တော်လှန်​ရေး ဦး​ဆောင်မှုအခန်းကဏ္ဍနဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ အန္တရာယ်

နိုင်ငံခြားမှာ အ​ခြေချ​နေတဲ့ (၈၈)အတူ​ တောခို အေဘီရဲ​ဘော်​ဟောင်းငယ်သူငယ်ချင်းက​ အရင်တစ်ပတ်က​ မေးတယ်။ ​ဖေ့စ်ဘုတ်မှာ နိုင်ငံ​ရေးအ​ခြေအ​နေ​တွေမ​ရေး​တော့ဘူးလားတဲ့။ တခြား သူငယ်ချင်း၊ မိတ်​ဆွေတချို့ကလည်း အဲသလို လှမ်း​မေးတာရှိပါတယ်။ တကယ်လည်း ရေးရမှာ စိတ် မပါတာ ရှိသလို။​ရေးပြီးမတင်ဖြစ်ဘဲထားလိုက်တာ​တွေလည်း များလာပါတယ်။ ရေးစရာမရှိလို့ မဟုတ်ဘူး။​ရေးရမှာ လက်တွန့်​နေတာပါ။

တော်လှန်​ရေးကို စိတ်ဓာတ်တက်​ကြွအောင် မ​ရေးဘူး၊ အဆိုးမြင်တယ်ဆိုပြီးအရင်းမသိ၊ အဖျားမသိ​တွေက ဆရာလုပ်ကြမှာ​ရယ်၊ နိုင်ငံအနှံ မြို့​ပေါ်​ရော​၊ ကျေးလက်မှာပါအသက်​ပေးတိုက်ပွဲ ဝင်​နေကြတဲ့ လေးစားစရာ လူငယ်​​လေးတွေ စိတ်ဓာတ်ကျ​သွားမှာကိုစိုးရိမ်တာ​ကြောင့်လည်း ​ရေးပြီး မတင်ဖြစ်ပဲ ထားထားခဲ့တာ​​၊ ဖျက်ပစ်လိုက်တာ​တွေ၊ only me ထားတာ​တွေပဲ များ​နေပါပြီ။ ဒါ​ပေမဲ့ အ​တော်စိုးရိမ်စရာ အခြေအ​နေ ဖြစ်လာ​နေလို့ ခု​တော့ နည်းနည်း​တော့​ ပြောပြချင်တယ်။ အခုလို​​ ရေးတာ ဘယ်သူ့ကို ဘယ်အဖွဲ့ကိုမှမလိုမုန်းထားလို့၊ တိုက်ခိုက်ချင်လို့ မဟုတ်ဘဲ၊ တော်လှန်​ရေးအကျိုးကို ဦးတည်ပြီး​ရေးလိုက်ရတာပါ။ ဒါ​ပေမယ့် စကစ​ရော၊ စကစရဲ့ တြိုဂျင်​တော်လှန်​ရေးသမားအ​ယောင်​ဆောင်​တွေက​ရော အ​တော်​တော့ ကြိုက်ကြမှာ​ ဟုတ်ပါဘူး။(သူတို့ကျိတ်လုပ်​နေတဲ့ လူမသိ​စေချင်တဲ့ အစီအစဥ်​တွေမို့) အမျိုးမျိုး ကလန်ကြမှာ ပုံဖျက်​၊ဝေဖန်ကြမှာလည်း  ​မျှော်လင့်ထားပါတယ်။

ကျနော် လွန်ခဲ့တဲ့ မတ်လက​ နိုင်ငံ​ရေးအ​ခြေအ​နေအ​ပေါ်အမြင်​ကို နောက်ဆုံးရေးခဲ့ပါတယ်။ ဆာဆာကာဝါရဲ့ဇင်းမယ်မှာ လုပ်တဲ့ အီးအာအို​တွေနဲ့​ ဆွေး​နွေးပွဲနဲ့ ဆက်စပ်ပြီးအ​ရေးကြီးအချက်​ တချို့ကို ရေးခဲ့တာပါ။ အဲပို့စ်ထဲ တစ်ချက်က စကစ ရဲ့လမ်းပြ​​မြေပုံအဆင့် (၅) ငြိမ်းချမ်း​ရေး လုပ်ငန်း စဥ်ပါ။ အဲဒီထဲမှာ​ရေးခဲ့တာ အဲဒီပွဲဟာစကစအ​နေနဲ့ သူ့ဘက်မှာ အဓိကတိုင်းရင်းသား လက်နှက်ကိုင် အီးအာအို​တွေမပါ​ကြသေးတာမို့ ထပ်ပြီးကြိုးစားတဲ့ အစီစဥ်နဲ့ လက်ရှိ​နွေဦး​တော်လှန်​ရေး ဦး​ဆောင်တပ်​ပေါင်းစု ဖြိုခွဲ​ရေး အဓိက ပလန်ပါပဲ။

အဓိကအ​နေနဲ့ အီးအာအိုထဲ KNU ကို တစ်ခုလုံးဖြစ်​စေ၊ တစိတ်တပိုင်းဖြစ်​စေကွဲထွက်ပြီး သူ့ဘက်ပါလာဖို့နဲ၊ အဓိကနိုင်ငံ​ရေးပါတီ NLD ကို တစိတ်တစ်ပိုင်း  NUCCက​နေဖဲ့ထုတ်ဖို့၊ သူ့​ရွေး​ကောက်ပွဲကို​ ခေါင်းလျှိုဝင်လာဖို့ပါ။ ဒီပို့စ်အထဲမှာ ကျွန်​တော်က​တော့NUCC က​နေ NLD တစ်စိတ် တစ်ပိုင်းက ပဲ့ထွက်သွားနိုင်တယ်​လို့ ရေးထားခဲ့ပါတယ်။အဓိကက​တော့ ​စကစရဲ့ ဗျူဟာက တော်လှန်​​ရေး​ခေါင်းပိုင်းကို ဖျက်ဆီး​ရေး အစီအစဥ်ပါ။ဒါ​ပေမဲ့ ကံ​ကောင်းတာက NLD အ​နေနဲ့​ရွေး​ကောက်ပွဲ ဝင်ပြီး စကစနဲ့ ပူး​ပေါင်းမယ့်(ပြည်တွင်းအုပ်စု)က အားမရှိ၊ မီးစိမ်းမရှိဘဲ ​​​​​​ရှေ့ဆက်တိုးမရ ဖြစ်​နေတာ​ကြောင့်စကစလည်း ဘာမှ ဆက်လုပ်လို့မရ ဖြစ်ခဲ့တယ်။ အာဆီယံကိုယ်စားလှယ်​ရော၊ ဝမ်ယိ​ရောစီစဥ်​နေတဲ့ ​တွေ့ဆုံ​ဆွေး​နွေး​ရေး၊(၂၀၂၃) ရွေး​ကောက်ပွဲ သစ်မှာ NLDပါဝင်လာ​ရေးကြိုးစားမှု အစီစဥ်​တွေ ပျက်ပြီး သူတို့အားလုံး ​​ရှေ့တိုးမရပဲစိတ်ညစ်​နေသွားရတဲ့  အ​ခြေအ​နေပါပဲ။

ဒီအ​ခြေအ​နေ​ကြောင့် စကစဟာ သူ့အစီစဥ်မ​အောင်မြင်​တော့​ပေမယ်လည်းသူ့မူလအစီစဥ် ဖြစ်တဲ့ ​တော်လှန်​ရေး ဦး​ဆောင် တပ်​ပေါင်းစု NUCC က​နေ NLD ပဲ့ထွက်​ရေး၊KNU ပဲ့ထွက်​ရေး ဆက်ပြီးကြိုးစားခဲ့ပါတယ်။  KNU ကို​ စောမူတူး​​ဆေး​ဖောရယ်၊ KNU (PC)ဆိုတာရယ်က​နေ ဆက် ကြိုးစားပါတယ်။ ကြိုးစားပေမဲ့လည်း KNU ကို NUCC က​နေပဲ့ထွက်​ရေးကို ထိထိ​ရောက်​ရောက်​တော့ အခုအချိန်ထိ မလုပ်နိုင်ခဲ့ပါဘူး။ ဒါ​ပေမဲ့မထင်မှတ်ဘဲ သူ့ရည်ရွယ်ချက်တစ်ခု​ကတော့ ​​နောက် (၂) လ (၃)လ အကြာမှာအောင်မြင်မှုရလိုက်ပါတယ်။ အဲဒါက​တော့ NUCC က​နေ NLD တရားဝင်နုတ်ထွက်သွားခြင်းပါ။ ကျနော်တို့က တစ်စိတ်တစ်ပိုင်း ပဲ့ထွက်မယ် မှန်းထား​ပေမဲ့၊ ပါတီတစ်ခုလုံးပြုတ် ထွက်သွားတာပါ။ ကံမ​ကောင်းတဲ့တိုက်ဆိုင်မှု အဖြစ်ပျက်တစ်ခုလို့ပဲသ​ဘောထားခဲ့ပါတယ်။ ဒီအဖြစ်ဟာ အကြမ်းဖက် စကစအတွက်​တော့ အကြီးအကျယ်အမြတ်ထွက်သွားခဲ့ရတာ​တော့ ဘယ်သူမှ ငြင်းမရပါဘူး။ ​

နောက်ပြီး သူ့စီမံကိန်းကို ​ရှေ့ဆက် တိုး​တော့တာပါပဲ။ NLD ဟာ NUCC အဖြစ်စတင်စုစည်းခဲ့ တဲ့ ပါတီ (၂ )ခုထဲက(၁) ခုဖြစ်ပါတယ်။ ကျန်ပါတီက​တော့ DPNS ပါတီပါ။အ​ရေးကြီးဆုံး နိုင်ငံ​ရေး ပါတီ NLD ဟာ NUCC ကအ​ကြောင်းပြချက်တချို့နဲ့မဟာမိတ်သ​ဘောပဲ​ နေ​တော့မယ် NUCC အဖွဲ့ဝင်အဖြစ် မပါ​တော့ဘူးဆိုကာနုတ်ထွက်ခဲ့တာပါ။ NLD စာတမ်းတစ်ခု​​ ဂယက်​​ကြောင့်လို့ ​ဝေဖန် တာရှိသလို၊ အချို့ရဲ့သုံးသပ်ချက်က​တော့ NUCC ထဲမပါဝင်​တော့တာဟာ တစ်ချိန်မှာ ပါတီ​ခေါင်း​ဆောင်ပိုင်း​တွေထောင်ကပြန်လွတ်တဲ့အချိန်အတွက် ပလက်​ဖောင်းတစ်ခုအဖြစ်ပါတီ ရှိ​နေဖို့လိုတဲ့စိုးရိမ်မှု​တွေ​ကြောင့် ဖြစ်နိုင်မယ်လို့ မှန်းဆကြပါတယ်။ ဒီသုံးသပ်ချက်​တွေ မှန်တယ် မှားတယ်မ​ပြော လိုပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တကယ်တမ်း NUCC ကို ဦး​ဆောင်ခဲ့တဲ့ အ​ရေးကြီးဆုံး ပါတီကြီးတစ်ခုအ​နေနဲ့ NUCC တပ်ပေါင်းစုထဲ နိုင်ငံ​ရေးစည်းရုံးမှု​တွေ တိုးချဲ့ပြီး လက်ရှိထက်ပါတီ​တွေ၊ နိုင်ငံ​ရေး အင်အားစု​အသစ်​တွေကို ထပ်တိုးပြီး အား​ကောင်း​မောင်းသန်စည်းရုံးစုစည်း ဦး​ဆောင်ရမယ့် အချိန် မှာမှ နှုတ်ထွက်လိုက်တာ​ကြောင့် အားမတိုးဘဲ​လျော့သွားခဲ့ပါတယ်။ ပြည်သူ​နဲ့​တော်လှန်​ရေးအင်အားစု​တွေလည်းစိတ်မ​ကောင်းဖြစ်ခဲ့ကြရပါတယ်။  CRPH အ​နေနဲ့​တော့ NUCC မှာဆက်ရှိ​နေမှာပါလို့​တော့ပြည်သူကို နှစ်သိမ့်​ပေးခဲ့ပါတယ်။ ဒီအ​ခြေအ​နေမှာပဲ စကစ အကြမ်းဖက် အုပ်စုဟာဒီအ​ခြေအ​နေကို တော်လှန်​ရေး ဦး​ဆောင်မှုပိုင်း ဖြိုခွဲဖျက်ဆီး​ရေးဆိုတဲ့ သူတို့ရဲ့လုပ်ငန်းစဥ်အတွက် အများကြီး အခွင့်အ​ရေး​တွေရလာခဲ့တယ်။

တော်လှန်​ရေးဦး​​ဆောင်မှုချည့်နဲ့ ဖြိုခွဲ​ရေးအတွက် ရှေ့ဆက်တိုးခဲ့ကြ ပါတယ်။ လက်ကျန် CRPH ကိုလည်း NUCC က ထပ်ပြီး နုတ်ထွက်​ရေး၊ အီးအာအိုအဖွဲ့​တွေထဲက လည်း ထပ်ပဲ့ထွက်နိုင်​ရေး အကြီးကျယ် ဆက်ပြီး ကြိုးစားမယ့်ပုံ ရှိပါတယ်။အခုအချိန်အထိလည်း KNU ကို နည်းလမ်း​ပေါင်းစုံနဲ့ ပဲ့ထွက်ဖို့ စည်းရုံး​​နေပေမယ့် စကစ ဟာမ​အောင်မြင်ခဲ့ပါဘူး။ အဲဒီ အချိန်မှာ​တော့ NUCC ထဲက နဂိုလ်သ​ဘောထားကွဲလွဲမှုအဖုအထစ်ရှိခဲ့တဲ့ NLD ပါတီ၊ CRPH နဲ့ တစ်ဖက်က သပိတ်အင်အားစု၊အရပ်ဖက်အဖွဲ့စည်းအင်အားစု​တွေကြား ပိုပြီး​​သွေးကွဲဖို့ အမျိုးမျိုး သပ်လျှို​သွေးခွဲတာ၊သွေးထိုး​မြှောက်ပင့်​​ ပေးတာ​တွေ ဆက်လုပ်လာနိုင်ပါတယ်။ တကယ်တမ်း​တော့အရပ်ဘက်အဖွဲ့ထဲက အချို့မှာ ပြဿနာ အခံ​လေး​တွေ ရှိနိုင်​ပေမဲ့ ပြဿနာကြီးကြီးမားမားမရှိခဲ့ဘူးလို့ မှန်းဆရပါတယ်။ ​တော်လှန်​ရေးမျက်နှာကို ကြည့်ပြီး ပြန်ညှိနှိုင်း ညီညွတ်လို့ရနိုင်မယ့်အ​ခြေအ​နေရှိ​ပေမဲ့ အ​စေးမကပ်​အောင် အမျိုးမျိုး သပ်လျှို​သွေးခွဲ​နေအုံးမှာပါ။

NLD ဟာလူထု​ ရွေးခံရတဲ့သူတွေ လက်ဂျစ်တမက်စီ အပြည့်ရှိသူ​တွေဖြစ်လို့၊ဘာမှနိုင်ငံ​ရေး မရှိ လူထုမ​ရွေးတဲ့သူ​တွေနဲ့ တန်းတူ မဖြစ်သင့်ဘူး၊ (လက်မတွဲသင့်ဘူးလို့​ပြောချင်တာ) အဲဒီလို ​သွေးထိုး​မြှောက်ပင့် သပ်လျှို​သွေးခွဲမှု​တွေလည်း ရှိ​နေကြတယ်။CSO ​တွေ၊ နိုင်ငံ​ရေးနားမလည်ဘူး ​နေရာလာဦးတယ်ဆိုတဲ့ စွပ်စွဲချက်​တွေကလည်းမသိတဲ့သူ​တွေဖို့ ပိုအထင်မှား​အောင် လုပ်သလိုပါပဲ။ အဲဒီစွပ်စွဲချက်ထဲကလို အရပ်ဖက်အဖွဲ့တစ်ခုတ​လေ ရှိနိုင်​ပေမဲ့ NUCC ထဲ ပါ​နေတဲ့ အဓိကအရပ်ဖက် အဖွဲ့​တွေ၊ သပိတ်အဖွဲ့​တွေဟာ၈၈ ကာလ ၉၆ ကာလ နိုင်ငံ​ရေးလှုပ်ရှားမှု​တွေထဲက ဦး​ဆော​င်ပါဝင်ခဲ့သူ​တွေ၊ N LDအတိုက်အခံဘဝက အမာခံ​နိုင်ငံ​ရေးပါတီဝင်​တွေသာ များပါတယ်။ အများစုက နိုင်ငံ​ရေးဖြတ်သန်းမှုအ​တွေ့အကြုံရှိတဲ့ သူ​တွေပါ။ ထားပါ​တော့ ဒီကိစ္စ​တွေ​နောက်မှ​သပ်သပ်​ဆွေး​နွေးတာ​​ ကောင်းပါတယ်။

အဲဒီလို အ​ခြေအ​နေမှာ အကြမ်းဖက်စစ်အုပ်စုကို ဘုံရန်သူအဖြစ် သတ်မှတ်စုစည်းထားတဲ့ တပ်​ပေါင်းစုပုံစံ တည်ရှိ​နေတဲ့  NUCC ကို ထပ်မံ ဖြိုခွဲ​ရေးနဲ့၊ လုံးလုံးမပြိုကွဲရင်​တောင် ဘာမှ​ရှေ့ဆက် ထိထိ​ရောက်​ရောက် အလုပ်မလုပ်နိုင်​ရေး၊ အဖွဲ့တွင်းမှာအချင်းချင်း မညီမညွတ်ဖြစ်​ရေး အပြန်အလှန် အားပြိုင်​နေ​ရေး​တွေဖြစ်ဖို့ နည်း​ပေါင်းစုံလက်​ပေါင်းစုံနဲ့ ဆက်ပြီး သပ်လျှို​သွေးခွဲဖို့ ကြိုးစားလာတဲ့ ပုံစံ​တွေလည်း ရှိ​နေပါတယ်။NUCC ဟာ ပထမအကြိမ် ညီလာခံအပြီး မဟာမိတ် အင်အားတိုးချဲ့မှုနဲ့အား​ကောင်း​မောင်းသန် လုပ်ငန်း​ဆောင်ရွက်မှု​တွေ ဘာမှဆက်မလုပ်နိုင်ခဲ့သလိုဒုတိယအကြိမ် ညီလာခံ​ကို တောင် မ​ခေါ်နိုင်ဘဲ သူ့ပြဿနာနဲ့သူ အတွင်းမှာပဲ အလုပ်ရှုပ်တိုင်ပတ်​နေတဲ့ ပုံစံ ဖြစ်လာတယ်လို့ မြင်ပါတယ်။ စကစ ဖြစ်​စေချင်သလိုပုံစံဖြစ်လာ​နေတယ်လို့ သုံးသပ်ရမယ့်ပုံပါပဲ။

ထူးခြားတာက​တော့ NUG နဲ့ NUCC က​နေ အသွင်ကူး​ပြောင်း​ရေးကာလဖွဲ့စည်းပုံ​ရေးဆွဲ​ရေး လုပ်ငန်း​ကို​ကြေညာလိုက်ချိန်မှာ စကစဟာ ပိုပြီးစိုးရိမ်လာမှု​ကြောင့်အဲဒီလုပ်ငန်းစဥ်ကို တကယ် အ​ကောင်အထည်​​ဖော်​ရေး အလုပ်မဖြစ်လာ​အောင်တော်လှန်​ရေးဦး​ဆောင်မှု ပြိုကွဲ​ရေးဆိုတဲ့ သူ့အစီ အစဥ်ကို နည်း​လမ်းပေါင်းစုံနဲ့ ထိုးနှက်၊ တိုက်ခိုက်မှု​တွေ ဆက်လုပ်လာမယ့်အ​ခြေအ​နေရှိ​နေတာပါပဲ။ နဂိုအက်​ကြောင်းက​နေ ထပ်ပြီး​သွေးကွဲပြိုကွဲ​အောင်အသွင်ကူး​ပြောင်း​ရေးကာလ ဖွဲ့စည်းပုံ မ​ပေါ်​ပေါက်လာ​ရေးကို ဆက်ပြီး​နှောက်ယှက်မယ့်အရိပ်အ​ယောင်တွေလည်း ​ပေါ်လာပါပြီ။ ​တော်လှန်​ရေး ဦး​ဆောင်မှုပိုင်း ပြိုကွဲ​ရေး၊ချိနဲ့သွား​ရေး အလွန်စိုးရိမ်စရာ အ​ခြေအ​နေတစ်ခု​ ရောက်ရှိ​နေပြီလို့ သတိ​ပေးချင်ပါတယ်။

တကယ်​တော့ ​မြို့ပြ​ကျေးလက် ​မြေပြင်သပိတ်​တွေနဲ့ လူငယ်​တွေများစွာ​နေ့စဥ်အဖမ်းဆီးခံပြီး ကြံ့ကြံ့ခံ ​စွန့်စား​နေသူ​တွေ၊ ​တောထဲ​၊ တောင်ထဲ လက်နှက်ရရှိ​ရေး၊ထုတ်လုပ်​ရေး နဲ့ တိုက်ပွဲ​တွေတိုက် ပြီး ​နေ့စဥ် အသက်စွန့်​လှူနေရတဲ့ လူငယ်​တွေကိုစစ်အုပ်စုက အပြင်းအထန် ရင်ဆိုင်​နေရချိန်မှာ၊ ​တော် လှန်​ရေး ဦး​ဆောင်မှုပိုင်းကို​တော့စကစက စနစ်တကျ နည်းလမ်း​ပေါင်းစုံသုံးပြီး ဖဲ့ချဖြိုခွဲ​မှု တစတစ ရနေပါတယ်။​မြေပြင်တိုက်ပွဲ​တွေ ​အောင်ပွဲ​တွေဟာ နိုင်ငံ​ရေး ဦး​ဆောင်မှု​ကောင်းမရှိရင် ထိ​ရောက်သင့်သ​လောက် မထိ​ရောက်နိုင်​တော့ပါဘူး။ ​ဘောပွဲစကားနဲ့ ​ပြောရင်​တော့ တိုက်စစ်၊ ခံစစ်​တွေဘယ်​လောက်​ကောင်း​ကောင်း ဖစ်နစ်ရှင်း မ​ကောင်းရင် အလာဟဿ ဖြစ်ရသလို၊ဘယ်​လောက်ပဲ တိုက်ပွဲ​​တွေရရ၊ တစ်နည်းအားဖြင့် အောင်ပွဲပန်းတိုင် မသိမ်းပိုက်​နိုင်ရင်​တော်လှန်​ရေးကြံ့ကြာပြီး  အခက်ရှိနိုင် တာကို စကစဟာ ဗျူဟာတစ်ခုလိုစနစ်တကျကောင်း​ကောင်း အသုံးချ​ပြီး ဦး​​ဆောင်မှုပိုင်းကို ဖဲ့ဖြို​နေ ပါပြီ။

ဒီနှစ်ကုန် ​ရှေ့နှစ်ဆန်းစမယ့် စကစရဲ့ မတရားမလွတ်လပ်တဲ့ ဟန်ပြ​ရွေး​ကောက်ပွဲနဲ့လည်း NUCC ဖဲ့ချပြိုကွဲ​ရေး စကစ အစီစဥ်ဟာ အ​သေအချာချိတ်ဆက်​နေပါတယ်။ (အခြားအချက်များ လည်းရှိ​သေး​​ပေမဲ့ ဒီ​နေရာမှာမ​ဆွေး​နွေး​တော့ပါ)တော်လှန်​ရေးဟာ ပြည်သူ​တွေ လူငယ်​တွေ အသက်​ပေါင်းများစွာ အိုးအိမ်​နဲ့ကျေးရွာ​ပေါင်း များစွာ စွန့်လွှတ် ရင်းနှီးပြီး ဆင်နွဲ​နေကြရတာပါ။ နိုင်ငံတကာ​ရောက်မြန်မာ​တွေ​ရော ပြည်တွင်း​နေသူ​တွေ​ရော လူများစုကြီးက ​​ချွေးနှဲစာ​တွေနဲ့ ​ထောက်မ၊ပံပိုးပြီး​ တန်ဘိုးကြီးစွာ​ ရှေ့ဆက်​နေရတာပါ။ ဘယ်လိုမှ အဆုံးရှုံးမခံနိုင်​တော့တဲ့တော်လှန်​ရေးပါ။ ဒီလိုအချိန်မှာ ကိုယ့်အဖွဲ့သူ့ အဖွဲ့ ဦး​ဆောင်​မှုရရေး အသာစီး
နေရာရယူ​ရေး​တွေကို ဘယ်လိုမှ ​​​ရှေ့တန်းတင် ဦးစားမ​ပေးသင့်တဲ့ အ​ခြေအ​နေပါ။

စကစရဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ ​တော်လှန်​ရေးဦး​ဆောင်မှုပိုင်း ချိနဲ့ဖြိုခွဲ​ရေးကိုဘယ်လိုနည်းနဲ့မှ မဖြစ်​အောင်၊ မ​အောင်မြင်​အောင် အားလုံးက ဝိုင်းထိန်းကြဖို့ ​တော်လှန်​ရေးဦး​ဆောင်မှု အပိုင်းမှာပါ​နေသူ ကာယကံရှင် အဖွဲ့အစည်းတိုင်းက တာဝန်ရှိပါတယ်။အဖွဲ့အစည်းတိုင်းက ဒီအချိန်မှာ ညီညွတ်​ရေးကိုသာ အ​ဓိကလေးထားပြီးသတိပြုကြရမယ့်အချိန်ပါ။ အကြမ်းဖက် စစ်အုပ်စုဖြစ်​စေချင်တဲ့ သူ့ပလန်ကိုကိုယ်ကျိုးအတ္တ​တွေ​၊ ကိုယ့်အဖွဲ့စည်းအတ္တကြောင့် ဝိုင်းကူ​ပေးတဲ့ သ​ဘောမျိုး မဖြစ်ကြဖို့အားလုံးကြိုးစားဖို့ တာဝန်ရှိပါတယ်။ စကစ လုပ်​နေတဲ့ အစီစဥ်ကို ကိုယ်ကပါပါပြီးဖြစ်​အောင်လုပ်ခဲ့ ရင်​​တော့ ​တော်လှန်​ရေး သစ္စာ​ဖောက်သူ​တွေလို့သမိုင်းကမှတ်​တမ်းတင်တာ မလွဲမ​သွေ ခံကြရမှာပါပဲ။

​လေးစားစွာဖြင့်

ဆန်နီ