ပြည်ပကနေကြက်သွန်တန်ချိန်တစ်သိန်းကျော်ဝယ်မယ့် အိန္ဒိယ

နယူးေဒလီ
၂၄ ၊ ႏိုဝင္ဘာ ၊ ၂၀၁၉

အိႏၵိယႏိုင္ငံမွာ ျပည္တြင္းၾကက္သြန္‌ေစ်းကြက္ တည္ၿငိမ္ဖို႕ ျပည္ပကေန ၾကက္သြန္တန္ခ်ိန္ေပါင္း တစ္သိန္းႏွစ္ေသာင္း တင္သြင္းမယ့္ အစီအစဥ္ကို ႏိုဝင္ဘာ ၂၀ရက္ေန႔မွာ အစိုးရအဖြဲ႕က ခြင့္ျပဳလိုက္ပါတယ္။ ဝန္ႀကီးအဖြဲ႕ အစည္းအေဝးၿပီးေနာက္ ၾကက္သြန္တင္သြင္းဖို႕ ဆုံးျဖတ္လိုက္တဲ့ အေၾကာင္းကို အိႏၵိယဘ႑ာေရးဝန္ႀကီး နီရ္မာလာ-ဆီသာရာမန္က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။

ၾကက္သြန္ေစ်း စံခ်ိန္တင္ျမင့္တက္လာကို ထိန္းခ်ဳပ္ဖို႕နဲ႕ ျပည္တြင္းစားသုံးမႈ လုံေလာက္ဖို႕ အိႏၵိယအစိုးရက နည္းေပါင္းစုံ ႀကိဳးစားၿပီးတဲ့ေနာက္ အခုလိုရလဒ္ထြက္ေပၚလာခဲ့တာပါ။ ဒါေပမယ့္လည္း လက္ရွိ အိႏၵိယမွာ ၾကက္သြန္လက္လီေစ်းကေတာ့ ျမင့္တက္ေနဆဲပါပဲ။ ႏိုဝင္ဘာ ၂၀ရက္ေန႔ ေပါက္ေစ်းအရ အိႏၵိယၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ၾကက္သြန္အေလးခ်ိန္ ၁ကီလိုဂရမ္ကို ႐ူပီး ၆၀ ရွိပါတယ္။

ၾကက္သြန္ဟာ အိႏၵိယဟင္းလ်ာေတြမွာ မပါမျဖစ္ အမယ္တစ္မ်ိဳးပါ။ အိႏၵိယႏိုင္ငံဟာလည္း ကမာၻ႕ထိပ္တန္း ၾကက္သြန္တင္ပို႔တဲ့ ႏိုင္ငံေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ဒါေပမယ့္ အိႏၵိယႏိုင္ငံမွာ ဆိုးရြားတဲ့ အခုႏွစ္ မုတ္သုံရာသီအတြင္း စိုက္ခင္းေတြ ပ်က္စီးၿပီး အထြက္ႏႈန္း ေလ်ာ႔တာေၾကာင့္ ျပည္ပကို ၾကက္သြန္တင္ပို႔မႈ တားျမစ္လိုက္ပါတယ္။ ဒါ့ေၾကာင့္ အိႏၵိယႏိုင္ငံထဲမွာ ဇူလိုင္ကတည္းက ၾကက္သြန္ေစ်း ႏွစ္ဆေလာက္ တက္ေနခဲ့တာပါ။

လက္ရွိျပည္တြင္းမွာ ၾကက္သြန္မလုံေလာက္တဲ့ ျပႆနာေၾကာင့္ အိႏၵိယဟာ ျပည္ပၾကက္သြန္တင္ပို႕မႈကို ၂၀၂၀ ေဖေဖာ္ဝါရီလအထိ ကန္႕သတ္သြားမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူ႔ဆီက အဓိကၾကက္သြန္ဝယ္ယူေနရတဲ့ အိမ္နီးခ်င္း ႏိုင္ငံေတြမွာလည္း အခက္ေတြ႕ႏိုင္ပါတယ္။ အိႏၵိယဟာ ၂၀၁၈ခုႏွစ္အတြင္းမွာ ၾကက္သြန္ အေလးခ်ိန္ ကီလိုဂရမ္ ၂ ဒႆမ ၂ ဘီလီယံကို ျပည္ပတင္ပို႕ခဲ့တယ္လို႔ အစိုးရ ကုန္သြယ္ေရး အခ်က္အလက္ေတြက ေဖာ္ျပပါတယ္။
Ref : indiatimes

[Unicode]

အိန္ဒိယနိုင်ငံမှာ ပြည်တွင်းကြက်သွန်‌ဈေးကွက် တည်ငြိမ်ဖို့ ပြည်ပကနေ ကြက်သွန်တန်ချိန်ပေါင်း တစ်သိန်းနှစ်သောင်း တင်သွင်းမယ့် အစီအစဉ်ကို နိုဝင်ဘာ ၂၀ရက်နေ့မှာ အစိုးရအဖွဲ့က ခွင့်ပြုလိုက်ပါတယ်။ ဝန်ကြီးအဖွဲ့ အစည်းအဝေးပြီးနောက် ကြက်သွန်တင်သွင်းဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းကို အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီရ်မာလာ-ဆီသာရာမန်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ကြက်သွန်ဈေး စံချိန်တင်မြင့်တက်လာကို ထိန်းချုပ်ဖို့နဲ့ ပြည်တွင်းစားသုံးမှု လုံလောက်ဖို့ အိန္ဒိယအစိုးရက နည်းပေါင်းစုံ ကြိုးစားပြီးတဲ့နောက် အခုလိုရလဒ်ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့်လည်း လက်ရှိ အိန္ဒိယမှာ ကြက်သွန်လက်လီဈေးကတော့ မြင့်တက်နေဆဲပါပဲ။ နိုဝင်ဘာ ၂၀ရက်နေ့ ပေါက်ဈေးအရ အိန္ဒိယမြို့တော်တော်များများမှာ ကြက်သွန်အလေးချိန် ၁ကီလိုဂရမ်ကို ရူပီး ၆၀ ရှိပါတယ်။

ကြက်သွန်ဟာ အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ် အမယ်တစ်မျိုးပါ။ အိန္ဒိယနိုင်ငံဟာလည်း ကမ္ဘာ့ထိပ်တန်း ကြက်သွန်တင်ပို့တဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ ဆိုးရွားတဲ့ အခုနှစ် မုတ်သုံရာသီအတွင်း စိုက်ခင်းတွေ ပျက်စီးပြီး အထွက်နှုန်း လျော့တာကြောင့် ပြည်ပကို ကြက်သွန်တင်ပို့မှု တားမြစ်လိုက်ပါတယ်။ ဒါ့ကြောင့် အိန္ဒိယနိုင်ငံထဲမှာ ဇူလိုင်ကတည်းက ကြက်သွန်ဈေး နှစ်ဆလောက် တက်နေခဲ့တာပါ။

လက်ရှိပြည်တွင်းမှာ ကြက်သွန်မလုံလောက်တဲ့ ပြဿနာကြောင့် အိန္ဒိယဟာ ပြည်ပကြက်သွန်တင်ပို့မှုကို ၂၀၂၀ ဖေဖော်ဝါရီလအထိ ကန့်သတ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ဆီက အဓိကကြက်သွန်ဝယ်ယူနေရတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာလည်း အခက်တွေ့နိုင်ပါတယ်။ အိန္ဒိယဟာ ၂၀၁၈ခုနှစ်အတွင်းမှာ ကြက်သွန် အလေးချိန် ကီလိုဂရမ် ၂ ဒဿမ ၂ ဘီလီယံကို ပြည်ပတင်ပို့ခဲ့တယ်လို့ အစိုးရ ကုန်သွယ်ရေး အချက်အလက်တွေက ဖော်ပြပါတယ်။
Ref : indiatimes

Delta News

Read Previous

ဗီယက်နမ်နိုင်ငံမှာ ပလက်စတစ်သုံးစွဲမှု လျော့ချရေးလှုပ်ရှားမှုစတင်

Read Next

အနာဂတ်မှာ ကိုအာလာဝက်ဝံလေးတွေ ပျောက်ကွယ်သွားတော့မှာလား