ကလေးလုပ်သားကို ဓါတ်ဆီလောင်းမီးရှို့တဲ့ ဆိုင်ရှင်ကို စတင်တရားဆွဲပြီ

၂၄ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀




Unicode

အသက် ၁၃ နှစ်အရွယ်ဆိုင်လုပ်သား ကလေးတစ်ဦးကို ဒီဇယ်လောင်းမီးရှို့ခဲ့သူကို လပွတ္တာမြို့မ ရဲစခန်းမှာ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီက တရားလိုလုပ်ပြီး အမှုဖွင့်လိုက်​ပါပြီ။

လပွတ္တာမြို့၊အမှတ် ၁ ရပ်ကွက်၊ စည်ပင်သာယာလမ်းမှာ ဖွင့်လှစ်ထားတဲ့တုနှိုင်းမမှီ ထမင်းနှင့် ရခိုင်မုန့်တီဆိုင်မှာ မိခင်ဖြစ်သူနှင့်အတူ ဆိုင်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေကို ဖေဖော်ဝါရီ ၁၉ ရက် ည ၁၁ နာရီခန့်က ဆိုင်က ငွေ ၈ သောင်းခိုးယူတယ်ဆိုပြီး စွပ်စွဲပြီးနှိပ်စက်ကာ ဒီဇယ်လောင်းမီးရှို့မှုနဲ့အမှု့ဖွင့်ခဲ့တာဖြစ်​တာဖြစ်ပါတယ်။

ဖြစ်စဉ်အရ ဒေါ်ချိုချိုစန်းကို လပွတ္တာမြို့မ ရဲစခန်းမှ (ပ) ၇၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးမှုများ ပြုလုပ်နေတယ်လို့သိရပါတယ်။