နိုင်ငံတကာရေးရာ

နျူစွမ်းအင်သုံး ဟိုက်ပါဆွန်းနစ် ဒုံးကျည် တရုတ်စမ်းသပ်လွှတ်တင်

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ တရုတ်နိုင်ငံရဲ့ ဩဂုတ်လအတွင်းက စမ်းသပ်ပစ်လွှတ်တဲ့ စွမ်းရည်မြင့် နျူကလီးယားဒုံးကျည်ကြောင့် အမေရိကန်ထောက်လှမ်းရေးတွေ အံ့အားသင့်ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ် ၅ ခုကို အခြေခံပြီး Financial Times သတင်းဌာနက အစီရင်ခံဖော်ပြပါတယ်။ ဒီအစီရင်ခံစာဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့ပေါ်စစ်ကား၁၀စီးထက်မနည်း ရောက်ရှိ အင်အားဖြည့်

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ ဒီနေ့မနက်၈နာရီကျော်ကစလို့ ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်ကို စစ်ကား၁၀စီးထက်မနည်းရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။ စစ်ကား၁၀စီးစလုံးဟာ မနက်ပိုင်း ၁၁နာရီခွဲအချိန်ထိ ခရမ်းမြို့ပေါ်မှာရှိနေပြီး ပိတ်ဆို့စစ်ဆေးနေတာကလွဲပြီး ဖမ်းဆီးတိုက်ခိုက်တာမျိုးမရှိသေးဘူးလို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ယမန်နေ့ညဦးပိုင်းက ခရမ်းမြို့ပေါ်အားကစားရုံနား စစ်ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေး ဖြေရှင်းဖို့ အရှေ့တောင်အာရှကို အမေရိကန်အဖွဲ့လာမယ်

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့အတွက်အမေရိကန်အစိုးရရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အခုအပတ်အ တွင်းထိုင်း၊စင်ကာပူနဲ့ အင်ဒိုနီးရှားကို ရောက်ရှိလာမယ်လို့သိရပါတယ်။ အဲဒီကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အကြံပေး Derek Chollet ကဦးဆောင်မှာဖြစ် ပြီး ဂျပန်နိုင်ငံကိုလည်းဝင်မယ်လို့ South Asia’s Leading Multimedia News [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့ပေါ် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် Mytel တာဝါတိုင် မီးရှို့

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်က အားကစားရုံးနားမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးမကြာမီ စစ်အုပ်စုပိုင် Mytel တာဝါတိုင် မီးရှို့ခံလိုက်ရတယ်လို့သိရပါတယ်။ ယမန်နေ့ည ၆နာရီ၃၆မိနစ်မှာ အားကစားရုံအနီးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ထပ်မိနစ်၂၀ခန့်အကြာမှာ ကွမ်းမိုးဒိန်းရပ်ကွက်ရှိ Mytelတာဝါတိုင်မီးရှို့ခံရတယ်လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။ ‘ခရမ်းအားကစားရုံနားမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲကနေ ၅​ပေ​ကျော် ရေကျော်ကျနေ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ပွင့်ဖြူမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကြီးအုံကြီးဝတမံ ရေပိုလွှဲကနေ ၅ဒသမ၇ပေခန့်အထိ ရေကျော်ကျနေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၇ရက်နေ့မှာ ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုများပြားပြီး တမံရေပြည့်မှတ် ၃၄၀ပေထက်ကျော်လွန်ကာ ရေပိုလွှဲကနေ ကျော်ကျနေတာကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားလာမှာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမှာ စစ်အုပ်စု နုတ်ထွက်စာတင်ခိုင်းထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူ့အမွှာကို အသတ်ခံရ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ မုံရွာမြို့ ကျောက္ကာမြောက်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက နုတ်ထွက်စာအကြိမ်ကြိမ်တင်ခိုင်းထားတဲ့ အုပ်ချုပ်ရေးမှူး ကိုညီညီဝင်းနဲ့ သူ့အမွှာအစ်ကိုဖြစ်သူကို အမည်သူအဖွဲ့က သေနတ်နဲ့လာရောက် ပစ်သတ်ခဲ့ပါတယ်။  CDMသဘောမျိုးလုပ်နေတဲ့ ကျောက်က္ကာမြောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုဝင်းဟာ အောက်တိုက်ဘာလ ၁၇ရက်နေ့ မနက်ပိုင်းမှာ သူ့အမွှာအစ်ကိုဖြစ်သူနဲ့ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ရာသီတုပ်​ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်လာတာ ဘာ​ကြောင့်လဲ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ မလုံခြုံတဲ့ခေတ်အခြေအနေနဲ့ လျော့ပါးနေတဲ့ဝင်ငွေကြောင့် ရာသီတုပ်ကွေးဖြစ်ပွားမှုနှုန်းဟာ ဒီလထဲမှာ ဆက်လက်မြင့်တက်နေတယ်လို့ ရန်ကုန်အခြေစိုက်ကျန်းမာရေးဝန်ထမ်းတစ်ဦးကသုံးသပ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ခြိမ်းခြောက်မှုမျိုးစုံကိုခံနေရတဲ့ပြည်သူတွေဟာ စိတ်ဖိစီးမှုအခြေအနေတွေအရ ညဘက် အိပ်မပျော်တဲ့ပြဿနာနဲ့ရင်ဆိုင်နေရသလို အလုပ်အကိုင်မရှိခြင်းနဲ့ ဝင်ငွေ သိသာစွာလျော့ပါးသွားတဲ့ဒဏ်ကို လည်း ရင်ဆိုင်နေရတာကြောင့် အာဟာရပြည့်ဝတဲ့အစားအစာကို မစားနိုင်တော့ဘူးလို့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

မက်ဆီနဲ့ စီရော်နယ်ဒိုမရှိတော့ပေမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ပြိုင်ဆိုင်မှု အားကောင်းနေဆဲ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ရီးရဲလ်မက်ဒရစ် ဝါရင့်တိုက်စစ်မှူး ဘန်ဇီးမားက လာလီဂါမှာ မက်ဆီနဲ့ စီရော်နယ်ဒို မရှိတော့ပေမယ့် အခါးသီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ပြိုင်ဆိုင်မှုကတော့ အားကောင်းနေဆဲလို့ဆိုပါ တယ်။ အရင်က စပိန်လာလီဂါမှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နှစ်ပတ်တာအတွင်း KNUနဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၂၀ကျော် သေ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ကရင်အမျိုးသားအစည်းအရုံး ၊KNUထိန်းချုပ်နယ်မြေအတွင်းမှာ အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၄ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLA ၊ KNDOတို့အကြား တိုက်ပွဲပေါင်း ၉၂ပွဲအထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂၆ဦးသေဆုံးကာ KNLAက ၂ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းပြီးနောက် ခရမ်းမြို့ပေါ် စစ်ဆေးမေးမြန်းဆက်တိုက်ကြမ်းလာ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်ဆေးမေးမြန်းမှုတွေကို ဆက်တိုက်ပြု လုပ်လာတယ်လို့သိရပါတယ်။  အောက်တိုဘာ၁၃ရက်နေ့ကစပြီး ခရမ်းမြို့နယ်ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုခန့်ရပ်ကျေးအုပ်ချုပ်ရေး မှူးလုံးဝကင်းစင်တဲ့ မြို့အဖြစ် စံချိန်တင်ခဲ့ပြီးနာက် ခရမ်းမြို့ပေါ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို လဲလှယ်ခဲ့ပါတယ်။ အသစ်ရောက်လာတဲ့စစ်တပ်ဟာ [ဆက်လက်ဖတ်ရှုရန်]