မြန်မာ့အရေး ဖြေရှင်းဖို့ အရှေ့တောင်အာရှကို အမေရိကန်အဖွဲ့လာမယ်

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့အတွက်အမေရိကန်အစိုးရရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အခုအပတ်အ တွင်းထိုင်း၊စင်ကာပူနဲ့ အင်ဒိုနီးရှားကို ရောက်ရှိလာမယ်လို့သိရပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အကြံပေး Derek Chollet ကဦးဆောင်မှာဖြစ် ပြီး ဂျပန်နိုင်ငံကိုလည်းဝင်မယ်လို့ South Asia’s Leading Multimedia News Agency(ANI) ကဖော်ပြပါတယ်။

ဒါဟာမကြာမီကျင်းပတော့မယ့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မရတဲ့အထိ  မြန်မာအကြမ်း ဖက်စစ် အုပ်စု ခေါင်း ဆောင် မင်းအောင်လှိုင် အထိနာခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို သံတမန်ရေးထိုးစစ်တွေ အား ကောင်း လာအောင် အမေရိကန်အစိုးရက ဆောင်ရွက်ခြင်းဖြစ်နိုင်တယ်လို့ နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက သုံးသပ် ပါတယ်။

‘စစ်အုပ်စုဟာ ပြည်တွင်းမှာလည်း ဒီနေ့ထိတိုင်သူတို့အုပ်ချုပ်ယန္တယားကို မတည်နိုင်သေးရုံတင်မကဘူး။ခရမ်း မြို့ မှာဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအကုန်လုံးနုတ်ထွက်သွားတဲ့အထိ ပြိုကျနေတယ်။မြို့ပြပြောက်ကျားတပ် တွေရဲ့ ပြောက်ကျားတိုက်ခိုက်တဲ့ဒဏ်ကိုလည်း ဆက်တိုက်ခံနေရတယ်။ပြည်ပမှာကျတော့လည်း သူတို့အားကိုးခဲ့ တဲ့ အာဆီယံကတောင် ဒဏ်ခတ်နေပြီဆိုတော့ စစ်အုပ်စုအတွက် ဆုပ်ကိုင်စရာ အင်မတန်နည်းလာပြီ’လို့သူက ပြောပါတယ်။

ဒါပေမဲ့ စစ်အုပ်စုဟာ ပြည်သူဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ၂၀၂၀ရွေးကောက်ပွဲရလဒ်ဆီ ပြန်သွားဖို့ရာ လမ်းမမြင် ဘူးလို့လည်း သူကဆိုပါတယ်။