အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်တည်း လူအယောက် ၄၇၀ကျော် စံချိန်တင် သေဆုံး

၁၉ ၊ မတ္ ၊ ၂၀၂၀။

အီတလီႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မတ္လ ၁၈ ရက္ေန႔ တစ္ရက္တည္း လူအေယာက္ (၄၇၅)ေယာက္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီအေရအတြက္ဟာ တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ပထမဆုံးေတြ႕ရွိတဲ့ ၿပီးခဲ့တဲ့ႏွစ္ေႏွာင္းပိုင္းကတည္းက တစ္ရက္ထဲ ေသဆုံးသူအေရအတြက္ အမ်ားဆုံး ျဖစ္ပါတယ္။

လက္ရွိ အီတလီႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေသဆုံးသူ စုစုေပါင္း (၂,၉၇၈) ေယာက္ရွိလာၿပီး ေရာဂါပိုး စစ္ေဆးေတြ႕ရွိသူ (၃၅,၇၁၃) ေယာက္ ရွိပါတယ္။ အီတလီဟာ မတ္လ ၁၅ ရက္ေန႔ကလည္း တစ္ရက္တည္း လူအေယာက္ ၃၆၈ ေယာက္ေသဆုံးလို႔ စံခ်ိန္တင္ခဲ့ပါေသးတယ္။

ကို႐ိုနာဗိုင္းရပ္ ကူးစက္မႈေၾကာင့္ အီတလီႏိုင္ငံကို ပိတ္ဆို႔ထားတာ ဒုတိယေျမာက္ သီတင္းပတ္ ေရာက္လာခ်ိန္မွာပဲ ႏိုင္ငံတြင္း လူေသဆုံးမႈႏႈန္း ပိုျမင့္တက္လာေနတာပါ။ ယုံၾကည္မႈရွိရွိနဲ႔ အားတင္းထားၾကဖို႔ အီတလီႏိုင္ငံသားေတြကို သက္ဆိုင္ရာ တာဝန္ရွိသူေတြက တိုက္တြန္းထားပါတယ္။

မတ္လ ၁၂ရက္ေန႔ ကတည္းက အီတလီတစ္ႏိုင္ငံလုံးမွာ စီးပြားေရးလုပ္ငန္းေတာ္ေတာ္မ်ားမ်ားကို ရပ္ထားလိုက္ၿပီး လူစုလူေဝးျပဳလုပ္တာေတြကိုလည္း မတ္လ ၂၅ရက္ေန႔အထိ တားျမစ္ထားပါတယ္။

ဒါေပမယ့္ စာသင္ေက်ာင္းေတြ ပိတ္တာနဲ႔ ပရိသတ္မပါဘဲ အားကစားပြဲက်င္းပတာ စတဲ့ ကန္႔သတ္မႈေတြက ဧၿပီလ ၃ရက္ေန႔အထိ အက်ဳံးဝင္တယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လက္ရွိအခ်ိန္ထိ တစ္ကမာၻလုံးမွာ ေသဆုံးသူ စုစုေပါင္းအေယာက္ (၈,၉၀၀) ေက်ာ္ ရွိၿပီး ေရာဂါပိုး စစ္ေဆးေတြ႕ရွိသူ အေယာက္ ၂သိန္းေက်ာ္ရွိပါတယ္။

(Unicode)
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်တည်း လူအယောက် ၄၇၀ကျော် စံချိန်တင် သေဆုံး

၁၉ ၊ မတ် ၊ ၂၀၂၀။

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လ ၁၈ ရက်နေ့ တစ်ရက်တည်း လူအယောက် (၄၇၅)ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီအရေအတွက်ဟာ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးတွေ့ရှိတဲ့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက တစ်ရက်ထဲ သေဆုံးသူအရေအတွက် အများဆုံး ဖြစ်ပါတယ်။

လက်ရှိ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ စုစုပေါင်း (၂,၉၇၈) ယောက်ရှိလာပြီး ရောဂါပိုး စစ်ဆေးတွေ့ရှိသူ (၃၅,၇၁၃) ယောက် ရှိပါတယ်။ အီတလီဟာ မတ်လ ၁၅ ရက်နေ့ကလည်း တစ်ရက်တည်း လူအယောက် ၃၆၈ ယောက်သေဆုံးလို့ စံချိန်တင်ခဲ့ပါသေးတယ်။

ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် အီတလီနိုင်ငံကို ပိတ်ဆို့ထားတာ ဒုတိယမြောက် သီတင်းပတ် ရောက်လာချိန်မှာပဲ နိုင်ငံတွင်း လူသေဆုံးမှုနှုန်း ပိုမြင့်တက်လာနေတာပါ။ ယုံကြည်မှုရှိရှိနဲ့ အားတင်းထားကြဖို့ အီတလီနိုင်ငံသားတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

မတ်လ ၁၂ရက်နေ့ ကတည်းက အီတလီတစ်နိုင်ငံလုံးမှာ စီးပွားရေးလုပ်ငန်းတော်တော်များများကို ရပ်ထားလိုက်ပြီး လူစုလူဝေးပြုလုပ်တာတွေကိုလည်း မတ်လ ၂၅ရက်နေ့အထိ တားမြစ်ထားပါတယ်။

ဒါပေမယ့် စာသင်ကျောင်းတွေ ပိတ်တာနဲ့ ပရိသတ်မပါဘဲ အားကစားပွဲကျင်းပတာ စတဲ့ ကန့်သတ်မှုတွေက ဧပြီလ ၃ရက်နေ့အထိ အကျုံးဝင်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ တစ်ကမ္ဘာလုံးမှာ သေဆုံးသူ စုစုပေါင်းအယောက် (၈,၉၀၀)ကျော် ရှိပြီး ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အယောက် ၂သိန်းကျော်ရှိပါတယ်။

Ref : AFP