ဝဋ်ကြွေးတော်ပြေ (အန်နိုလာ)

Delta News Agency က ဦးစီးထုတ်ဝေနေတဲ့ နွေဦးပွင့်သစ်မဂ္ဂဇင်း အမှတ် (၁၀) မှာ ဖေါ်ပြထားတဲ့ အန်နိုလာ ရဲ့ “ဝဋ်ကြွေးတော်ပြေ” ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။

ဝဋ်ကြွေးတော်ပြေ

မပျော်တဲ့ အကြောင်းတွေပြောရင်း
မပျော်ရာမြစ်ကြီးထဲ ငါတို့တွေ စီးနေရတာပါ။
မျက်ရည်တွေ စီးတဲ့ခေတ်မို့
ပင်လယ်ရေ ငန်ရတယ်။
မိုးခါးရေ မသောက်လည်း
မိုးခါးရေ စိုရတယ်။
တရားမရအောင် ခါးလှပါတယ်
ဘုရားတအောင် မှားကြပါတယ်။
အရှင်ဘုရား…
သံသရာဆိုတာ တစ်ပတ်မပြည့်သေးဘူးလား။

အန်နိုလာ

Oct 11 2022