ဗီယက်နမ်နိုင်ငံမှာ ပလက်စတစ်သုံးစွဲမှု လျော့ချရေးလှုပ်ရှားမှုစတင်

၁၂၊ ႏိုဝင္ဘာ ၊ ၂၀၁၉
ဗီယက္နမ္ၿမိဳ႕ေတာ္ ဟႏြိဳင္းမွာ အခုလကစၿပီး ပလက္စတစ္အိတ္နဲ႕ တစ္ခါသုံးပလက္စတစ္သုံးစြဲမႈ ေလ်ာ႔ခ် ၾကဖို႕ အဖြဲ႕အစည္းအားလုံးကို တိုက္တြန္းလိုက္တယ္လို႔ ဟႏြိဳင္းၿမိဳ႕ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အရာရွိတစ္ေယာက္က ႏိုဝင္ဘာ ၅ရက္ေန႔မွာ ေျပာပါတယ္။

လူဦးေရ ၈သန္းေက်ာ္ေနထိုင္တဲ့ ဟႏြိဳင္းၿမိဳ႕မွာ တစ္ေန႔ကို ပလက္စတစ္အိတ္နဲ႕ ႏိုင္လြန္အိတ္အမႈိက္ေပါင္း အေလးခ်ိန္တန္ ၈၀ေလာက္ထြက္ပါတယ္။ ဒါ့ေၾကာင့္ ႏိုဝင္ဘာလကစၿပီး ျမိဳ႕ေတာ္အတြင္း ပလက္စတစ္သုံးစြဲမႈ ေလ်ာ့ခ်ေရး အစီအစဥ္ကို ဟႏြိဳင္းၿမိဳ႕ျပည္သူ႕ေကာ္မတီအဖြဲ႕က အတည္ျပဳလိုက္တာပါ။

လြယ္လြယ္ကူကူ မေဆြးေျမ႕ႏိုင္တဲ့အျပင္ ျပန္လည္သန္႔စင္ဖို႕ခက္ခဲတဲ့ ပလက္စတစ္အမ်ိဳးအစားေတြကို သုံးစြဲမႈ ေလ်ာ႔ခ်ဖို႕က ေကာ္မတီရဲ႕ အဓိကရည္မွန္းခ်က္ပါ။ အစိုးရဝန္ထမ္းေတြအေနနဲ႔လည္း မိမိတို႕ရဲ႕ မိသားစုဝင္ေတြကို တစ္ခါသုံးပလက္စတစ္ေတြ မဝယ္ၾကဖို႔ စည္း႐ုံးၾကပါလို႕လည္း ေကာ္မတီက တိုက္တြန္းခဲ့ပါတယ္။

ပလက္စတစ္ေလ်ာ႔ခ်ေရး အစီအစဥ္ကို ဟႏြိဳင္းၿမိဳ႕ ခ႐ိုင္ၿမိဳ႕နယ္ ၁၆ခုက စာသင္ေက်ာင္း ၆၃၇ ေက်ာင္းမွာ လည္း အေကာင္အထည္ေဖာ္သြားမွာ ျဖစ္ပါတယ္။ ဟႏြိဳင္းအေျခစိုက္ သဘာဝပတ္ဝန္းက်င္နဲ႕ လူမႈသုေတသန ဆိုင္ရာစင္တာက ၂၀၁၅ခုႏွစ္ အစီရင္ခံစာတစ္ခုအရ ဟႏြိဳင္းၿမိဳ႕မွာ မီးဖိုေခ်ာင္နဲ႔ အိမ္တြင္းအမႈိက္ တန္ခ်ိန္ ၂၇သန္းေက်ာ္ ထြက္ရွိခဲ့ၿပီး အမႈိက္ထြက္ႏႈန္းဟာ တစ္ႏွစ္ကို ၅ရာခိုင္ႏႈန္းပိုတိုးလာေနတယ္လို႔ သိရပါတယ္။
Ref : vietnamnews

[Unicode]

ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ အခုလကစပြီး ပလက်စတစ်အိတ်နဲ့ တစ်ခါသုံးပလက်စတစ်သုံးစွဲမှု လျော့ချ ကြဖို့ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုက်တယ်လို့ ဟနွိုင်းမြို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရာရှိတစ်ယောက်က နိုဝင်ဘာ ၅ရက်နေ့မှာ ပြောပါတယ်။

လူဦးရေ ၈သန်းကျော်နေထိုင်တဲ့ ဟနွိုင်းမြို့မှာ တစ်နေ့ကို ပလက်စတစ်အိတ်နဲ့ နိုင်လွန်အိတ်အမှိုက်ပေါင်း အလေးချိန်တန် ၈၀လောက်ထွက်ပါတယ်။ ဒါ့ကြောင့် နိုဝင်ဘာလကစပြီး မြို့တော်အတွင်း ပလက်စတစ်သုံးစွဲမှု လျော့ချရေး အစီအစဉ်ကို ဟနွိုင်းမြို့ပြည်သူ့ကော်မတီအဖွဲ့က အတည်ပြုလိုက်တာပါ။

လွယ်လွယ်ကူကူ မဆွေးမြေ့နိုင်တဲ့အပြင် ပြန်လည်သန့်စင်ဖို့ခက်ခဲတဲ့ ပလက်စတစ်အမျိုးအစားတွေကို သုံးစွဲမှု လျော့ချဖို့က ကော်မတီရဲ့ အဓိကရည်မှန်းချက်ပါ။ အစိုးရဝန်ထမ်းတွေအနေနဲ့လည်း မိမိတို့ရဲ့ မိသားစုဝင်တွေကို တစ်ခါသုံးပလက်စတစ်တွေ မဝယ်ကြဖို့ စည်းရုံးကြပါလို့လည်း ကော်မတီက တိုက်တွန်းခဲ့ပါတယ်။

ပလက်စတစ်လျော့ချရေး အစီအစဉ်ကို ဟနွိုင်းမြို့ ခရိုင်မြို့နယ် ၁၆ခုက စာသင်ကျောင်း ၆၃၇ ကျောင်းမှာ လည်း အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဟနွိုင်းအခြေစိုက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုသုတေသန ဆိုင်ရာစင်တာက ၂၀၁၅ခုနှစ် အစီရင်ခံစာတစ်ခုအရ ဟနွိုင်းမြို့မှာ မီးဖိုချောင်နဲ့ အိမ်တွင်းအမှိုက် တန်ချိန် ၂၇သန်းကျော် ထွက်ရှိခဲ့ပြီး အမှိုက်ထွက်နှုန်းဟာ တစ်နှစ်ကို ၅ရာခိုင်နှုန်းပိုတိုးလာနေတယ်လို့ သိရပါတယ်။
Ref : vietnamnews