဲ့ တိုင္းေဒသႀကီးတစ္ခု ျဖစ္တယ္လို႔ သစ္ေတာဌာနမွတ္တမ္းေတြက ေဖာ္ျပထားပါတယ္။

(Unicode)
ငပုတော မြစ်တရာသစ်တောကြိုးဝိုင်းထဲမှာ တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ

၄ ၊ မတ် ၊ ၂၀၂၀။

ပုသိမ်ခရိုင် ငပုတောမြို့နယ်ထဲက မြစ်တရာသစ်တောကြိုးဝိုင်း အတွင်းမှာ မတ်လ(၄)ရက်နေ့လည်ပိုင်းက တောဆင်ရိုင်း တစ်ကောင်သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာနတာ၀န်ရှိသူတွေ ပါ၀င်တဲ့ တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေးအဖွဲ့က ကင်းလှည့် ဆောင်ရွက်ချိန် မြစ်တရာသစ်တောကြိုးဝိုင်းအကွက်အမှတ်(၂၈၈)မှာ တောဆင်ရိုင်းအထီးတစ်ကောင်သေဆုံးနေတာကိုတွေ့ရှိခဲ့တာပါ။

“လက်ရှိစစ်ဆေးမှုအရတော့ လွန်ခဲ့တဲ့တပတ်က အဆိပ်ရှိတဲ့အကောင် အကိုက်ခံရလို့ သေဆုံးတယ်လို့ သိရပါတယ်။ ပြင်ပဒဏ်ရာ တော့မတွေ့ပါဘူး။ အသက်(၃၈)နှစ်လောက်ရှိတဲ့ဟိုင်းဆင်ပါ ” လို့ တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးကျော်မြင့်ထွန်းက Delta News Agency ကို အတည်ပြု ဖြေကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်က ၂၀၂၀ခုနှစ်အတွင်း တတိယမြောက် တောဆင်ရိုင်း သေဆုံးမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း သဘာ၀သစ်တော နယ်မြေတွေမှာ တောဆင်ရိုင်း ခန့်မှန်းကောင်ရေ(၁၅၀၀) ခန့်နဲ့ အစိုးရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားတဲ့ ဆင်ကောင်ရေ (၆၀၀၀) ခန့်ထိရှိပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာတော့ ဆင်ကောင်ရေ(၄၅၀)ကျော် ရှိပြီး မြန်မာနိုင်ငံမှာ တောဆင်ရိုင်း အများဆုံးရှိတဲ့ တိုင်းဒေသကြီးတစ်ခု ဖြစ်တယ်လို့ သစ်တောဌာနမှတ်တမ်းတွေက ဖော်ပြထားပါတယ်။