တော်လှန်သောမွေးနေ့

တော်လှန်သောမွေးနေ့

လူငယ်တွေ တိုင်းပြည်က ထွက်ပြေးနေကြတယ်။ဒီလူကြီးတစ်ယောက်အတွက် ငါတို့အသက်အသေမခံနိုင်ဘူးတဲ့ဥရောပနိုင်ငံကြီးတစ်နိုင်ငံမှာပေါ့။လူငယ်တွေတိုင်းပြည်က ထွက်ပြေးနေကြတယ်အလုပ်လက်မဲ့နဲ့ ငတ်ပြီးအသေမခံနိုင်လို့အနာဂတ်ပျောက်ပြီး ဘဝမမဲ့ချင်ကြလို့အမှောင်ထုထဲမှာ သိမ်လှီခြောက်ကပ်မနေချင်ကြလို့မတရားတဲ့အုပ်ချုပ်မှုတစ်ခုကို လက်မခံနိုင်ကြလို့ တဲ့အရှေ့တောင်အာရှရဲ့ ကမ်းခြေတစ်နေရာမှာပေါ့။နိုင်ငံဆိုတဲ့လှောင်ချိုင့်တစ်ချိုင့်ထဲမှာ ဒီခေတ်မှာ လူတွေကို ထည့်ပိတ်ထားလို့ မရတော့ဘူးမြေကြီးအတွက် သူတို့အသက်တွေကို အလကားတောင်းလို့ မရတော့ဘူးလူတိုင်းဟာ သူတို့ဘဝကို သူတို့ပိုင်တယ် သူတို့အသက်ကိုစွန့်ဖို့လိုရင် သူတို့ဘဝအတွက်စစ်ပွဲတစ်ပွဲလိုရင် အဲဒါသူတို့ရွေးချယ်မှုပဲဖြစ်ရမယ်။ ကြွေးကြော်သံတစ်ခုနဲ့ မိန့်ခွန်းတစ်ခုနဲ့ဘိန်းကြွေးပြီး စစ်ပွဲထဲမောင်းသွင်းလို့ မရတော့ဘူး။ ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမဆိုသူတို့အသက်ရှင်နေထိုင်ခွင့်ရှိကြောင်း၊ လူတစ်ဦးချင်းဟာ ကိုယ့်လွတ်လပ်ရေးကိုကိုယ်စောင့်ရှောက်ခွင့်ရှိကြောင်း ကောင်းကောင်းသိနေကြပြီ။ကမ်းစပ်မှာ လာတင်နေတဲ့ ငါးအသေလေးတစ်ကောင်လို ဆီးရီးယားကလေးငယ်လေးဟာခင်ဗျားတို့နယ်စပ်တွေကို…

Read More
ဝဋ်ကြွေးတော်ပြေ (အန်နိုလာ)

ဝဋ်ကြွေးတော်ပြေ (အန်နိုလာ)

Delta News Agency က ဦးစီးထုတ်ဝေနေတဲ့ နွေဦးပွင့်သစ်မဂ္ဂဇင်း အမှတ် (၁၀) မှာ ဖေါ်ပြထားတဲ့ အန်နိုလာ ရဲ့ “ဝဋ်ကြွေးတော်ပြေ” ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။ ဝဋ်ကြွေးတော်ပြေ မပျော်တဲ့ အကြောင်းတွေပြောရင်း မပျော်ရာမြစ်ကြီးထဲ ငါတို့တွေ စီးနေရတာပါ။ မျက်ရည်တွေ စီးတဲ့ခေတ်မို့ ပင်လယ်ရေ ငန်ရတယ်။ မိုးခါးရေ မသောက်လည်း မိုးခါးရေ စိုရတယ်။ တရားမရအောင် ခါးလှပါတယ် ဘုရားတအောင် မှားကြပါတယ်။ အရှင်ဘုရား… သံသရာဆိုတာ…

Read More
နွေဦးမှတ်တမ်း

နွေဦးမှတ်တမ်း

၂၄ စက်တင်ဘာ ၂၀၂၂ စစ်တပ်ဟာ စစ်တပ်အနေနဲ့ နိုင်ငံတော်အာဏာကို ရယူထားလို့မရတဲ့အတွက်စစ်အာဏာသိမ်းပြီးတိုင်း မှာ အရပ်သားအစိုးရအသွင်ကို ပြောင်းယူကြရတယ်။စစ်အာဏာသိမ်းမှုတစ်ခုပြီးတိုင်း နိုင်ငံရေးဘက်က ကြည့် ရင် စစ်တပ်ရဲ့ တန်ဖိုးဟာ ကျဆင်းသွားပြီးစီးပွားရေးဘက်ကကြည့်ရင် တိုင်းပြည်ရဲ့ တန်ဖိုးဟာ ကျဆင်းသွားတာ တွေ့ရတယ်။ ၁၉၆၂ပထမအကြိမ် စစ်အာဏာသိမ်းမှာ စစ်တပ်ရဲ့ နိုင်ငံရေးတန်ဖိုးက အရမ်း ကျဆင်းမသွားတာကိုတွေ့ရ တယ်။ အဓိကက ကမ္ဘာ့နိုင်ငံရေးရေစီးကြောင့် ဖြစ်တယ်။ စစ်အေးကာလထဲဖြစ်လို့ဆိုဗီယက်ဦးဆောင်တဲ့ တစ်ပါတီပုံစံအုပ်ချုပ်တဲ့ နိုင်ငံတွေဟာ အမေရိကန်ဦး‌ဆောင်တဲ့ဒီမိုကရေစီနိုင်ငံတွေနဲ့ အပြိုင်ရပ်တည်နေနိုင်ကြ…

Read More
မြေပုံအမှတ်သားများထံမှ သတင်းပေးပို့ချက်

မြေပုံအမှတ်သားများထံမှ သတင်းပေးပို့ချက်

(၃၂)စစ်ပွဲချိန်ခွင်လျှာ ၃၀ ၀၉ ၂၂ မကြာသေးခင် တစ်ရက်က လက်ရှိအခြေအနေမှာ PDF တွေကို အားပေးနေတဲ့ EAOတွေဘက်က မြေပြင်မှာ အထိနာနေတယ်ဆိုတဲ့ ပြောကြားချက်တစ်ခု ဖတ်ရပါတယ်။ဘယ်လောက် မှန် မှန်းမသိလို့ မြေပုံ ပေါ်က မှတ်တမ်းတချို့နဲ့တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်။ရခိုင်မှာ စစ်နယ်ဟာ မောင်တောမြောက်ပိုင်း (စခန်း၄ခုသိမ်းထား၊နေရာအနှံ့ နေ့စဉ်တိုက်ပွဲများ ဖြစ်) ကနေ၊ ရသေ့တောင်၊ ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်ထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေတာတွေ့ရပါတယ်။ ပလက်ဝဘက်မှာလည်း အနည်းဆုံး စခန်း…

Read More
ကြည်ဇော်အေးကို လိုက်ပို့ခြင်း

ကြည်ဇော်အေးကို လိုက်ပို့ခြင်း

ဆုံးပြီဆိုတဲ့ စကားဟာ မင်းနဲ့ကျမှ ပြည့်စုံလွန်းနေတယ်။ကြည်ဇော်အေးဆုံးပြီတဲ့။မင်းကိုချစ်တဲ့သူတွေအတွက်တော့ ဘာမှမကျန်အောင် ဆုံးရှုံးလိုက်ရတာပေါ့ကွာ။တစ်နေ့တစ်နေ့ လူတွေက သေနေကြတာပဲ။ ကိုယ်ချစ်တဲ့သူသေမှ၊ကိုယ်တန်ဘိုးထားတဲ့သူ သေမှ၊ လောကကြီးကမတရားဘူး ဘာဘူးလည်းမပြောချင်တော့ပါဘူး။  တကယ်တော့ သေခြင်း တရားဟာ ငါတို့မဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုပဲ။ နောက်ဆုံးအချိန်ထိ ခုခံသွားရုံကလွဲပြီး ငါတို့မှာ ဘာမှ ရွေးချယ်စရာမရှိဘူး။ လက်လှမ်းမမီတဲ့လှည့်ဖျားမှုတွေနဲ့ စိတ်ကိုဖြေသာအောင်လုပ်ရုံပဲ တတ်နိုင်ကြ တယ်။ နောက်ဘဝပဲ ပြောပြော၊ဘုရားသခင်ရှေ့မှောက်ပဲ ပြောပြော၊ ကောင်းကင်ဘုံပဲ ပြောပြော လောလောဆယ်တော့မီးသင်္ဂြုဟ်စက်ထဲ မြေတွင်းအမှောင်ထုထဲ အရင်ပို့လိုက်ကြရတာပဲ။ ပြောစရာက…

Read More
နတ်ကတော်

နတ်ကတော်

“နတ်နှင့် နဂါး မလှည့်စားအပ် ၊ လှည့်စားသမှု ပြုသည်ရှိလျှင်၊ ဘေးအန္တရာယ် ဖြစ်တတ်လွယ်၏”ဒီအိမ်ရှေ့က ဖြတ်သွားတိုင်း၊ အဝတ်စ အနီပေါ်မှာ သင်္ဘောဆေးနဲ့ ရေးထားတဲ့ ဒီစာတမ်းကြီးကိုဖတ် ရတိုင်း ကျီးအာသီးရွာသားတွေ တစ်ချိန်က ဂုဏ်ယူဝင့်ကြွားခဲ့ရဖူးတယ်။ ငါတို့ ရွာမှာနတ်ကတော်ရှိသဟဲ့ ဆိုပြီး ရင်ကော့နေခဲ့ကြဖူးတယ်။ နတ်ကတော်ရှိလျှင် ဘာဖြစ်သတုံးဆို။နတ်ကတော်ရှိရင် နတ်ရှိတာပေါ့။ ရှိတာမှ (၃၇) မင်း အတွင်းရော အပြင်ရော။ဘောလုံးနှစ်သင်းစာလောက် ရှိတယ်။နတ်တွေရှိတော့ ဘာဖြစ်တုန်း။ နတ်တွေက တန်ခိုးရှိတယ်လေ။  အစွမ်းထက်တယ်လေ။ နတ်တွေတန်ခိုးနဲ့…

Read More
စကစ လေကြောင်းရန်က တကယ်စိုးရိမ်စရာလား ဖန်တီးနေတဲ့ Panic Shock လား

စကစ လေကြောင်းရန်က တကယ်စိုးရိမ်စရာလား ဖန်တီးနေတဲ့ Panic Shock လား

အမေရိကန်-ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်ဟာ ၈ နှစ်အတွင်း ဗုံးတန်ချိန် ၈သန်းကြဲချခဲ့ပါ တယ်။ ဒီပမာဏဟာ ဒုတိယကမ္ဘာစစ်အတွင်းက ကြဲချခဲ့တဲ့ဗုံးအရေအတွက်စုစုပေါင်းတန်ချိန်ထက် များတယ်လို့ဆိုပါတယ်။ B 52 မဟာဗျူဟာမြောက်ဗုံးကြဲလေယဉ်ကြီးတွေ အသုံးပြုပြီး အကြိမ်ရေ ၃သောင်းလောက်ကြဲချခဲ့တယ်ဖတ်ရပါတယ်။ ဗီယက်နမ်ရဲ့အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ဝတ်စ်မိုးလင်းက လေကြောင်းကဗုံးကြဲရဟတ်ယာဉ် များစွာ အသုံးပြုပြီး လျှင်မြန်စွာတပ်ရွေ့ပြောင်း၊ တောင်ကုန်းတွေပေါ်မှာလက်နက်ကြီးအခြေစိုက်စခန်း တွေထား ပြီး ရှာဖွေချေမှုန်းဆိုတဲ့ နည်းဗျူဟာကိုအားသာပါတယ်။အသုံးချပါတယ်။ ဝတ်စ်မိုးလင်းရဲ့ နည်းဗျူဟာအစမှာ အောင်မြင်သလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့အချိန်ကြာလာတဲအခါ ဗီယက်ကောင်းပျောက်ကျားတွေဟာ သေးငယ်ကျစ်လစ်တဲ့…

Read More
တော်လှန်​ရေး ဦး​ဆောင်မှုအခန်းကဏ္ဍနဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ အန္တရာယ်

တော်လှန်​ရေး ဦး​ဆောင်မှုအခန်းကဏ္ဍနဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ အန္တရာယ်

နိုင်ငံခြားမှာ အ​ခြေချ​နေတဲ့ (၈၈)အတူ​ တောခို အေဘီရဲ​ဘော်​ဟောင်းငယ်သူငယ်ချင်းက​ အရင်တစ်ပတ်က​ မေးတယ်။ ​ဖေ့စ်ဘုတ်မှာ နိုင်ငံ​ရေးအ​ခြေအ​နေ​တွေမ​ရေး​တော့ဘူးလားတဲ့။ တခြား သူငယ်ချင်း၊ မိတ်​ဆွေတချို့ကလည်း အဲသလို လှမ်း​မေးတာရှိပါတယ်။ တကယ်လည်း ရေးရမှာ စိတ် မပါတာ ရှိသလို။​ရေးပြီးမတင်ဖြစ်ဘဲထားလိုက်တာ​တွေလည်း များလာပါတယ်။ ရေးစရာမရှိလို့ မဟုတ်ဘူး။​ရေးရမှာ လက်တွန့်​နေတာပါ။ တော်လှန်​ရေးကို စိတ်ဓာတ်တက်​ကြွအောင် မ​ရေးဘူး၊ အဆိုးမြင်တယ်ဆိုပြီးအရင်းမသိ၊ အဖျားမသိ​တွေက ဆရာလုပ်ကြမှာ​ရယ်၊ နိုင်ငံအနှံ မြို့​ပေါ်​ရော​၊ ကျေးလက်မှာပါအသက်​ပေးတိုက်ပွဲ ဝင်​နေကြတဲ့ လေးစားစရာ လူငယ်​​လေးတွေ…

Read More
မြန်မာစစ်အာဏာရှင်တွေအပေါ် ဖိအား ပိုပေးသင့်နေပြီဖြစ်တဲ့ ဂျပန်

မြန်မာစစ်အာဏာရှင်တွေအပေါ် ဖိအား ပိုပေးသင့်နေပြီဖြစ်တဲ့ ဂျပန်

တိုကျိုမှာရှိတဲ့ အာဏာပိုင် ပုဂ္ဂိုလ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်နေသူတွေနဲ့ ဆက်ဆံရေးအပေါ် ပြန်လည်ဆင်ခြင် သုံးသပ်ရမယ့်အချိန်ရောက် လာပါပြီ။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်း ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်(AA) တို့ကြား တိုက်ပွဲတွေ တစ်ကျော့ပြန် ပြင်းထန်လာပြီး ၂ လလောက်အကြာ၊ စက်တင်ဘာ၁၆ ရက်မှာ အာဏာသိမ်းစစ်ကောင်စီက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုထောက်ပံ့ရေးဆိုင်ရာ အဖွဲ့ အစည်းတွေကို ရခိုင်မှာရှိတဲ့ မြို့နယ် ၆…

Read More
ထောင်ထဲက စာ (Salmon)

ထောင်ထဲက စာ (Salmon)

Delta News Agency က ဦးစီးထုတ်ဝေနေတဲ့ နွေဦးပွင့်သစ်မဂ္ဂဇင်း အမှတ် (၁၀) မှာ ဖေါ်ပြထားတဲ့ Salmon ရဲ့ “ထောင်ထဲက စာ” ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။ ထောင်ထဲက စာ ခင်ဗျားတို့ဆီ ထောင်တစ်ခုခုကနေလာတဲ့စာ ရဖူးလား ဒါဆို ခင်ဗျားဟာ ခင်ဗျားရဲဘော်တွေ မိသားစုတွေဆီက မျှော်လင့်ချက်တွေကို ထမ်းပိုးလိုက်ရတာပဲ ​ထောင်ကနေ စာတစ်စောင်ရောက်တိုင်း ပုခုံးပေါ်တာဝန်တစ်ခု ရောက်သလိုပါပဲ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်တောင် အထင်ကြီးမိတယ် တာဝန်တွေများလို့လားဆိုတော့…

Read More